Jan 30, 2008

သံပတ်

















လ တလုံးကို
ပုခုံးမှာချိတ်-
တိုးတိတ်လွင့်မျော
အိပ်ပျက်မောလျ
ဒေါနငှက်တကောင်ဟာ
ကဗျာလှေတစင်းထက်
ဆက်လက်ရှင်သန်ခြင်းတေး
သောင်ရင်းနံဘေးမှာ ဖွဲ.ဆိုရဲ. ..

အငြိုး အမုန်းနဲ.
နေ.မျက်လုံးထဲ
ညသဲတွေသွန်ချသွား
ကာလယန္တားလက်ချက်မှာ
အမျက်ထွက်တဲ့ ပျားတအုပ်လေ
မတုပ်လိုက်ရလို.
ဒေါသ ဂ၀ံမြေနဲ.ဖို.
နေနှင့်ဦးပေါ့မြို.ကို ဆောက်နေခဲ.၊

ဒီမှာတော့
မီးဝါတလုံး လင်းလက်တပ်ဆင်
ဒီလို နေ.ကွင်းပြင်များကို ချစ်တတ်လို.
အတောင်ဖြတ်ခံရလိပ်ပြာတကောင်
ကာလနှောင်အိမ်ထဲ
ပျံဝဲခြင်းဓါးတလက်ကို
ခါးသက်မှုမှာ သွေးရလွန်းလို.
ပွန်းပဲ.နာကျင်၊

ဒီလိုနဲ.
နာရီတလုံးရဲ.လည်ပတ်မှုမှာ
တစုံတခုကို
လိုအပ်လာရပေတော့တယ်။

ATN

2 comments:

Kaung Kin Ko said...

very nice poem.

Kaung Kin Ko said...

လ တလုံးကို
ပုခုံးမှာချိတ်-
တိုးတိတ်လွင့်မျော
အိပ်ပျက်မောလျ
ဒေါနငှက်တကောင်ဟာ
ကဗျာလှေတစင်းထက်
ဆက်လက်ရှင်သန်ခြင်းတေး
သောင်ရင်းနံဘေးမှာ ဖွဲ.ဆိုရဲ. .

ဆိုတဲ့စာသား အရမ်းကြိုက်တယ်ဗျာ။