Apr 21, 2010

ကိုက်လမ်း

သစ်ကောင်းအိမ် ပို့ပေးသော ဖောဝါ့ဒ်မေးလ်ကို ပြန်လည် လက်ဆင့်ကမ်း ဖော်ပြပါသည်...

…ကိုက်လမ်း…

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ။

နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းလေးကနေ ငါအစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါ ထွက်လာခဲ့မြဲ

ခု…
လူနဲ့ခွေးများ တောခြောက်ကြ

အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
င့ါသစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။

(မောင်ချောနွယ်)

ကျနော်လေးစားရတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ ကိုက်လမ်းကဗျာနဲ့ သီချင်းလေးပါ။ ဒီကဗျာ ပေးချင်တဲ့ ရသကိုတော့ စာဖတ်သူတို့ ကိုယ်တိုင်ပဲ ရှာဖွေကြပါ။ ခံစားကြပါ။

ကျနော့် အမြင်ကတော့ သစ္စာတရား မရှိတဲ့၊ သစ္စာတရား မသိတဲ့ အခုလို စစ်အာဏာရှင်တွေ လက်အောက်မှာ သစ္စာတရားနဲ့ ဓမ္မတရားကို မြတ်နိုး တန်ဖိုးထားသူများ ကဗျာပါ “ ယုန်ကလေး ” လို မဖြစ်ပါစေနဲ့လို့ ဆုတောင်း လိုက်ပါတယ်။ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်။

အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေကတော့ သူတို့ခွေးတွေနဲ့အတူ သင်တို့ရဲ့ ငြိမ်းချမ်းတဲ့ ဘုရားစေတီပေါ်၊ ဘုန်းကြီး ကျောင်းပေါ်၊ စာသင်ကျောင်းပေါ်၊ အိမ်ဂေဟာပေါ်ကို တောခြောက်သလို တက်လာပါအုံးမယ်။ တက်လဲတက်ခဲ့ ပြီးပါပြီ။

သစ္စာတရား ထွန်းကားဖို့ သစ္စာဖောက်တွေ ကင်းဖို့လိုတယ်။
ဓမ္မတရားတွေ ပွင့်လင်းဖို့ အဓမ္မ၀ါဒီတွေ ချုပ်ငြိမ်းဖို့လိုတယ်။
မေတ္တာတရားတွေ လွှမ်းခြုံဖို့ လူယုတ်မာတွေ ပျောက်ဖို့လိုတယ်။

ကျောင်းသားတစ်ဦး

၂၁ ဧပြီ ၂၀၁၀

3 comments:

သွယ်လင်းဆက် said...

ကျွန်တော် အရမ်းကြိုက်တဲ့ ကဗျာလေးပေါ့ အကို အောင်သာငယ်။ ခုချိန်ထိ ဖတ်လိုက်တိုင်း မတူညီတဲ့ အတွေးအခုကိုအမြဲဖြစ်နေတုန်းပဲ။

မောင်မျိုး said...

ယုန်ကလေးလို မနေ၇င် မုဆိုးစာမိသွားမှာပေါ့ အဲ့တာကြောင့်ပါ နို့မို့ဆိုရင် ကျားကြီးတောင်ဖြစ်လိုက်ချင်သေးး)

Unknown said...

Great poem and presention!!!