May 14, 2011

ဘူတာပျောက် ရထား



















မောင်းနှင်ခဲ့တယ်...
အရှေ့ရဲ့အရပ်ဆီ...
အဲသည်မှာက... နေမင်း... ရှိတယ်...
အလင်း အောက်ခြေက..
သဲမြေလွလွအပေါ် ကျဲဖြန့်ခင်းကျင်းထားသော
နှင်းဆီပန်းဖြူဖြူများ...
စိမ်းလို့ လန်းလို့...
ချစ်သူ့ အနမ်းများကိုသာ
ရထားတစီး ဆိုက်ချလာသလို...
ဘူတာတခုမှာ
ကိုယ်လိုအပ်နေခဲ့တယ်...

ရထားကို ငါရပ်တယ်...
ဖြတ်ခဲ့ရတဲ့ မြို့တိုင်းမှာ
ရပ်နားခဲ့တဲ့ အကြိမ်များ အားလုံး
ဘူတာအမှားတွေနဲ့သာ အဆုံးသပ်ပေါ့....

မိုင်ပေါင်းထောင်ချီခဲ့တဲ့ ငါ့ခရီးဟာ
အချီးအနှီးသက်သက်ပေပဲလား...

ဘူတာပျောက်သွားတဲ့
ရထားတစီးဟာ...
ငါပေါ့... ကွယ်...

ATN

3 comments:

ချင်းကလေး said...

စာမူခလို့တော့သဘောမထားပါနဲ့ဗျာ.. ကဗျာတွေရေးပြီးဘဝအဓိပ္ပါယ်ရှာနေတဲ့သူတစ်ယောက်ကို အမှတ်တရကွန်မန့်ပေးတယ်လို့မှတ်ပေးပါ.. နောက်ဆုံးက ''ဘူတာပျောက်သွားတဲ့ ရထားဟာ ငါပေါ့ကွယ်'' ဆိုတာလေးက heart ထိသွားလို့မန့်ချန်ထားခဲ့တာပါ.. ကျနော့်ဆီကိုလာလည်ပြီး ရေးပုံရေးနည်းတွေသင်ပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်နော်... :-)

ပြည်ကောင်းအောင် said...

ဘဝနဲ့ရင်းပြီးရေးရတဲ့ ကဗျာတွေက သွေးသံတရဲရဲနဲ့ တန်ဖိုးကြီးလှ ပေတယ်။ ရပ်နားရမဲ့ဘူတာ ပျောက်နေတဲ့ ရထားတစင်းရဲ့ ပင်ပန်း နွမ်းနယ်မှုကို ကိုယ်ချင်းစာကြည့် လို့ရပါတယ်ဗျာ။ ဒါပေမဲ့ ဘူတာ ပျောက်တော့လည်း ခရီးပိုရောက်(ကဗျာအစစ်တွေ ပိုထွက်လာ) တာပေါ့ဗျာ။ Mid-life Crisis လို့ ထင်တယ်။ ဘဝက နှစ်ပြားလောက် တောင် တန်တယ် လို့မခံစားရဘူး။ ( အကို့ကဗျာတွေ စုထုတ်ပါလို့ လေးလေးနက်နက် တောင်းဆိုလိုက် ပါတယ်။ ဘူတာပျောက်တဲ့ ရထားတစင်းရဲ့ မှတ်တိုင် ပေါ့ဗျာ..)

Anonymous said...

Hi, nice but unfotunately I can´t read. I invite you to visit my blog at:

http://alvarogomezcastro.over-blog.es

Greetings from Colombia