ဘောင်းဘီဝတ်မိုးတိမ်ကို
ငါ့လီဗိုင်းစ်ထဲ ချပ်ရပ်ခဲ့ပါတယ်
ငါက
ဂျီးန်သိပ်ကြိုက်တတ်တာကိုး
မာယာကော့ဖ်စကီးကိုတော့
မသိချင်ယောင်
ငါဆောင်နေခဲ့တယ်
ကြီးကြီးကျယ်ကျယ်ကောင်တွေကို အမြင်ကပ်လို့။
နိုင်ငံတကာ
ကဗျာဆရာတွေကို သိမှ
ငါ့ နံမည်ကို
ငါ ရေးရမတဲ့လား။
အနည်းဆုံးတော့
ပတ်ဗလိုနီရူဒါကို
ငါ သိတာပေါ့။
သူက
ဗမာပြည်နဲ့
ဧရာဝတီကိုလည်း သိတယ်လေ။
ဒီမှာ ---
ငါ့နှလုံးသားအတွက်
မာယာကော့ဖ်စကီးက
အမည်မပေးခဲ့ပါဘူး
ငါ့ဘာသာငါပဲ
ရင်ခုံရင်းနှီးခဲ့ရတာပေါ့။
ATN
3 comments:
ကဗျာဆရာတွေကို သိမှ
ငါ့ နံမည်ကို
ငါ ရေးရမတဲ့လား
ကြိုက်တယ် စာရေးဆရာတွေ ရဲ့ စာတွေအားလုံးဖတ်ဖူးမှ နာမည်တွေ သိမှ ရေးရမယ်ဆို ဘီလိုလုပ်ရပါ့ :)
အားပါးပါးလှလိုက်တဲ့ဓါတ်ပုံ၊ မိုက်လိုက်တဲ့ကဗျာ
I like this poem too. I can see some parts of you through this poem. Cheers.
Post a Comment