Aug 2, 2008

ဗမာပြည်မှာ ငါနေတယ်
















ဘောင်းဘီဝတ်မိုးတိမ်ကို
ငါ့လီဗိုင်းစ်ထဲ ချပ်ရပ်ခဲ့ပါတယ်
ငါက
ဂျီးန်သိပ်ကြိုက်တတ်တာကိုး

မာယာကော့ဖ်စကီးကိုတော့
မသိချင်ယောင်
ငါဆောင်နေခဲ့တယ်
ကြီးကြီးကျယ်ကျယ်ကောင်တွေကို အမြင်ကပ်လို့။

နိုင်ငံတကာ
ကဗျာဆရာတွေကို သိမှ
ငါ့ နံမည်ကို
ငါ ရေးရမတဲ့လား။

အနည်းဆုံးတော့
ပတ်ဗလိုနီရူဒါကို
ငါ သိတာပေါ့။

သူက
ဗမာပြည်နဲ့
ဧရာဝတီကိုလည်း သိတယ်လေ။

ဒီမှာ ---
ငါ့နှလုံးသားအတွက်
မာယာကော့ဖ်စကီးက
အမည်မပေးခဲ့ပါဘူး
ငါ့ဘာသာငါပဲ
ရင်ခုံရင်းနှီးခဲ့ရတာပေါ့။

ATN

3 comments:

Anonymous said...

ကဗျာဆရာတွေကို သိမှ
ငါ့ နံမည်ကို
ငါ ရေးရမတဲ့လား

ကြိုက်တယ် စာရေးဆရာတွေ ရဲ့ စာတွေအားလုံးဖတ်ဖူးမှ နာမည်တွေ သိမှ ရေးရမယ်ဆို ဘီလိုလုပ်ရပါ့ :)

လင်း said...

အားပါးပါးလှလိုက်တဲ့ဓါတ်ပုံ၊ မိုက်လိုက်တဲ့ကဗျာ

Nyein Chan Aung said...

I like this poem too. I can see some parts of you through this poem. Cheers.