May 10, 2010

ဆားချက်ခြင်း (၂)

ထုံးစံအတိုင်း ဆားချက်ပါတယ်...
ဆားချက်နည်းတွေထဲက အလွယ်ဆုံး တနည်းနဲ့ ချက်လိုက်ပါတယ်...
မဖတ်ဖူးသေးသူများ ဖတ်ရအောင်... ဖတ်ပြီးသူများ ငြည်းငွေ့အောင်... လုပ်ကြည့်တာပါ...

တခြား “နစ်” တခုနဲ့ ရေးခဲ့တဲ့ ATN ရဲ့ ကဗျာ တပုဒ်ပါ...

“ကြိုးပြတ်ဂစ်တာ”











ကာရံမှားကဗျာတပုဒ် -
အသက်ရှူဖို့ အားမထုတ်တော့ဘူး
ပုံလျက်သား မူးလဲနေပေါ့
ဟော့ဒီ အခန်း ထောင့်ထဲမှာ ....

မျက်တွင်း ဟောက်ပက်
ညည်းဆိုခက်သီချင်းတပုဒ်လည်း -
အရုပ်ကြိုးပြတ် ဖြစ်နေခဲ့...

မိုးတိမ်
သက်တန့်နဲ့
လွပ်လပ်စွာ ပျံသန်းသောငှက်
ပွေ့ဖက်ခြင်း ဟင်းလင်းပြင်
အိပ်မက်ထဲက သစ်တပင်
အိပ်ယာဝင်ခက်ခဲလွန်းသော ဦးထုပ်တလုံး
အားလုံး အားလုံး
တုံးလုံးပက်လက်
အသက်မဲ့နေ...။

ခန္ဓာကိုယ်ရဲ့
လှုပ်ခုန်နေတဲ့ တနေရာ
ငါ့ဘာသာငါ
လှီးဖြတ်ထုတ်ယူခဲ့ရ...

နာ...
ကျင်...
လိုက်တာလေ....

ဒီလိုနဲ့
ဝိဥာဉ်မဲ့အခန်းတခုဟာ
ဂစ်တာတလက်ထဲ
မရဲတရဲ တိုးဝင်သွားလေရဲ့။

(ဆောင်းလွမ်းနေ)

3 comments:

သွယ်လင်းဆက် said...

ဆောင်လွမ်းနေ တဲ့။ နာမည်ကတမျိုးလေးပဲ။ ခုရော အဲဒီနာမည်နဲ့ရေးသေးလား ကိုကြီးအောင်သာငယ်။ ကဗျာက နုပျိုပြီးလှနေတယ်။

ကြည်ဖြူပိုင် said...

ကဗျာလေးကလဲလှသလို
နစ်ကလေးက အရမ်းကိုလှပအသက်ဝင်လိုက်တာ
မဖတ်ဖူးသေးတော့
ဂစ်တာလေးပါလို့
သဘောတကျဖတ်သွားတယ်

မန်းကိုကို said...

ဖတ်တော့ မဖတ်ဖူးသေးပါဘူး၊ ဒါပေမယ့် “ဆားလက်တစ်ခုပ်” ရပြီး ပြန်သွားပါပြီ။ ကျေးဇူးကြီးကြီး တင်ပါတယ်။