Dec 9, 2007

သိမ်းဖျောက်ထားတဲ့ တောင်ကြား














အငြှိုးအတေးနဲ.
နတ်ဆိုးတွေ မျက်စေ့ဒေါက်ထောက်
ကြည့်နေတဲ့
အက်ဆစ်ကောင်းကင်အောက်မှာ
သိမ်းဖျောက်ထားရတဲ့
တောင်ကြားလေးပါ မေမေ -

အဲဒီမှာ -
လေရိုင်းတွေ ပွတ်သပ်ရင်
အိပ်မောကျကျသွားတတ်လေ့ရှိတဲ့
အတိတ်မေ့မြက်ခင်းစိမ်းလေးရှိတယ်၊

နေသာတဲ့နေ.တွေဆို
အရှေ.ဆီကို လည်ပင်းတဆန်.ဆန်.
မျှော်မျှော်ကြည့်နေတတ်တဲ့
အနာဂတ်နေကြာပန်းခင်းလေးရှိတယ်၊

အရှည်ကြာဆုံးနေ.ဟာ
အလွန်တရာ လှပကြောင်း
မယုံနိုင်စရာကောင်းအောင်ကို
သီချင်းဆိုဆိုပြတတ်တဲ့
အလင်းငတ် ငှက်တအုပ်ရှိတယ်၊

လမဲ့ညတွေမှာ
အရိပ်တွေ ရှည်လျားစီးမျော
ဒုက္ခတွေ ရေစီးကြောထဲ
ဘယ်သူပြောပြော မပြောပြော
သူ.သဘောနဲ.သူ သယ်သယ်ချသွားတတ်တဲ့
အတ္တမဲ့ စမ်းချောင်းလေးတခုရှိတယ်၊

ဆောင်းဦးပေါက်ရင်
ကောက်သစ်စားကြဖို.အကြောင်း-
လူတွေက
အနာဂတ်ကိုမျှော်သလို-
လူတွေကို
အနာဂတ်က မျှော်နေတဲ့အကြောင်း-
လူတွေက
အတိတ်ကိုမေ့သလို-
လူတွေကို
အတိတ်ကမေ့နေတဲ့အကြောင်း-
လူတွေက
ပစ္စုပ္ပန်ကိုစားသလို-
လူတွေကို
ပစ္စုပ္ပန်ကစားနေတဲ့အကြောင်း
ကောင်းကောင်းပြောပြီး
ထွက်ထွက်ပြေးတဲ့
အဝေးရောက် တိမ်တအုပ်ရှိတယ်၊

လေးထောင့်စပ်စပ်မှန်ရင်
နံရံတွေကို မကြိုက်သလိုမျိုးမုန်းတဲ့
အကာအရံမဲ့
တဲငယ်လေးတလုံးလည်း ရှိတယ်၊

ဒါတွေအားလုံး စုစည်းပေါင်းစပ်
အမေ့အပြုံးကို ငတ်နေတဲ့
မီးခိုးရောင် ပန်းချီကားတချပ်နဲ.
မိုးတိုးမတ်တပ်ရပ်နေတဲ့
ကျနော့်နှလုံးသားလည်း
အဲဒီ့ တောင်ကြားထဲမှာ ...

ATN

3 comments:

ဆောင်းယွန်းလ said...

ဒီကဗျာလေးကိုအရမ်းကြိုက်တယ်ဗျ..

mama said...

အမှန်က
ဒီကဗျာ အပါ အ၀င်
အစောဆုံး တင်ထားခဲ့တဲ့ ကဗျာတွေကို မကြာခဏ
လာလာ ဖတ် နေကျ...

အသံသာတဲ့ ကဗျာလေးတွေကို
မြတ်နိုး တတ်သူမို့
ဒီကဗျာလေး ကိုလဲ
အရမ်းကြိုက် ပါတယ်
စာပိုဒ် တိုင်း.. စာလုံး တိုင်း....။

ဒါနဲ့ပဲ.. Comment လေးတော့ ရေးဦးမှ ပဲ
လို့ စိတ်ကူးရလို့......။

Anonymous said...

စာပိုဒ်တိုင်း ကောင်းလို့ ကြိုက်တယ်..ဒီကဗျာကိုပေါ့

mie nge