Aug 3, 2008
မျက်ဖြေ
အနီးဆုံး စကြာဝဠာကို သွားရင်တောင်
နှစ်တွေထောင်ချီပြီး ကြာတယ်တဲ့..
အလင်းနှစ်တွေ ပုခုံးပိုးလို့
အဲလိုမျိုး
မင့်ကို ချစ်ခဲ့တယ်
ငါ့ စာမျက်နှာတွေအတွက်
နိုးထလာတဲ့ မင့် နံနက်
အဓိပ္ပါယ်ရှိမှုနဲ့ ပြည့်နှက်စေပါ့မယ်၊
ငှက်ကလေးသုံးကောင်
မင့် ပြူတင်းပေါက်ဘောင်မှာနားဖို့
ငါ စေလွှတ်ခဲ့တာပေါ့
သူတို့ကို တေးဆိုပါစေကွယ်။
လေးဖြူရဲ့သီချင်း
လေငြင်းသယ်လာတယ်
-ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်-
ဒဏ်ရာတွေ ဘယ်လောက်များများ
နှလုံးသားကတော့
မင့်ကို သယ်ပိုးထားပါတယ်။
တခါတခါလည်း
ငါဟာ အတ္တကြီးလွန်းတယ်
ပင်လယ်ကြီးတခုလုံးကိုတောင်
ကုန်သွားအောင် သောက်ချင်နေတာ
ငါပေါ့။
ပြီးတော့မှ
မုန်တိုင်းထန်တဲ့ပင်လယ်ကို
မိုးချုပ်မှောင်ရီထဲ ပြန်ရှာရင်း
လွမ်းပြီးရင်းလွမ်းနေတတ်တာပေါ့။
ATN
Subscribe to:
Post Comments (Atom)
9 comments:
-ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်-
ရောဂါမသေးဘူးပဲ အစ်ကိုရ မျက်ဖြေ ဆိုတော့တော်သေးတယ် ဖြေနိုင်အောင် ဘီယာနဲ့ မျှောလိုက်း)
အား..ပင်လယ်တစ်ခုလုံးကုန်အောင်သောက်မလို့လားဟင်.
:P
ဒဏ်ရာတွေ ဘယ်လောက်များများ
နှလုံးသားကတော့
မင့်ကို သယ်ပိုးထားပါတယ်။
ဂွတ်တယ် :)်
မုန်တိုင်းထန်တဲ့ ပင်လယ်ကို မိုးချုပ်မှောင်ရီထဲမှာ
ပြန်ရှာဦးမယ်ဆိုတော့ အင်း......
"အလင်းနှစ်တွေ ပုခုံးပိုးလို့
အဲလိုမျိုး
မင့်ကို ချစ်ခဲ့တယ်"
အမျက်ပြေရုံတင်မကဘူး။ ချက်ချင်းကို ဒူးထောက်ပြီး
ကြွေလောက်တယ်။ ။ ။
ဒဏ်ရာတွေ ဘယ်လောက်များများ
နှလုံးသားကတော့
မင့်ကို သယ်ပိုးထားပါတယ်။
ဒီအပိုဒ်လေးကိုကြိုက်တယ်။
သူတည်းတယောက်
ဖတ်ဘို့ရောက်မူ
သူတယောက်မှာ
ရေးလင့်ကသာ
အိုကဗျာတည်း…။
ကဗျာလေး ကြိုက်တယ် အစ်ကို။ မနေ့ ကတည်းက ဖတ်ပြီးသား။ စာမူခ အပေးနောက်ကျသွားတယ် :P
Really nice poem with a lovely sounds.
ငှက်ကလေး ၃ ကောင် တေးသီကြွေးမဲ့
ပြူတင်းပေါက်ပိုင်ရှင်လေး ရေ....
...အား ကျ လိုက်ပါ ဘိတော့...
...
မေတ္တာစွမ်းအားတွေ နဲ့ တင်းကြမ်းပြည့်ပြီး
လှပ သိမ်မွေ့ လွန်းတဲ့ ကဗျာလေး
ဟိုတုန်းက သိပ်သတိမထားမိခဲ့ ပေမဲ့
ကဗျာဆရာ့ အကြိုက်ဆိုလို့ သွားပြန်မိတာ..
...
တကယ် ကြိုက်ပါတယ်....
ပထမတပိုဒ်မှာတင် တော်တော်သဘောကျသွားတယ်
Post a Comment