Jul 9, 2011

ခုရက်တွေထဲမှာ... ကျနော်... ဘာမှ လုပ်လို့ မရဘူး... မေမေ... မေးခွန်းလေး တခုပဲ... အတွေးထဲ ရောက်ရောက်နေတယ်...


ယခုရက်များထဲ... ကံဆိုးမှု တိမ်တိုက်များ... ဝေးလွင့်သွားသည့် အကြောင်း... ချစ်သူ-မုန်းသူများကို ကျနော် ပြောကြားရဦးမည်...
သူ့ အပြုံးလေး မျိုးစုံကို... တနေကုန်အောင် ထိုင်ကြည့်နေမိသော ရက်များ... ပန်းနုရောင် ပန်းချီကားတချပ်လို... ချိုမြစွာ... ကျနော့် ရင်မှာ... တုန်ခါနေတော့သည်...
ကျနော် ခေါက်သိမ်းခဲ့သော... နေ့ရက်ဆိုး ညနက်ဆိုးများကို... အဖြူနုရောင် နံနက်ခင်းမှာ... ကမ္ဘာ့ ပြတင်းပေါက် တခုခုမှတဆင့်... အဝေးလွင့်ဆုံးအရပ်ဆီ... သူနှင့်ကျနော်... အတူ... ပစ်ချလိုက်ပါမည်...
အရိုးသားဆုံး... သူ့ကို ကျနော် ချစ်ခဲ့သည့် အကြောင်း... ဟောင်းနွမ်း ဆွေးမြေ့နေသော စကားလုံး များစွာကို... ဖယ်ရှားပစ်ပြီး... သစ်လွင် လန်းဆန်းနေသော ပန်းပွင့်ကလေးများဖြင့်သာ... အချစ် ကဗျာ တပုဒ်... ကျနော်... ယက်လုပ် ရွတ်ဆိုဖြစ်ပါပြီ...
ချစ်သူ... ကြား... သိ... ခံစား... နား... လည်... ပါ... လိမ့်... မည်... လား...

atn

1 comment:

OPf said...

အေးလေအခုမှသတိဝင်လာတယ်
မာမားရယ် သားဦးလေးကိုမွေးတော့ တယောက်ထဲတွန်းလှဲပေါ်မှာပစ်ထားတာ အရမ်းစိတ်အားငယ်တယ်..ဆိုတဲ့စာလေးသွားသတိရတယ်..ဟုတ်တာပေါ့ ၈.၈.၉၆ဆိုတော့ မြေးသားလေးတောင်၁၅နှစ်ပြည့်ပြီ
မင်းဆက်အောင်...နောက်ထပ်........မျိုးဆက်တွေ.....................