May 21, 2012

ကျနော့် မကျေနပ်မှုများမှာ... ချစ်သူက ဓါးစာခံ-ဆိုတာကို သင် မယုံ ကြည်သေးဘူးလား...


















by Augustine Nge on Monday, May 21, 2012 at 2:52am ·

လမ်းတွေ မဆုံးသေးဘူးလား...
ရွာ မတွေ့သေးဘူးလား...
ငှက်ကလေးတွေ အိပ်တန်း မပြန်ကြသေးဘူးလား...
ဒီရေလည်း မတက်သေးဘူးလား...
လ မထွက်သေးဘူးလား...
ကြယ်တွေ မစုံသေးဘူးလား...
ဖိုးမောင် ပြန်မလာသေးဘူးလား...
စနေထောင့်မှာ ပန်းမလှူနိုင်သေးဘူးလား...
မျဉ်းပြိုင်နှစ်ကြောင်းက မဆုံနိုင်သေးဘူးလား...
နတ်သမီးပုံပြင်တွေ မကုန်နိုင်သေးဘူးလား...
လမ်းပြမြေပုံတွေ မစုံနိုင်သေးဘူးလား...
အမေးတွေကိုလည်း ဘယ်သူကမှ ပြန်မဖြေကြသေးဘူးလား...
ကျနော့် အိပ်မက်တွေကလည်း မကုန်ခမ်းနိုင်သေးဘူးလား...
အဲသည့်လမ်းနံဘေးက ပန်းကလေးတွေကလည်း မပွင့်နိုင်ကြသေးဘူးလား...
ဟောသည့် ကမ္ဘာကြီးကလည်း ၂၃.၅ ဒီဂရီထက် ပိုပြီး မစောင်းနိုင်သေးဘူးလား...
မြောက်ဝင်ရိုးစွန်းက ရေခဲတွေကလည်း အရည်မပျော်နိုင်ကြသေးဘူးလား...
စာတန်ကိုလည်း ဘုရားသခင်က အသေမသတ်သေးဘူးလား...
အလံတိုင်ဝက်လွှင့်ထားတဲ့မြို့တွေ မကုန်နိုင်သေးဘူးလား...
အမှန်တရားတွေ သင်းသတ်ခံရတဲ့ စာမျက်နှာတွေဟာ ဆုတ်ဖြဲလို့ကို မကုန်နိုင်သေးဘူးလား...
ဝိုင်တွေ သောက်ထားတဲ့ စာအုပ်တအုပ်ထဲက ဒဿနတွေကလည်း မကုန်နိုင်သေးဘူးလား...
ကမ္ဘာ့ရွာကြီးကို ပြားပစ်လိုက်မယ့် လမ်းကြိတ်စက်ကြီးကလည်း ဗမာပြည်ကို မပြားပစ်နိုင်သေးဘူးလား...
လူတိုင်းရဲ့ ခံနိုင်ရည်ဟာ ဗမာပြည်မှာ ဘားမဆုံးသေးဘူးလား...
ဗားဂရာချောက်ကြီးကို ဘာနဲ့မှ မဖို့ရသေးဘူးလား...
သမိုင်းတွေကို ကျနော်တို့မှာလည်း သင်လို့ကို မဆုံးတော့ဘူးလား...
ငါ့ အရိုးတွေကို ဘယ်ချောက်ထဲမှာမှ မဖို့ပါဘူးလို့ ပြောမိတာကို မယုံသေးဘူးလား...
ယင်လတ်- တောင် ၀န်ကြီးချုပ် ဖြစ်ပြီ...ဒေါ်အောင်ဆန်းစုကြည်ကလည်း ခုထက်ထိ ၀န်ကြီးချုပ် မဖြစ်သေးဘူးလား... ...
ငါ ပြောချင်ရာကို ပြောတယ်ဆိုပေမယ့်လည်း... ငါ့ နှလုံးသားနဲ့ ပြောတယ်ဆိုတာကို နင်ကလည်း ခုထက်ထိကို မယုံကြည်နိုင်သေးဘူးလား...

atn

6 comments:

ပဥာက် said...

ဟုတ်ပါ့...လား..?တွေ။

mabaydar said...

... သေးဘူးလား? မေးခွန်းတွေ အတော်များသကိုး... ကဗျာထဲမှာ အားမလိုအားမရနဲ့ မကျေနပ်ချက်လေးတွေကို ... သေးဘူးလား မေးခွန်းပုံစံမျိုးနဲ့ သရုပ်ဖော်သွားတာလေး ကောင်းတယ် အစ်ကိုရေ...

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအားပေးသွားပါတယ်

သဒ္ဓါလှိုင်း said...

အကို့နှလုံးသားနဲ့ရင်းပြီး ပြောတယ်ဆိုတာ မိညီမ ယုံပြီးသား...

မိညီမ.သဒ္ဓါ

စံပယ်ချို said...

ဟုတ်ပါ့ရှင်ရေ
ခုတလော လ မထွက်သလို
ကြယ်တွေလဲ မစုံနေဘူး

Angelhlaing(May everybody be happy and healthy! said...

တစ်နေ့နေ့ကို မျှော်လင့်နေရဆဲပဲ အကို...