ငါ့ အရေပြားတွေကလည်း
ပါးပဲ ပါးနိုင်လွန်း
အပွန်းအပဲ့လေးတခုလောက်တောင်
သေအောင် ကြောက်နေခဲ့၊
ခုတော့-
အထိမခံနိုင်တော့တဲ့ အရေပြားရယ်
ပြီးတော့-
ဘာသာစကားတွေနဲ့
မျက်ရည်ကျတတ်တဲ့ မျက်လုံးတွေရယ်
ကင်းဘတ်စ်ပေါ်တင်ပြီး
ငါ ဆွဲခဲ့ချင်တာပေါ့
သမိုင်းဝင် ပန်းချီကားတချပ်။
ဒါမဲ့
ဆေးတွေပဲရှိခဲ့ပြီး
စုတ်တံမရှိခဲ့တဲ့ ပန်းချီဆရာဟာ
ငါပေါ့။
ခုတော့
နှလုံးသားနဲ့ပဲ
ငါ ဆွဲခဲ့ပါရဲ့
အချစ်ဆိုတဲ့ ပန်းချီကား။
ATN
1 comment:
မမြင်ရတဲ့ ပန်းချီကားတချပ်ကို လာခံစားသွားပါတယ်။
Post a Comment