Apr 23, 2010

မြက်ခင်းပေါ်က ကျား


















နှစ်အတန်ကြာ
ဒဏ်ရာတွေ အထပ်ထပ်နဲ့
ဆာလောင် ငတ်မွတ်နေတဲ့ ကျားတကောင်
အမှောင်ထဲမှာ ဖျားနာရင်း
မြက်ခင်းပေါ်မှာ လဲလျောင်းနေ
သေတော့မှာပါလေ... ...

အဲသည်ကျားဟာ
နွားတကောင် ဖြစ်ချင်နေမလား -
တချို့က စဉ်းစားနေ...

အဲသည် ကျားကတော့
နွား မဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူနေ... ...

ATN
4-23-2010
14:30

4 comments:

သွယ်လင်းဆက် said...

ကြိုက်တယ်အကိုရေ။ လို့ချင်လို့ ခွင့်ပြုပါလား အကိုအောင်သာငယ်။

kay said...

လက်ရေးက..မှင်ထူနက် လှ သလို..ကဗျာ ကလည်း..မာန်တွေ ထန်နေပါလား...

ကျား ဆိုတာ..နာနေရင်တောင်..မာန်မလျော့လေတော့..နွားတော့ ဖြစ်ချင်နေမည် မဟုတ်တာ သေချာသည်လေ..

ကျားနာခဲ ဆိုတဲ့ စကားတောင် ရှိသေးသည်ကိုး...း)

ချစ်ကြည်အေး said...

အကို...ကျားတကောင်ရဲ့ ဖြစ်တည်မှုအတွက် မာနတွေ....:)

ကိုလူထွေး said...

အဲဒါပြောတာပေါ့...
“ကျားသနားမှ နွားချမ်းသာ” ဆိုတာ။

ကျားမစားလို့ ကျန်တဲ့မြက်
နွားဆယ်သက်စာ ဖူလုံပြီလေ...

းဝ)