Jun 25, 2011

နွေဦး နှင်းတို့ဖြင့် ကြွင်းရင်း...


















ကြိုးတကာမှာ
မမြင်ရတဲ့ ကြိုးတွေဟာ ပိုမို ထူထဲနေကြ...
အပင်တပင်ကို ပျိုးမိတဲ့ အခိုက်အတန့်ကျမှ
ရေလောင်းပေါင်းသင်ရတဲ့အကြောင်းကို
ကောင်းကောင်း လေ့ကျက်မိ...
အတ္တနှင့် ထိတွေ့လိုက်မိသော အရာအားလုံး
မိုးဦးကျ ပန်းပွင့်များလိုလို
စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း
လန်းရင်း... လွင့်ရင်း...
မနက်ခင်းကို ဆွဲဖွင့်လိုက်မိသော လက် အစုံမှာ
အပြာရောင် မှုန်နံ့သာအလွမ်း အစအနများဖြင့် ပေကျံစွန်းထင်းလျက်...
နှင်း မမှုန် ဆောင်း မရောက်ရသေးသော်ငြား
နှလုံးသား တံခါးပေါက်မှာ ရေခဲများ ကျောက်ဖြစ်ရုပ်ကြွင်း ဖြင့်သာ...
သည်လိုနဲ့ပဲ
အရာရာမှာ နောက်ကျနေခဲ့တဲ့ နွေဦးဟာ...
မောင်ပေါ့...
သစ်ရွက်ကလေးတရွက်ကြွေကျသွားမယ်ဆိုတာ မသိခဲ့ဘူး...

atn

1 comment:

လင်းဒီပ said...

အရာရာမှာ နောက်ကျခဲ့သူ နွေဦးဟာ မောင်ပေါ့ :))