Dec 27, 2010

တချက်လေး စောင်းငဲ့ကြည့်ဦး (ကျော်ဟိန်း)

ခွင့်ပြုလိုက်ဖို့... ငါ့မှာ... အင်အား မရှိ... 
ခိုင်လုံတဲ့... အကြောင်းအရင်း... မသိရဘူး...
ငါလေ... အသက်ငွေ့ငွေ့ကို... ရှိုက်သွင်းကာ... ရီဝေမူး...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

ထားခဲ့ရက်လို့... သွားမယ်ဆိုလည်း... သွား... 
ရှင်နေလျက်နဲ့... ဘ၀ဟာ... သေဆုံးမလား...
ကြင်နာမှုရဲ့... ပြောင်းပြန်... နာကျင်မှုဟာ... ငိုနေသူ... မျက်ဝန်းလား...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
နယ်မကျွံခင်... လှည့်ပြန်ခဲ့... သေချာ ဆုံးဖြတ်ခဲ့... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

ကျောခိုင်းထားရင်းလည်း... ငါ့ကို... ပြန်... လှည့်... ကြည့်... 
တို့ရဲ့အကြည့်... ဆုံဆည်းတော့မှ...
ကြွေပြတ်သွားတဲ့... ကြိုးတွေ... ပြန်ဆက်သလို... အခြေအနေမှန်ကို... ပြန်ရောက်ဖို့...
နင်တယောက်တည်း... ငါ့ဘ၀... တကယ်... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိတော့... ငါ့ဘ၀... မရှိ...
မလွန်ခင်... နောက်ဆုတ်ခဲ့... ရှင်လျက်နဲ့... ဘ၀ကို... 
သေအောင်... မလုပ်နဲ့... တောင်းပန်ရင်း...
မြင်ရုံသာ... စောင်းငဲ့ကြည့်ဦး... တယောက်တည်း... ငါ့ကို... ထားခဲ့မလား...
မြင်ရင်... နေရက်ပါ့မလား... စာနာသော... စိတ်က... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

တချက်လေး... စောင်းငဲ့ကြည့်ဦး...

Get this widget | Track details | eSnips Social DNA

Dec 26, 2010

Against All Odds (Phil Collins)

How can I just let you walk away,
just let you leave without a trace
When I stand here taking every breath with you, ooh
You're the only one who really knew me at all

How can you just walk away from me,
when all I can do is watch you leave
Cos we've shared the laughter and the pain,
and even shared the tears
You're the only one who really knew me at all

So take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
And you coming back to me
is against all odds and that's nothing chance I've got to take

I wish I could just make you turn around,
just turn around and see me cry
There's so much I need to say to you,
so many reasons why
You're the only one who really knew me at all... oh...

Take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
But to wait for you,
well that's all I can do and that's what I've got to face
Just take a good look at me now,
'cos I'll still be standing here
And you coming back to me is against all odds
I am not what I've got to face oh, oh

Just take a look at me now



Dec 23, 2010

စခီဇိုဖရီးနီးယား

http://www.facebook.com/notes/aung-tha-nge/55f6594c/10150353681325274

စိတ်-ဆိုတာမျိုးက...
ရိုးရိုး ဆိတ် တကောင်လည်း... မဟုတ်လေတော့...
ခြံလှောင်ထားလိုက်ဖို့ကလည်း... ခက်...

မှောက်လျက်ကလေး... ကွေးနေချိန်တောင်
ယောက်ယက်ကလည်း... ပြေးခပ်နေတတ်သေး...
ဟိုတွေး... သည်ရောက်...
ဂျွမ်းထိုး မှောက်ခုံ... လဲလို... လဲ...
အိပ်မက်တွေထဲ... လျှောက်သွားလို... သွား...
သက်တံများကို
ကောင်းကင်တံတားပေါ်မှာ... တက် ခူးလို... ခူး...
ရူးချင် သလိုလို... နှမ်းချင် သလိုလို... ဖြစ်...
လွမ်းဖျား လွမ်းနာ... ကျ...
အမည်နာမလေး တခုကိုကလည်း...
အမြဲတမ်း သတိတရ... ဖြစ်ဖြစ်... နေနေ... တတ်...
ရှိရှိသမျှ... ဓါတ်ပုံလေးတွေ... ထုတ်ထုတ်... ကြည့်....
မြှုံး... မိနေရင်တောင်...
ပြုံး... ကြည့်နေချင်တတ်ပါတဲ့... စိတ်...

(သိပ်... ခက်တယ်...
စိတ်... ပျက်တယ်... ကိုယ့်ဘ၀ဇာတ်ဆရာရယ်...
စိတ်ဓါတ်တွေ... အဟောင်းဆိုင်တန်းထဲ...)... လို့...
တိတ်တိတ်လေး... ဆိုဆို... ငြည်းငြည်း... နေနေမိတတ်တာကလည်း... စိတ်....

လရောင်ကို...
မီးခိုးတွေလို အူမှောင်... တမ်းတနေတာကလည်း... စိတ်...

လက်ချောင်းရှည်သွယ်လေး တစုံကို....
ခုန်နေတဲ့ နှလုံးသားအပေါ်မှာ
ယုယုယယ... ထိကပ်ထားချင်မိတာကလည်း... စိတ်...

နှုတ်ခမ်းပါး နှစ်လွှာပေါ်မှာ...
လမ်းသလားချင်နေမိတာကလည်း... စိတ်...

နမ်းရှုံ့ဖို့ခက်တဲ့ပါးကလေး နှစ်ဖက်ကို...
လှမ်းဆုပ်မလို့ တအားပြေးထွက်သွားတဲ့... စိတ်...

အားအားရှိတိုင်း...
န- ဟထိုး - င - သတ် - ၀စ္စ နှစ်လုံးပေါက်ဆိုပြီး...
ငါ့ ခီးဘို့ဒ်အပေါ်... ခေါက်ခေါက်... နေနေမိတဲ့... စိတ်...

ATN

Dec 17, 2010

မဲကလ တမ်းချင်း

http://www.facebook.com/notes/aung-tha-nge/-/10150348561165274?notif_t=like

မဲကလ-ရေ...
အမှတ်တရဆိုတဲ့... စကားလုံးထဲမှာ...
ဒဏ်ရာတွေ စိမ့်ဝင်နေတယ်-ဆိုတာ...
မင်းနဲ့ ငါပဲ သိပါတယ်... စမ်းချောင်းလေးရဲ့...

ကရင်လိုတော့... မဲကလ-တဲ့...
ငါတို့ကတော့ မင်္ဂလာ-လို့ အမည်ပြောင်းပစ်လိုက်တယ်...
စမ်းချောင်းလေးရေ...

မင့်စီးဆင်းမှုထဲမှာ
တို့တတွေ မျောပါသွားခဲ့တာ
အနှစ် ၂၀...

တကယ်တော့လည်း
မျောပါသွားခဲ့တာ မဟုတ်ပါဘူး...
တို့တွေအားလုံး
စိတ်ရောကိုယ်ပါ စီးဆင်းခဲ့ကြတာပါ...

မင့်ကမ်းပါး နှစ်ဖက်ကို
စုံစုံမက်မက်
ငါတို့အားလုံး
ချစ်မက် မြတ်နိုးခဲ့ဖူးတာပေါ့....

သေ့ဘောဘိုးရဲ့
နေ့နဲ့ညတွေမှာ
မင်းဟာ... ဧကရာဇ်...
ဒါမှ မဟုတ်ရင်လည်း... ဘုရင်မ တပါးပါး ဖြစ်ပေလိမ့်...

ငါတို့အားလုံးဟာ
မင့်ကို တနေ့တခါတော့
ထွေးပွေ့ကြရလေတယ်... မဲကလ-ရေ...

ငါတို့ရဲ့ အညစ်အကြေးတွေ...
ငါတို့ရဲ့ ပြည်မအလွမ်းတွေ...
ငါတို့ရဲ့ တမ်းတချင်းတွေ...
မင်းက ဖြေဖျောက်သယ်ယူသွား....

မဲကလ-ရယ်...
မင့် ကမ်းပါးနံဘေးအနားမှာ...
လွမ်းဖျားခဲ့ဖူးတဲ့ ချစ်သူ နှစ်ဦး...
သူတို့ နှစ်ယောက်အကြားမှာ
အေကေသေနတ် နှစ်လက်က
စည်းချက်တွေ အတန်တန်တားလို့
သူတို့ နှလုံးသားလေးနှစ်စုံ...
ခြောက်ခြားနေခဲ့ပုံ...
ခုထက်ထိ...
ငါ ရင်ခုန်နေမိသေးတယ်... မဲကလ-ရဲ့...

မင်းကတော့ တည်တည်ငြိမ်ငြိမ် စီးဆင်းလို့...
ဒါကိုပဲ ငါတို့အားလုံး မြတ်နိုးခဲံ့ကြပုံ...

မယုံနိုင်စရာကောင်းနေတာက...
မင့် တည်ငြိမ်နေမှု...
အခုကို ငါတို့အားလုံး သတိရနေကြသေးတယ်...
မင့် ကမ်းပါး နံဘေးမှာ
ငါတို့တွေ တေးဆိုခဲ့ကြပုံ...

မိုးမခပင်တွေ...
တို့... သက်သေတည်...
စိမ်းယဉ်သော အေးမြကန်သာမြေ...
ရိုးမတောင်ခြေ...
နေရောင်မခတဲ့ တောင်တွေ...
ငြိမ်းအေးစေ...

မင့် ရေတိမ်ရာ... ရေနက်ရာတွေဟာ...
ငါတို့ အားလုံးအ တွက် သင်ခန်းစာတွေ ဖြစ်ခဲ့...

မင်းက ငါတို့ အားလုံးကို သွန်သင်လေတယ်...
တကယ်တော့ မင့် ရေတွေက ကြည်လင်ပါတယ်လေ...

ATN

Dec 15, 2010

ပြည်သူ

http://www.facebook.com/note.php?note_id=10150347797390274#!/note.php?note_id=10150346928830274

ဘယ်သူက စားတာလဲ...ဟဲ့...
အခမ်းအနားတွေမှာလည်း... အလဲလဲ အပြိုပြီု...
အနှစ် ၂၀ ဆိုရင် လည်း...
အနှစ် ၂၀ ပေါ့-...
ငါတို့မှာသာ မျက်ရည်တွေနဲ့....

ATN

Dec 6, 2010

ရန်သူက အဟောင်း... မင်းတို့ ယောက်ယက်ခပ်နေမှုက အသစ်

မျက်နှာစာအုပ်ကို ဖတ်မရဘူး-ဆိုတဲ့... _ီ _ီ အတွက်

http://www.facebook.com/note.php?note_id=10150339589830274

တချို့ စကားလုံးတွေကို ငါ တော်တော် အမြင်ကပ်နေတယ်... (အခင်းအကျင်းအသစ်... တဲ့) ဟေး... သည်မှာ ဘာပဲဖြစ်ဖြစ်... ဘာပဲပြောပြော... မင်းတို့ ငါတို့ အားလုံး ရင်ဆိုင်နေရတာ... ရန်သူအဟောင်းကြီး... ဒါကို ကောင်းကောင်း နားလည်ကြဖို့လိုတယ်... ရန်သူတောင်... ရိုးရိုး ရန်သူ မဟုတ်ဘူးကွ... ဖက်ဆစ်... ဖက်ဆစ်... ဒေါ်စုကိုယ်တိုင် ဖက်ဆစ်နဲ့ ရင်ဆိုင်နေရမှန်းသိတယ်... (ကျမတို့ဟာ... ဖက်ဆစ်စနစ်နဲ့ ရင်ဆိုင်နေရပါတယ်ဆိုတာ ကမ္ဘာက သိစေချင်ပါတယ်... လို့... သူကိုယ်တိုင် ပြောသွားခဲ့ဖူးတယ်...) မင်းတို့အားလုံး... ရန်သူ့လက္ခဏာ သတ်မှတ်ချက်ကို လေ့လာလိုက်ကြဦး... ရန်သူက တခုခုလုပ်လိုက်မှ... ဘာလုပ်ရမလဲ... ဒါဟာ ဘာလဲ... အခင်းအကျင်းအသစ်ပဲ ဆိုပြီး... ရန်သူ့နောက်မြီးဆွဲ လုပ်မနေကြနဲ့တော့... သိပ်ဆွဲချင်နေရင်... ရန်သူ့ (×××) သာ ဆွဲလိုက်ကြပေတော့... ခင်ညွှန့် ဗီဒီယိုလေးတခု ထွက်လာတာနဲ့ အားလုံး မျက်ကလဲ ဆန်ပြာကြ... အဲဒါ... ဘာမှ မဟုတ်ဘူး... ငါ့သူငယ်ချင်း ကိုလင်း ပြောသလို ထပ်လိမ်မလို့ လုပ်နေတာ... သိပ် ယောက်ယက်ခပ်မနေကြနဲ့... နေမြဲအတိုင်းနေ... စားမြဲအတိုင်းစား... လုပ်မြဲအလုပ်ကို ဆက်လုပ်ကြ...နေမြဲ... စားမြဲ...နဲ့... မျိုးးချစ်တွေ ဖြစ်နေကြတာကို ငါတို့အားလုံး နားလည်တယ်...  သိပ်ပြီးတော့ တိုက်ချင်ခိုက်ချင် ပစ်ချင် ခတ်ချင် သူရဲကောင်းလုပ်ချင်ကြရင်တော့... VBSW ဆီကိုသွား... http://www.facebook.com/photo.php?fbid=1536219843163&set=a.1142420198418.2022934.1164863114#!/video/video.php?v=1425859737795 ... ငါကတော့ ပစ်ဖူးပြီးပြီ... တိုက်ဖူးပြီးပြီ... မသေရဲတော့လို့ အမေရိကကို ရောက်လာတာ ရှင်းပြီလား... လျှောက် အော်မနေကြနဲ့တော့... ပြီးတော့ စကားလုံးတွေနဲ့ ငါ့ကို လာမပစ်နဲ့တော့... ငါက မပစ်ချင်လို့ ကြည့်နေနေတာ... ငါပြန်ပစ်ရင် တမိနစ်ကို စကားလုံး သုံးထောင်လောက် ထွက်လာလိမ့်မယ်...

Dec 4, 2010

အမှတ်တမဲ့ သိမ်းဆည်းထားမိသော အမှတ်တရများ



















၁၉၈၈ ခုနှစ်
ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

 သူ့ထက် ၈ နှစ် ငယ်သော်လည်း မိဘများအချင်းချင်းက သူငယ်ချင်းတွေ ဖြစ်နေလေသည်မို့ သည်ကောင်မလေးနဲ့ သူကလည်း သူငယ်ချင်း ဖြစ်နေရသည်လေ။ သည်တော့ သူကသာ ဆရာဖြစ်နေသော်လည်း သူ့ကို ဘယ်တုန်းကမှ ဆရာ မခေါ်ခဲ့ဖူးသော သည်ကောင်မလေးကိုလည်း အပြစ် မဆိုသာ။ နှစ်အိမ့် တအိမ်လို အကြောင်းသိတွေ ဖြစ်နေခဲ့သော မိသားစု နှစ်ခုဖြစ်သည်မို့ လူငယ်ဘာဝ သူ ဆိုးသွမ်းခဲ့ဖူးသည်များကိုလည်း သိထားသော သည်ကောင်မလေးက တခါတခါလည်း သူ့ကို - လူဆိုးကြီး - ဟုလည်း နောက်ပြောင် ခေါ်တတ်သေးသည်။ ကျောင်းသူ ကျောင်းသားတွေ အားလုံးက သူ့ကို ဆရာ-ဟု ခေါ်နေကြသည့် သူ့ စာသင်တန်းမှာ လာတက်ရင်း သူ့ကို လူရှေ့ သူရှေ့မှာ သည်ကောင်မလေးက - ကိုကြီး - ခေါ်သည့်အတွက် - ဆရာ - ခေါ်ရန် လူကွယ်ရာအချိန်မှာ  သူ ငေါက်ငမ်းခဲ့ဖူးသည်။ ထိုအခါ ဂျစ်တီး ဂျစ်ကန်မျက်နှာဖြင့် - လူဆိုးကြီး အကို ဆရာ - ဟု အကျယ်ကြီး အော်ကာ သူ့ရှေ့မှ လွယ်အိတ်ကလေး ဆွဲကာ ထွက်ပြေးသွားခဲ့ဖူးသော သည်ကောင်မလေး အပေါ် သူ့ရင်ထဲမှာ သံယောဇဉ်တွေ ထူထပ်နေခဲ့ဖူးသည်ကို သူ အမှတ်ရသည်။

ခုတော့ - လူဆိုးကြီး အကို ဆရာ - မှာ ဒဏ်ရာများနှဲ့ အလူးလူး အလိမ့်လိမ့်ဆိုသည်ကို သည်ကောင်မလေး သိပါလိမ့်မည်လား...
------------------------------------------------


၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက် နံနက် (၁၀) နာရီ
(၁၆) ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ ရန်ကုန်တိုင်း၊ မြန်မာပြည်

ဝိုင်း ကျူရှင်ဆရာအဖြစ် ၈ တန်း - ၉ တန်း - ၁၀ တန်း ကျောင်းသားများကို အင်္ဂလိပ်စာသင်ကြားနေခဲ့သော သူ့နေ့ရက်များ ကုန်ဆုံးလေပြီ။ သူ့ ၁၀ တန်း စားပွဲဝိုင်း အတန်းမှ ကျောင်းသားကျောင်းသူများ အားလုံးကို အိမ်ပြန်ခိုင်းလိုက်သည်။ သူ့စားပွဲဝိုင်းကျူရှင်များ အားလုံးကို အပြီးတိုင် သိမ်းလိုက်ပြီဖြစ်ကြောင်း သူ ပြောလိုက်သည်။ ကျောင်းသူ ကျောင်းသားအားလုံး အိမ်ပြန်ကြပြီ။ သည်ကောင်မလေးတယောက်သာ စားပွဲဝိုင်းမှာ ပေကပ်ကျန်နေရစ်သည်။

ကိုကြီး ဘာလို့ အဲလို လုပ်တာလဲ....

စားပွဲမှ ထိုင်ရာမထ မော့ကြည့်ရင်း သူ့ကို ပေကပ်ကပ် မေးနေသော မျက်နှာလေးတခုကို  အဖြေမဲ့စွာ သူ ငေးကြည့်နေမိလေသည်။

----------------------------------------------

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်
သေ့ဘောဘိုးရွာ၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

အိပ်မက်မက်နေသလိုလို သူ့ကိုယ်ကို သူ ပြန်လည်တွေ့ရှိမိသည့်အခါ တောနက် တခုအတွင်းမှာ ဖြစ်လေသည်။ ကရင်ပြည်နယ်ထဲရှိ ထိုင်း-မြန်မာနယ်စပ်အနီးက မှောင်ခိုဈေးကလေးတခု၏ လမ်းအလယ်မှာ သူ လျှောက်နေမိပါသည်။ သို့သော်လည်း သူ တယောက်တည်း မဟုတ်။ ထောင်ချီနေသော လူငယ်များ အကြားမှာ...

---------------------------------------------------

၁၉၈၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်
သေ့ဘောဘိုးရွာ၊ သေ့ဘောဘိုးစခန်း ထောက်ပံ့ရေးရုံး၊ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်

မိုးများ တဖွဲဖွဲကျနေသည့် မနက်ခင်းကို သူက ပျင်းရိငြည်းငွေ့စွာ ကြည့်နေစဉ်လေးမှာပင် အကောက်ဂိတ်ဖက်မှ တက်လာသည့် မိန်းကလေး (၃) ယောက်ကို သူ လှမ်းကြည့်နေမိသည်။ တဖြည်းဖြည်း နီးနီးလာသော အရိပ် (၃) ခုက သူ့ ရုံးအရှေ့သို့ ရောက်ရှိ ရပ်တန့်သွားသည့်အခါ မိုးရေများနှင့် ရွှဲစို စုတ်ပြတ်နေသည့် မျက်နှာ ၃ ခုကို သူ သေချာ ကြည့်လိုက်မိသည်။ သည်အခါ မျက်နှာလေး တခုက သူ့ကို ထခုန်မိမတတ် အလန့်တကြား ဖြစ်သွားစေသည်လေ။
- ဟာ... ညီမလေး.... -
- ကိုကြီး... -
မယုံကြည်ချင်စရာ တွေ့ဆုံမှုကို သူ အံ့သြနေလေသည်။
- နင်ဘယ်လို လုပ်ရောက်လာတာလဲ... ညီမလေး - သူ မေးမိသည့်အခါ...
- ကိုကြီး ရှိတယ် ကြားလို့ လိုက်လာတာလေ... - ဆိုသော အဖြေအပေါ်...
- နင် ရူးနေလား... - ဟု စိတ်တိုစွာ အော်ငေါက်မိသည့်အခါ...
- သမီး ရူးတာ မဟုတ်ဘူး... ယုံကြည်နေတာ... - ဟု ထော်လန်နေသော နှုတ်ခမ်းပါးလေးများကိုလည်း သူ ကောင်းကောင်း အမှတ်ရနေခဲ့ပါသေးသည်။

-----------------------------------------------

၁၉၈၈ ခုနှစ် နိုဝင်ဘာလ
သေ့ဘောဘိုးစခန်း၊ ဒူးပလယာခရိုင်၊ ကရင်ပြည်နယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ခေါ် ABSDF ကို ဖွဲ့စည်းခဲ့ပြီ။ သူသည်လည်း တပ်ဦးမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီ။ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်မိကြသည့်အလျောက် စစ်သင်တန်းပေါင်း မြောက်များစွာကိုလည်း တက်ရောက်ခဲ့ကြရလေသည် မဟုတ်လား။

-----------------------------------------------------

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ
အထူးစစ်ဆင်ရေး သင်တန်းစခန်း၊ မဲကလချောင်းကမ်းနံဘေး၊ ၊ ကရင်ပြည်နယ်

- အေကေ... -
- ဟုတ် ... ဗိုလ်မှူး... -
- မိန်းကဲမ့်ကို ငှက်ဖျား လူနာတယောက် သွားပို့ရမယ်... ရဲဘော် တယောက်ယောက်နဲ့ ခင်ဗျား ထမ်းပို့လိုက်ပါ... -
- ဟုတ် -
နောက် မိနစ် ၃၀ အကြာ... လူနာကို စစ်ပုခက်ဖြင့် ထမ်းသယ်လာသည့်လမ်းမှာ သည်ကောင်မလေးနဲ့ သူ့အဖော် တယောက်ကို မျက်နှာချင်းဆိုင်မှ လာနေသည်ကို လှမ်းတွေ့လိုက်ရသည်....
- ဟဲ့... ဘယ်သွားမလို့လဲ... -
- အာ... ကိုကြီး... ဖျားနေတယ် ဆိုလို့... သမီး... လာတွေ့တာ... ခုတော့... ကိုကြီးက သူများကို ထမ်းလို့... -
- ငါ ဖျားနေတယ်... ညည်းကို ဘယ်သူက ပြောလို့လဲ... -
- ကိုနေဦးကြီးလေ... -


ဘာပဲဖြစ်ဖြစ် သူကျေနပ် ကြည်နူးနေမိသည်...

-----------------------------------------------------------------------------

၁၉၈၉ ခုနှစ် ဇွန်လ (၁) ရက်

သေ့ဘောဘိုးစခန်း၊ ကရင်ပြည်နယ်
ဖလူး-ခံစစ်စခန်းသို့ မ၀င်မီ

- ညီမလေး... ကိုကြီး လာနှုတ်ဆက်တာ... -
- သမီး... သိတယ်လေ... -
- မသေရင် ပြန်တွေ့မယ်... -
- အဲလို မပြောနဲ့လေ... ကိုကြီး...
နေဦး... အမှတ်တရ... ကိုကြီး မသွားခင်... စစ် အင်္ကျီချင်း လဲချင်တယ်... -
- လဲပေါ့... -
ထိုနေ့က အပြန် အလှန် လဲလှယ်ခဲ့သော စစ်အကျီ၏ ဘယ်ဖက်ရင်ဘတ်နေရာမှာ ဘောပင်အပြာရောင်နှင့် ကောင်မလေး ရေးထားခဲ့သော စာတမ်းလေးကို ယခု သူ လွမ်းပါသည်...

Love me ever... Forget me never...

--------------------------------------------------------

၂၀၀၈ ခုနှစ် ဇွန်လ (၂၆) ရက်
ဘိုကာရာတွန်မြို့၊ ဖလော်ရီဒါပြည်နယ်၊ အမေရိကန်ပြည်ထောင်စု


အလုပ်က သူ ပြန်ရောက်လာသည်။ သူ အလုပ်လုပ်ရာ စတိုးမှ ဆွဲချလာသည့် ကိုရိုနာ ဘီယာ (၆)လုံးကဒ်ကို ရေခဲ သေတ္တာထဲ ထည့်လိုက်သည်။ ရေမိုးချိုးပြီးနောက် ကိုရိုနာ တလုံးကို ဖွင့်လိုက်ပြီး သူ့ကွန်ပြူတာ စားပွဲမှာ ထိုင်လိုက်သည်။ ဘာလိုလိုနှင့် သူ ဘလော်ဂါတယောက် ဖြစ်လာသည်မှာ (၆) လ ကျော်နေပြီ မဟုတ်လား....

အလုပ်ထဲမှာ အလုပ်လုပ်ရင်း ပေါ်လာသည့် အတွေးစတွေကို ဆွဲယူရင်း ကဗျာတပုဒ် ရထားသည်ကို သည်နေ့ညတော့ သူ့ ဘလော့အပေါ် တင်ရဦးမည်။

ဘလေါ်ဂါဒေါ့ကွန်းကို ဖွင့်လိုက်ရင်း သူ့ ဘလော့စာမျက်နှာကို ကြည့်လိုက်မိသည်။ ဘယ်သူတွေ ဘာတွေ အသစ် တင်ထားကြသည်လဲ...

သူ ဖတ်နေကျ ဘလော့တွေကိုတော့ သူ့ဘလော့လေး၏ ဆိုဒ်ဘားမှာ သူ လင့်လုပ်ထားခဲ့သည်။ ဆိုဒ်ဘားကို ဖြည်းဖြည်းချင်း ကြည့်လိုက်မိသည်။

ဟား... နွေနှင်း-ဘလော့မှာ... အသစ်တင်ထားပါ့လား... ရခဲ့ဖူးသော ပိတောက်တခက် - ဆိုပဲ...

နွေနှင်း-ဘလော့လေးက အရောင်စုံလှသည်။ သုတ-ရသ စာစုံသည်။ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ၀တ္ထုတိုလေးတွေနဲ့ ဝေေ၀ဆာဆာ။ စာအရေးကလည်း ကောင်းလှသည်။ သူနှစ်ခြိုက်သည့် ဘလော့ တခုပေမို့ သူ့ဘလော့မှာ လင့်ချိတ်ထားမိခြင်း ဖြစ်သည်။

နွေနှင်း-လင့်ကို သူ့ မောက်စ်ဖြင့် ကလစ်လိုက်သည်....

ပိတောက်ပန်းခက်ကလေးတခုကို ဓါတ်ပုံတပုံဖြင့် တင်ထားသည်ကိုတွေ့ရသည်။

---------------------------------------------------
ပိတောက်ပန်းတွေ ပေးခဲ့ဖူးတာ သတိရတယ်...

အဲသည်နေ့က ခြောက်ခြောက်သွေ့သွေ့နဲ့ ရာသီဥတုက လွမ်းစရာတော့ အကောင်းသား... ဘာကို လွမ်းလို့ လွမ်းနေမှန်းမသိ... လွမ်းလို့ ကောင်းနေတုန်း... ပိတောက် တဆုပ်... လက်ဆောင်ရခဲ့ဖူးတာ... ဘ၀မှာ ... မှတ်မှတ်ရရ ဖြစ်နေတယ်... အဲဒီ ပိတောက်ပန်းတွေ... ဘယ်က ရခဲ့သလဲလို့လည်း သူ့ကို မမေးဖြစ်ခဲ့ဘူး... ကိုယ်တိုင် တက်ခူးလာခဲ့တာလား... (သူ့ကို ကြည့်ရတာ သစ်ပင်ကော တက်တတ်ပါ့မလားလို့... )... သူများကို တက်ခူးခိုင်းခဲ့တာလား... ပိုက်ဆံပေးပြီး... ၀ယ်ခဲ့တာလား... (သည်လို ... တောထဲ တောင်ထဲမှာတော့... ပိတောက်ပန်း ရောင်းမယ့်သူ... ဘယ်လိုမှ မရှိဘူး... သေချာတယ်...) ဘယ်လိုပဲ ရလာရလာပါ... ရှားရှားပါးပါး ဒေသမှာ... ကိုယ့်အတွက် အမှတ်တရ... ယူလာပေးတဲ့အတွက်... ထာဝရ အမှတ်တရ ဖြစ်နေလေတော့တယ်...

အပွင့်ဝါ၀ါ သေးသေးလေးတွေနဲ့ စိမ်းစိုပြီး ဖားဖားဝေနေတဲ့ ပိတောက်ရွက်တွေ... အဲသည် ပိတောက် အဆုပ်ကလေးတွေကလေ... သေသေချာချာ ပြင်ဆင်ထားတာကို မဟုတ်ပဲနဲ့... သဘာဝကျကျ... အရမ်းကိုလှနေလိုက်တာ... ပြန်တွေးမိတိုင်း... ရင်ထဲမှာ ကြည်နူးတယ်...

အဲသည် ပိတောက်ပန်း တခက်လောက်... ရင်ထဲမှာ ချစ်ခင် နှစ်သက်ရမယ့် ပန်းမျိုး... ဘ၀မှာ နောက်ထပ် မတွေ့ခဲ့တော့ပါဘူး...

အဲသည်တုန်းက ... ဘာရာသီလဲ... ဧပြီထဲမှာပဲလား... အချိန်တွေ... လတွေ... နှစ်တွေ... သိပ် မစဉ်းစား... အမှတ်မထားမိခဲ့တဲ့ အချိန်တွေကို... သူ့ဘာသာသူ... ကုန်ဆုံးနေစေခဲ့ချိန်တုန်းကဆိုတော့...

အဲသည် ပိတောက်ခက်ကလေးကို... သူ... ကိုယ့်ကို... ဘယ်လို ပေးခဲ့တယ်.. ဘယ်တုန်းက ပေးခဲ့တယ်... ဆိုတာ... သေချာကို မမှတ်မိတော့ဘူး...

ဒါပေမယ့်... အဲသည့် ပိတောက်ခက်ကလေးကိုမြင်ပြီး အရမ်းကို စိတ်လှုပ်ရှားနေခဲ့မိတာကိုတော့ သိတယ်... ကျေနပ်နှစ်သက်စွာ... ပြုံးပျော်နေခဲ့မိတာကိုလည်း... သတိရတယ်...

သူ့ကိုရော ပိတောက်တခက်အတွက်... ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ဖူးသလား... ကိုယ် မမှတ်မိ...

သူ့ ပန်း ပိတောက်လေးတွေကိုယူရင်း... ဟန်ဆောင် ပန်ဆောင် ကိုယ် ရှက်ပြခဲ့ဖူးသလားတောင် ကိုယ် မမှတ်မိ...

သတိရတယ် ကိုကြီးရယ်...
ပိတောက် တခက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်...

---------------------------------------------

သူ့ရင်တွေ တဒုန်းဒုန်း ခုန်သွားတော့သည်.....

နွေနှင်း...
နွေနှင်းသည် ညီမလေးလား....
ဟိုးလွန်ခဲ့သည့် (၁၉) နှစ်က သင်္ကြန်တွင်း မဟုတ်သော်လည်း အဲသည် တောနက်နက်ကြီးထဲမှာ လာပွင့်နေသည့် ပိတောက်ပန်းများကို ညီမလေးအတွက် တက်ခူးပြီး လက်ဆောင် ပေးခဲ့ဖူးသည်ကို သူ သတိရမိသည်။

ခုတော့ ကွဲကွာခဲ့ကြသည်မှာ အနှစ် (၂၀) ပင် ပြည့်တော့မည်မဟုတ်လား...

နွေနှင်း-ဘလော့စာမျက်နှာမှာ သူအသည်းအသန် လိုက်ရှာနေမိသည်က အီးမေးလ်လိပ်စာ....

-------------------------------------------------------------

သည့်နောက်မှာတော့ ဖန်မျှင်အလင်းတန်းထဲမှာ သူတို့ နှစ်ဦး ပြန်ဆုံကြသည်...
ဝမ်းနည်း ၀မ်းသာ...
ဂျီတော့ခ်ပေါ်မှာ... စွန်းထင်းသွားခဲ့သော မျက်ရည်စ တချို့ကို... သူတို့ နှစ်ယောက် အပြန်အလှန် သုတ်ပေးခဲ့ကြဖူးသည်...။

သည်လိုနှင့် ဟိုး လွန်ခဲ့သော (၁၉) နှစ်က မပြောခဲ့ဖူးဘူးသော စကားများကို ဖန်မျှင် အလင်းတန်းတွေကြားမှာ သူတို့ နှစ်ဦး ပြောဖြစ်ခဲ့ကြသည်။
သက်တံတစင်းကို နှစ်ယောက်သား ဖန်ဆင်းဖြစ်ခဲ့ကြသည်။
ထို အချိန်ကာလများကို မည်သို့ သိမ်းဆည်းထားရမည်လဲ...
သူမသိပါ...

သို့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ဘ၀မှာ... လူသားဆန်ခဲ့မိသော သူတို့ နှစ်ဦးသည် ဆက်လက်ပြီး လူသားဆန်ကြရဦးမည် မဟုတ်လား...

သူတို့ နှစ်ဦးသည် (ဂျူး၏စာကို ခေတ္တ ငှားသုံးရလျှင်... ) ကြိုးနှင့်သီကုံးထားရန် မလိုသော ပန်းကလေး နှစ်ပွင့် မဟုတ်လား....

----------------------------------------------------

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ (၃) ရက် မနက် ၁ နာရီ
ပို့လန်းမြို့၊ အော်ရီဂွန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု

သူ့ ကွန်ပြူတာ မော်နီတာပေါ်မှ အစိမ်းရောင် အစက်ကလေးကို အတော်ကြာကြာ သူ ငေးစိုက်ကြည့်နေမိသည်။
မတွေ့စေချင်လို့ ပုန်းနေသည်ကို.... ညီမလေး သိနေလေမည်လား... လှမ်းခေါ်လိုက်ရင် ကောင်းမလား.... စကားတွေ ပြောမိကြရင်လည်း နှစ်ဦးလုံး ထပ်မံနာကျင်ရဦးမည်... စသည် စသည် အတွေးများက သူ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဝေ့၀ဲလွင့်ပျံနေကြသည်လေ...

သည့်နောက်မတော့ ဂျီတော့ခ် ပေါ်မှ သူ sign-out လုပ်လိုက်သည်။ သည်ဂျီတော့ခ်အပေါ် မည်သည့်အခါမျှ သူတက်တော့မည် မဟုတ်ပါ။

မောက်စ်ကို ကိုင်ထားသော သူ့ညာဖက်လက်ခုံအပေါ် မျက်ရည် တစက်ကျလာမှ သူသည်... ညီမလေးကို အဘယ်မျှထိ ချစ်ခဲ့မိသည်ကို သိပါတော့သည်။

ATN

Dec 3, 2010

ခေတ်ပေါ် အချစ်အကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်





















(သည်စာမျက်နှာ ကနေ ပြန်လည် ကူးယူ ဖော်ပြပါတယ်)

အချစ်ဆိုတာ ပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်း စာမျက်နှာပေါ် အမြန် ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်း ကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက် ဖော်ပြသော ပူဆာမှု၊ တနေ့ ဖာလူဒါ တခွက် သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက် မြူမှုန် တစမကျန် ဆေးကြော သန့်စင်ပြီး ဦးနှောက်၊ အချစ်ဆိုတာ လိမ်လည် လှည့်ဖျားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြား နောက်ကျောက အမည် မသိ ဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္ထုနဲ့ အခွင့်အလမ်းနောက် ပြေးလွှားလိုက်ရင်း လမ်းမှာ ပြုတ်ကျ ကျန်ခဲ့တဲ့ ကိုယ်ကျင့် သီလ၊ ကျွန်တော် ကိုယ်တိုင် ရိုက်ပေးထားတဲ့ ဓါတ်ပုံ လှလှလေး အောက်မှာ သူစိမ်း တယောက်နဲ့။

အချစ်ဆိုတာ အပြန်အလှန် မြှူဆွယ် သာယာတဲ့ လူမှု အလေ့အကျင့်၊ အချစ်ဆိုတာ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်တဲ့ ယန္တရား၊ အချစ်ဆိုတာ အခြား တယောက်ရဲ့ ပိုက်ဆံ အိတ်ထဲ တစွန်းတစ လှမ်းမြင် နေရတဲ့ ဘ၀ အာမခံ၊ ဆေးဆိုင် တိုင်းမှာ အလွယ် တကူ ၀ယ်ယူ ရနိုင်တဲ့ ပဋိသန္ဓေ တားမြစ်ဆေး၊ Facebook Profile မှာ အိမ်ထောင်ရေး အခြေအနေမှန်ကို တမင် လျှို့ဝှက် ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုး မခိုင်လုံသော ဆင်ခြေများ၊ အများ မိုးခါးရေ သောက်လို့မှ လိုက် မသောက်ရင် အရူးပဲ ဆိုတဲ့ ယဉ်ကျေးမှု။

ခေတ်ပေါ် စကားလုံးတွေ အဓိပ္ပါယ် ထွေပြား ပြောင်းလဲနေသလို၊ အချစ်ဟာလည်း အဓိပ္ပါယ် အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။

အချစ်ဆိုတာ အတိတ်မေ့ ရောဂါ၊ အချစ်ဆိုတာ ဘာသာ စကားကို အလှပဆုံး ဆော့ ကစားခြင်း၊ အချစ်ဆိုတာ တနေ့ သုံးကြိမ် စိတ် အပြောင်းအလဲဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်း အိပ်စက်ခြင်း၊ အတွင်းခံ ဘောင်းဘီ လှလှ၊ ရင်သား အရွယ်အစားကို အမြင်အာရုံ မှောက်မှားမှု ဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေး ကွန်ရက်များ။

အချစ်ဆိုတာ သွေးသား ပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြဿနာ လုပ်ခြင်း၊ ကျွန်မ အယူအဆ ကတော့ တညတာနဲ့ တလစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲ ခွဲခြမ်း စိပ်ဖြာကြည့်ကြည့် နောက်ဆုံး ထွက်လာတဲ့ အဖြေ ပိုက်ဆံ၊ မူလ လက်ဟောင်းထက် အမျိုးအစား ပိုကောင်းတဲ့ ပစ္စည်း အသစ်တွေ ဈေးကွက်မှာ အဆင်သင့်၊ အသိုက် ပျက်တယ် ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။

အချစ်ဆိုတာ ပိုက်ဆံ ရှိရင် ဆယ်ကျော်သက် အပျိုစင်လို ဖြစ်အောင် အချိန်မရွေး Recycle ပြန်လုပ်ပစ်လို့ ရတယ် ဆိုတဲ့ အယူအဆ။

အောင်ရင်ငြိမ်း

Dec 2, 2010

ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မြတ်နိုးတွယ်တာသမျှရယ် 
မျှော်လင့်ချက်များစွာနဲ့ စောင့်စားခဲ့တဲ့ အချိန်များစွာ...
ကိုယ်နဲ့ မထိုက်မတန်ဖြစ်မယ်မှန်းကိုတော့ 
ကြိုတင်ကာ မစဉ်းစားခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

သူ့ရဲ့ကြည်ဖြူမှုအပေါ် ကျေနပ်ရလောက်အောင်လည်း 
မပြုစုမတုံ့ပြန်နိုင်ခဲ့ပါ...
အရာရာတိုင်းမှာ ချို့တဲ့လွန်းခဲ့တော့ 
ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

မဆုံးသော ခင်မင်မှုနဲ့ ကြည်နူးခဲ့မိစဉ်မှာ
ရက်စက်လိမ့်မယ် မထင်ဘူးကွယ်...
အခြေအနေ အဖြစ်မှန် အသိနောက်ကျခဲ့မှန်း
ကြိုတင်ကာ မသုံးသပ်ခဲ့မိဘူး...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...

အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့မှန်း
တကယ့်ကို သေချာလွန်းခဲ့ပြီ...
ကိုယ့်မချစ်ထိုက်သူနဲ့ ဝေးသွားရင် အတော်ဆုံးမို့
တသက်တာ ဝေးလွင့်ပြီ ယုံလိုက်တော့...


Get this widget | Track details | eSnips Social DNA

Nov 16, 2010

အမည်ပေးဖို့ရာ မနေ့ညက ငါမေ့သွားတဲ့ ကဗျာ













တဖြည်းဖြည်းချင်း အလျင်အမြန် နံရံပေါ်ချိတ်ထားတဲ့ ငါ့ရဲ့ပြက္ခဒိန်လေး အရိုးဆွေး ပိန်ပိန်ကျလာရခြင်း အကြောင်းကို သောကများနဲ့ ဖောင်းကားနေတဲ့ စွယ်တော် ရွက်ကလေးခမျာ မသိရှာလေတော့ မရယ်မောနိုင်ရှာပေါ့ နှစ်လွှာပေါင်းဖို့ရာ နှစ်နှလီ ဘယ်လောက်လဲ သင်အံကျက်မှတ်နေရပါသော အချိန်ကာလများ မောင့်အား နှိပ်စက်ကြပါပေ ကမ်းခြေမဲ့သွားသော ပင်လယ်များ သင့်အား ကျိန်ဆဲသွားသောအခါ မာယာ ဘာညာ ပလိစိချောက်ချက် နံနက်ခင်း အလင်းတံခါးများအကြား မြစ်များ ကန့်လန့်ဖြတ်စီးဆင်းရင်း ချစ်ခြင်းမေတ္တာအဖြစ် ပစ်ဇာတချပ်ကို လက်ထပ် စာချုပ် အဖြစ် စွဲမှတ် ယုံကြည်ခဲ့သူများ ကံကြမ္မာအား သွားဖြီးပြလိုက်ရုံမျှဖြင့်  နှင်းဆီပန်းများ ပွင့်ခဲ့ပါလိမ့်မည်ဟု သင်တို့အစား ကျွန်ုပ် မယုံကြည်ပါ ဆိုသောအခါ ကမ္ဘာမြေ ဖျားနာ နေထိုင် ကောင်းရုံ ချောင်းဆိုးရုံ နှာစေးရုံ ရှိရှိသမျှ အကုန် ဟုတ်ဟုတ် မဟုတ်ဟုတ် အလံစိမ်းများ လွှင့်ထူ သူလိုကိုယ်လိုနေ့တွေအပေါ်မှာ ငါ့နံမည် မပါစေနဲ့လို့ ကိုယ့်ကိုယ်ကို ပြောမိသော ၀က်တကောင်ကို လိပ်ပြာများက မည်သို့သော မှတ်ချက်များမှ ပေးမသွားပါဟု နားစွန်နားဖျား ကြားလိုက်မိသော စက်ရုပ်ခမျာ ဂူးဂဲဆာ့ခ်ျအင်ဂျင်အားဖြင့် ငါးပါးမြောက် ဓါတ်ကြီးကို စိတ်ညွတ်လေသည် ဆိုသောအခါ ကျွန်ုပ်မှာ ပြောစရာစကား ကုန်ပါပြီ...

Nov 13, 2010

သည်လိုပါပဲ ညီမလေးရယ်...













တိုက်ပွဲတွေဖြစ်နေတယ်...အကို...
အဲသလို... စိုးရိမ်တုန်လှုပ်ခြောက်ခြားစွာ...
ညီမလေးက ပြောရှာတယ်...

ငါကတော့...
ကျောက်ရုပ်လိုမျိုး...
မတုန်မလှုပ်...

ငါသိတယ်...
ညီမလေးက...
ကျောက်ရုပ်တွေကိုမှ... မတွေ့ဖူးသေးတာ...

ဒါနဲ့...
အေးဆေးပါပဲ...
ညီမလေးကို...
ငါ... ပြန်ပြောလိုက်တယ်...

ညီမလေးရဲ့...
မကြောက်နဲ့... 
နင့်ရဲ့ကျောက်ရုပ်ကို...
နင့်ရဲ့ရုပ်ကြွင်းတွေကြားထဲမှာပဲ...
ပြန်ရှာလိုက်ပါ... လို့...

ATN

Nov 5, 2010

ပုံရိပ်ဟောင်းများ

ချစ်သော ညီမငယ် ကေ တဂ်လိုက်သည့် ပုံရိပ်ဟောင်းများ ပို့စ်ကို ရေးဖို့ရာ ကျနော့်မှာ အခက်အခဲ ရှိပါသည်။ ကျနော်တို့ ဘူမိဗေဒ ကွင်းဆင်းချိန်က ယခုလို ဒစ်ဂျစ်တယ် ကင်မရာများ မပေါ်သေးပါ။
ထို့အပြင် တ၀လည်း... အင်နာလော့ဂ် ကင်မရာများကိုလည်း... မ၀ယ်ယူ မသယ်ဆောင်နိုင်သေးပါ... ။ ကျနော်နှင့် ကျနော်အပါအ၀င်ဖြစ်သော ဂရုဖ်လေးကလည်း ဆင်းရဲသား-သားသမီးများသာ ဖြစ်သောကြောင့် ကွင်းဆင်းချိန်မှာ ဒါ့ပုံများ ဝေေ၀ဆာဆာ မရိုက်နိုင်ခဲ့ပါ။ သည့်အတွက် ကွင်းဆင်း ပုံရိပ်ဟောင်းများကို သူ့လို ကံမကောင်းခဲ့သော ကျနော့် အဖို့ရာ... ဘလော့အပေါ်မှာ မည်သို့ တင်နိုင်ခဲ့ပါလိမ့်မည်နည်း...။

သို့အတွက်... ဘူမိဗေဒကွင်းဆင်း ပုံရိပ်ဟောင်းများအစား... ကျနော် တတ်နိုင်သည့် ပုံရိပ်ဟောင်းများဖြင့်သာ... သည်တဂ်ပို့စ်လေးကို ရေးလိုက်မိပါသည်...
ညီမငယ် ကေ... ခွင့်လွှတ်နားလည်ပါ...

------------------------------------------------------------------------
တနေ့ တနေ့ အလုပ်ကပြန်လာတိုင်း ရေမိုးချိုး အ၀တ်စားမလဲခင် လုပ်ဖြစ်သည့် အရာ နှစ်ခု ရှိသည်။

ဂျီမေးလ်ဖွင့်စစ်ခြင်းနှင့် မျက်နှာစာအုပ် ဖွင့်ဖတ်ခြင်း... ။

ဂျီမေးလ်ကတော့ သိကြသည့်အတိုင်း လူတကာသုံးနေသည်မို့... ။

ပြီးတော့လည်း ကိုယ့်ဘလော့လေးကို ဂျီမေးလ်ဖွင့်ပြီးမှ သွားတတ်သည်ကလည်း အကျင့် ဖြစ်နေပြီမို့...။

ဒါတောင် ကိုယ့်ဘလော့ကို နေ့တိုင်း ၀င်ကြည့်တတ်သည့် အကျင့်ကလည်း ပျက်ပြယ်နေသည်မှာကြာပြီ...။
ဘာလို့ဆို ကိုယ်က ပို့စ်တွေ သိပ်မတင်ဖြစ်သည်မှာလည်း ကြာနေပြီမို့လား... ။
ပို့စ်တခု တင်ဖြစ်မှသာ ကိုယ့်ဘလော့မှာ ဘယ်သူတွေ ဘာတွေ ကွန်မန့်ဝင်ပေးသွားလဲ... သွားကြည့်ဖြစ်သည်...။ သည်လိုနဲ့ ကိုယ့်ဘလော့ကိုလည်း ကိုယ့်ဘာသာပင် နေ့တိုင်း ဖွင့်မကြည့်ဖြစ်တော့... ။
(နေ့တိုင်းဖွင့်ကြည့်ဖြစ်သော ဘလော့ဂ် တခုတော့ ရှိပါသည်... မည်သည့် ဘလော့ဂ်လဲတော့ မမေးကြစေလိုပါ... ဇွတ်မေးလျှင်လည်း အီးမေးလ်မှတဆင့်သာ ဖြေကြားပါမည်... အီကားဇကားချပ်...း)

အလုပ်က ပြန်လာတိုင်း နေ့စဉ် မပျက်မကွက် ဖွင့် ဖတ်ဖြစ်နေသည်ကတော့ မျက်နှာစာအုပ်... ။

ဒါကလည်း အကြောင်း ရှိသည်...။

သည် မျက်နှာစာအုပ်ကြောင့်ပဲ... ဟိုးလွန်ခဲ့သည့် အနှစ် ၂၀ ကျော်က သူငယ်ချင်းများ... သေဖော်သေဖက်... တိုက်ဖော်တိုက်ဖက်... ရဲဖော်ရဲဖက်... သောက်ဖော်သောက်ဖက်... (ကဗျာ) ရူးဖော်ရူးဖက်များ... ကို... ပြန်တွေ့နေရသည်ကြောင့် မဟုတ်လား...။

ဘယ်သူက... ဘယ်ကို ရောက်နေသည်...
ဘယ်သူကတော့... ဘယ်အမည်နဲ့...ဘာတွေလုပ်...
ဘယ်သူကတော့... ဘာကြီးဖြစ်နေပြီ...
ဘယ်သူနဲ့ ဘယ်သူကတော့... ဘာဘွဲ့တွေရ...လို့...
ဘယ်သူ့ကို အက်ဒ်လိုက်ပါဦး အကိုရေ့...
အဲဒါ... ဘယ်သူပေါ့...

သည်လိုနဲ့ပဲ...
မျက်နှာစာအုပ်အပေါ်... မျက်နှာအပ်မိနေသည်က နေ့တိုင်း...
တရက်မှ မပျက်ကွက်...။

သည်လိုနဲ့ပဲ...
ပြန်မဆုံနိုင်ဖြစ်သော လမ်းပေါ်မှ
ကျောချင်းကပ်ခဲ့ဖူးကြသူများအားလုံးကို...
မျက်နှာစာအုပ်ထဲမှာသာ ပြန်တွေ့ရနေတော့သည်...။

သည်လိုနဲ့ပဲ...
ဟိုးလွန်ခဲ့သော အနှစ် ၂၀ ကျော်က မျက်နှာဟောင်းများကို...
မျက်နှာစာအုပ်၏ စာမျက်နှာအသစ်များမှာ
မယုံနိုင်စရာ ပြန်ပြန်တွေ့နေရသည်... မဟုတ်လား....။

သည်မျက်နှာစာအုပ်ကြောင့်ပဲ...
အဆက်ပြတ်နေသည့် စာမျက်နှာများကို...
သံယောဇဉ်ကြီးစွာ... သူ... ပြန်လည် စီထပ်မိပါသည်...။

သည်အခါ
သည်စာမျက်နှာများကို အမှတ်တရအဖြစ်...
မှတ်တမ်းတခု... တင်ထားပစ်လိုက်ချင်ပါသည်။

သည်မှတ်တမ်းသည်ပင်...
သူအပါအ၀င်... သူနှင့်ရင်းနှီးခဲ့ဖူးသူများအတွက်... ပုံရိပ်ဟောင်းဖြစ်ပါသည်...။

-------------------------------------------------------------------


Oct 23, 2010

ငါတို့ ရင်ဘတ်ပေါ်က အလံ











ခုတလောမှာလေ...
အလံတွေ အကြောင်းကို...
ခေါင်းမူးအောင် ဖတ်နေရ...

သေချာနေသည်က
မည်သည့် အလံမဟူ...
တလူလူ လွှင့်နိုင်ဖို့အတွက်..
ယုံကြည်ချက်နဲ့
အသက်၊ သွေး၊ ချွေးများ..
စတေးခံထားရသည်- ဆိုတာပါပဲ...

မည်သည့် အလံတစင်းမျှ...
ငါတို့ ရင်ဘတ် အပေါ်မှာ အလကားမတ်တင်း...
သွေးနှင့် မရင်းပဲ...
လွှင့်ထူခွင့် အလျဉ်း မရှိစေရ...

ATN

Oct 22, 2010

အလံတွေရဲ့ အကြောင်း











အလံတွေ အကြောင်းကို
အလောင်းတွေ ကျန်တော့မှ
ပြောပြတော့မယ်... နှင်း...

ဝါတယ်...
(အ၀ါရောင် ဆိုတာကတော့ -
ဘာသာရယ်... သာသနာရယ်... ထွန်းမည်...)
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

စိမ်းတယ်...
(အစိမ်းရောင် ဆိုတာကတော့ -
စပါး၊ ဆန်၊ ရေ၊ အထွေထွေ ရတနာ ပေါမည်...)
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

နီတယ်...
(အနီရောင် မြင်သူ့အသည်းမှာ -
ရဲစိတ် ရဲမာန် ထက်သန်ရမည်... )
အနှစ် နှစ်ဆယ်.. သုံးဆယ်... လေးဆယ်... ငါးဆယ်...
သနားတယ်...

(တို့ဗမာ ကုန်းဘောင်အနွယ်မှန်သည်...
သုံးရောင်ခြယ်...အလံတော်ကြီး...
ကမ္ဗည်းနဲ့ စိုက်ထူမည်...)

အလံတွေ အကြောင်းကို...
အလောင်းတွေကျန်မှပဲ ပြောရတော့မလား... နှင်း...

ငါကတော့ ...
ခွပ်ဒေါင်း အလံ အဟောင်းအမြင်းလေးကို လွှင့်တင်...
ကောင်း သတင်းလေးတွေကို... ချစ်ခင်...
ဆောင်း သီချင်းတေးတွေကိုပဲ... ဟစ်ချင်... နေ... တော့... တယ်...

ATN

Oct 21, 2010

ဘဝတသက်တာ သောက်ဖော်သောက်ဖက်များ အားလုံးသို့













ဘဝတသက်တာ သောက်ဖော်သောက်ဖက်များ အားလုံးသို့

ငါ မူးဘို့ကြိုးစားနေတယ်
အနှစ်နှစ်ဆယ်သုံးဆယ်လုံးလုံး ကြိုးစားခဲ့တာက အရာမထင်ဘူး ဒီနေ့တော့
တကယ် မူးဘို့ကောင်းပြီ ဒီလောက်ဆို နေ့လည်ကတည်းက စ အားထုတ်ရတယ်
ရေခဲလုံလောက်ဖို့ ကြိုတင်ပြင်ဆင်တယ် နေအပူဒဏ်ကို အဝတ်တွေ နဲ့ကာကွယ်တယ်
စိတ်အပူကိုတော့ ရူးသလို ပေါသလိုလုပ်နေခြင်းဖြင့် ကာကွယ်တယ်
မှောင်အောင်စောင့်တယ် ခွက်ပုန်းသမားတယောက်ပီပီ ကျီးကန်းတောင်းမှောက်
ကြွက်လိုလှစ်ကနဲ ကျွတ်ကျွတ်အိတ်ဆွဲကာ အခန်းထဲပြန်ဝင်တယ်
သူ့နေရာနဲ့သူ နေရာချတယ် ခွမ် လို့ ပုလင်းခတ်သံ ၂ ခါတိတိမြည်တယ်
မလိုအပ်ပဲ ချွတ်နင်းနေတဲ့ ဟိုလူ (ဟိုလူ ဆိုတာ ကိုယ့်ကိုယ်ကို ပြောတာ)
အမြည်းထည့်ဘို့ခွက်(ပန်းကန်) ကို ဇံရွေးနေသေးတယ်
ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးပုလဲအလှ ရွာစေချင်ပေ…
စောင်းဦးဘသန်းလက်သံ တေးစာသားကို ကြားယောင်မိ (တူတွေ ဘယ်ပျောက်နေလဲ)
နောက်ခွက်တွေ ငှဲ့တဲ့အခါ ဝေလ်ပါဝါ သုံးပြီး ‘ဒီတခွက် မူးရမယ် မူးကိုမူးရမယ်’ အမိန့်ပေးတယ်
လက်မတုန်ပဲ လောင်းထည့်တယ် အမြှုပ်ကလေး မဆိုစလောက် ထ တယ်
ပြောပြီးပါပကောလား သျှတ္တရကျမ်းနဲ့ မညီတဲ့အတွက် လှတယ်လို့ မပြောဝံ့ဘူးဗျ သေမလောက်
ကြောက်တယ် ဒီသေရည်သေရက်ကို လုပ်ကောင်းတယ်လို့မထင်တာကြာပြီ ထုံ့ပိုင်း
Tract 06 ပြန်စတယ် စာသားတော့ဖမ်းမရဘူး ‘တယ့်နယ် တူနယ် ဗျောင်’ တော့ပါတယ်
မူးချင်တာအဓိကဝါဒ ဒါ ဘယ်ဝါဒရဲ့လက်အောက်ခံမှ မဟုတ်ဘူး ရိုးသားတယ် ပွင့်လင်းတယ် ကိုယ်ပိုင်
ဟန်ရှိတယ် ပုန်းလျှိုးကွယ်လျှိုးက ၁၅ ကျပ်သားလောက်ပဲပါတယ် မူးခဲ့ပေါင်းများလှပြီ ဒီညလောက်
အလိမ္မာဖက်နေတာမျိုး ‘ကြုံ..ကြုံဖူးပေါင်’ ဘယ့်နှယ် မူးစေတတ်တဲ့အရာ ပါးစပ်ထဲအကြိုက်လောင်းထည့်
နေတာတောင် မမူးဘူးလို့ မမူးချင်ယောင်ဆောင်နေတာလား ဟေ့ကောင်(ဟေ့ကောင်ဆိုတာလဲ
ကိုယ့်ကိုယ်ကိုပြောတာပဲ) ဥာဏ်ကလေး တထွာတမိုက်နဲ့ စောက်နက်ဆန်ကော ယောင်မဆောင်နဲ့ ဒါတွေ
ငါတို့က ဖြစ်သွားတာ ခပ်တည်တည်ဖြဲလိုက်တာပဲ ချာတိတ်တွေက ဘယ်ဖြုံမလဲဒီလောက်နဲ့ကပ်သီး
ကပ်သပ် ငါက ဘယ်အရေခွံကို ခြုံရမှာတဲ့တုန်း မနောက်နဲ့ ကိုယ့်လူ ဘလာတွေ ဘလပ်တာ နူးတာမျိုးတော့
လာရှိုးမနေနဲ့တော့ မင့် ဝင်းဒိုး မင်း ခိုင်အောင်လုပ်ထား ဗိုင်းရပ်စ် နိုင်အောင်သတ်ထား ငါမူးပြီးမှဆို ပြောရဆိုရ ကောင်းမှာမဟုတ်တော့ဘူး မူးပဲ မမူးနိုင်ဘူး ဒီသောက်အရက်ကလဲ အဲလေ မသောက်လို့ ဝါးပြီး
မြိုချရတဲ့ အရာမျိုးမှ မဟုတ်တာ။ ။

ခင်အောင်အေး
၅၊ ဧပြီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၀၁ နာရီ

Oct 18, 2010

ကြည်ကြည်ရဲ့ဒိုင်ယာရီ

ဘလော့တွေ လျှောက် မလည်နိုင်တာ မလည်ဖြစ်တာ အတော်ကြာပြီ။ အချိန်မရတာ အလုပ်များတာနဲ့ ဂူးဂဲလ် ရီဒါထဲကသာ ဘလော့တွေကို ထိုင်ဖတ်ဖြစ်နေတော့သည်။ ကိုယ်ဖတ်နေကျ ဘလော့တွေကလည်း ရာကျော်အောင် များမှများ ဆိုတော့ကာ ခုနေအခါမှာတော့ ဘယ်ဘလော့ကိုမှ တိုက်ရိုက်သွား မဖတ်ဖြစ်တော့။ (ဒါပေသည့် နေ့တိုင်း ဖွင့်ဖတ်ဖြစ်သည့် ဘလော့ တခုတော့ ရှိနေပါသေးသည်။ ဘယ်ဘလော့ပါလိမ့်-ဟု စပ်စုချင်သူများ အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါသည်...း)

ဖတ်နေကျ ဘလော့တွေထဲမှာမှ သိပ်ကြိုက်လွန်းသည့် ပို့စ်တွေရှိသည့် ဘလော့တွေမှာတောင် ကွန်မန့်ရေးချင်လာမှသာ ထိုဘလော့တွေအထိ ရောက်အောင် သွားဖြစ်တော့သည်။  အချိန် မရသည့်အတွက် ကိုယ့် ဘလော့မှာ ရေးလာသည့် ကွန်မန့်တွေကိုပင် ပြန် မရေးနိုင် စီပုံးက စာတွေကို မပြန်နိုင်ဖြစ်နေတာကလည်း ကြာလှပြီ။ သည်လိုနဲ့ ဘလော့ ယဉ်ကျေးမှုထဲမှာ ကိုယ်က မယဉ်ကျေးသလို ဖြစ်နေလေတော့သည်။ မတတ်နိုင်။ နားလည်ခွင့်လွှတ်တတ်သူများ နားလည် ခွင့်လွှတ်ကြပါလိမ့်မည်။

သို့သော်လည်း ဘလော့ ယဉ်ကျေးမှုထဲမှာ ချစ်စရာ ကောင်းသည့် အလေ့အထလေးများကတော့ ရှိနေဆဲပါပေ။ Tag Game များ... ဖြင့်... ဘလော်ဂါ အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုကြသည့် ပျော်ရွှင်စရာ ပို့စ်ကလေးများ။ ဘလော်ဂိုစဖီးယားထဲသို့ မယောင်မလည် (သို့မဟုတ်) မလည်သယောင်ဖြင့် အူကြောင်ကြောင် ၀င်ရောက်လာသော ဘလော်ဂါ အသစ်စက်စက်ကလေးများကို ဘလော်ဂိုစဖီးယား တခုလုံးဖြင့် မိတ်ဆက်ပေးခြင်းများ... (သို့မဟုတ်) မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ပေးခြင်းများ... စသည်... စသည်...

မည်သို့ ဖြစ်စေ...
လိုရင်းတွေကို... တိုရှင်းစေရလျင်ဖြင့် ....
ဤစာသည် ဘလော့ အသစ်စက်စက်ကလေး တခုကို မေတ္တာဖြင့် အခမဲ့ ကြော်ငြာဝင်ဖို့ရာ... ပလ္လင် ခံနေခြင်းသာ ဖြစ်ပါကြောင်း...

မိတ်ဆက်ပေးလိုသည့် ဘလော့လေး၏ အမည်က  
(ကြည်ကြည်ရဲ့ဒိုင်ယာရီ)...

(ဘ၀အမော တွေကြားထဲမှာ
တတ်နိုင်သလောက် ကြည်လင်ချမ်းမြေ့စွာနေချင်တဲ့  ဆန္ဒကြောင့်
ကြည်ကြည်လို့  အမည်ပေးခြင်းဖြစ်ပါတယ်)
ဆိုတဲ့...
ကြည်ကြည်ရဲ့ဒိုင်ယာရီ-ကို
အလည်တခေါက်
သွားရောက် ဖတ်ရှုကြဖို့ရာ...
ဘလော်ဂါအပေါင်းကို...
ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ...

ATN

Oct 17, 2010

ဒုတိယမ္ပိ ခြေဦးလှည့်ခွင့်

ဒုတိယမ္ပိ ခြေဦးလှည့်ခွင့်
(စိုင်းထီးဆိုင်)

သခင်ရယ်...
ခြေဦးလှည့်ခွင့်... ရှိပြီလား...
မော်ဖူးကြည့်ခွင့်... ရပြီလား...
ကြည်နူးချစ်ခွင့်... ပေးပြီလား... အရှင်ရယ်...
သခင်...

ခြေက... တခြားဖက်... သွားနေချိန်တောင်...
ရင်က... အမြဲတမ်းပဲ... အိမ်ပြန်နေ...
ရည်ရွယ်ချက်နဲ့... အတိတ်နှောင်ကြိုး... ချည်ဖွဲ့လို့... မရုန်းနိုင်ပြီ...
တဖန်ပြန်ပြီးတော့... သခင်ရဲ့အပါး... အခစားအရောက်... တခေါက်လာမယ်...
ဘယ်လိုလဲ... ဟင်... ...

သခင်ရယ်...
ခြေဦးလှည့်ခွင့်... ရှိပြီလား...
မော်ဖူးကြည့်ခွင့်... ရပြီလား...
ကြည်နူးချစ်ခွင့်... ပေးပြီလား... အရှင်ရယ်...
သခင်...

လိုရာသုံးတော့... အချစ်ပလ္လင်စင်မြင့်...
ခန္ဓာနဲ့အသည်းနှလုံး... လှူမယ်လေ...
ပြာတွေ... ဖြစ်ချင့်... ဖြစ်ပါစေ့... တချက်ကလေးပဲ... ကြည့်နိုင်ရင်...
သူန်မှုန်မျက်နှာ... အလိုမကျဟန်... နှုတ်ခမ်းစူပုံ... မျက်စောင်းတွေရယ်...
ရန်ရှာမလား... ဟင်...

(solo)

လွန်တဲ့အပြစ်အတွက်... အချစ်... ဒဏ်ခတ်ပေး...
သခင့်ခြေရင်း... ၀ပ်ဆင်းကာနေမလေ...
ဝိညာဉ်... လိပ်ပြာ... စတေးခံမယ်... ကျေနပ်မှု... ရှိပါစေ...
ပြန်လည်ပြီးတော့... သခင့်နှလုံးသား... သော့ကလေး... တချက်... ဖွင့်ပေးပါနော်...
ဝင်ရမလား... ဟင်...

Get this widget | Track details | eSnips Social DNA

Oct 16, 2010

Not Afraid (Eminem)

I'm not afraid to take a stand
Everybody come take my hand
We'll walk this road together, through the storm
Whatever weather, cold or warm
Just let you know that, you're not alone
Holla if you feel that you've been down the same road

(Intro)

Yeah, It's been a ride...
I guess I had to go to that place to get to this one
Now some of you might still be in that place
If you're trying to get out, just follow me
I'll get you there

(Verse 1)

You can try and read my lyrics off of this paper before I lay 'em
But you won't take this thing out these words before I say 'em
Cause ain't no way I'm let you stop me from causing mayhem
When I say 'em or do something I do it, I don't give a damn
What you think, I'm doing this for me, so fuck the world
Feed it beans, it's gassed up, if a thing's stopping me
I'mma be what I set out to be, without a doubt undoubtedly
And all those who look down on me I'm tearing down your balcony
No if ands or buts don't try to ask him why or how can he
From Infinite down to the last Relapse album he's still shit'n
Whether he's on salary, paid hourly
Until he bows out or he shit's his bowels out of him
Whichever comes first, for better or worse
He's married to the game, like a fuck you for christmas
His gift is a curse, forget the earth he's got the urge
To pull his dick from the dirt and fuck the universe

(Hook)

I'm not afraid to take a stand
Everybody come take my hand
We'll walk this road together, through the storm
Whatever weather, cold or warm
Just let you know that, you're not alone
Holla if you feel that you've been down the same road

(Verse 2)
Ok quit playin' with the scissors and shit, and cut the crap
I shouldn't have to rhyme these words in the rhythm for you to know it's a rap
You said you was king, you lied through your teeth
For that fuck your feelings, instead of getting crowned you're getting capped
And to the fans, I'll never let you down again, I'm back
I promise to never go back on that promise, in fact
Let's be honest, that last Relapse CD was "ehhhh"
Perhaps I ran them accents into the ground


Relax, I ain't going back to that now
All I'm tryna say is get back, click-clack BLAOW
Cause I ain't playin' around
There's a game called circle and I don't know how
I'm way too up to back down
But I think I'm still tryna figure this crap out
Thought I had it mapped out but I guess I didn't
This fucking black cloud still follow's me around
But it's time to exercise these demons
These motherfuckers are doing jumping jacks now!

(Hook)

I'm not afraid to take a stand
Everybody come take my hand
We'll walk this road together, through the storm
Whatever weather, cold or warm
Just let you know that, you're not alone
Holla if you feel that you've been down the same road

(Bridge)

And I just can't keep living this way
So starting today, I'm breaking out of this cage
I'm standing up, Imma face my demons
I'm manning up, Imma hold my ground
I've had enough, now I'm so fed up
Time to put my life back together right now

(Verse 3)

It was my decision to get clean, I did it for me
Admittedly I probably did it subliminally for you
So I could come back a brand new me, you helped see me through
And don't even realise what you did, believe me you
I been through the ringer, but they can do little to the middle finger
I think I got a tear in my eye, I feel like the king of
My world, haters can make like bees with no stingers, and drop dead
No more beef flingers, no more drama from now on, I promise
To focus soley on handling my responsibility's as a father
So I solemnly swear to always treat this roof like my daughters and raise it
You couldn't lift a single shingle on it
Cause the way I feel, I'm strong enough to go to the club
Or the corner pub and lift the whole liquor counter up
Cause I'm raising the bar, I shoot for the moon
But I'm too busy gazing at stars, I feel amazing and

(Hook)

I'm not afraid to take a stand
Everybody come take my hand
We'll walk this road together, through the storm
Whatever weather, cold or warm
Just let you know that, you're not alone
Holla if you feel that you've been down the same road

Oct 11, 2010

ကောင်းကင်ရဲ့ အလင်း

ကောင်းကင်ရဲ့ အလင်း (ဆောင်းဦးလှိုင်)

တလောကလုံးနဲ့ နှိုင်းယှဉ်... ကိုယ်အချစ်ဆုံးက မင်းလေး...
ရှေ့မှာ... ဘာတွေဖြစ်မလဲ... မစဉ်းစားဘူး...
မင်းလက်တွဲပြီး... သွားမယ်... ဒါ... ကံကောင်းခြင်းလို့ပဲ... မှတ်ယူ...
ဘာတွေ... လိုအပ်ဦးမလဲ... ချစ်သူရယ်...

တကယ်ဆို... ငါ... မင်း မရှိရင်... မဖြစ်တာပါ...
အချိန်တွေတိုင်းမှာ... မင်းက လိုအပ်လို့...
အမှောင်တွေ... ဖယ်... လမ်းပြပါ... အလင်းရောင်ရယ်...
ကိုယ်ဟာ... ကယ်တင်ဖို့ လိုပါတယ်...

တခုမှကို... အဆင်မပြေဘူး...
အာရုံတွေဟာ... မလန်းဆန်းဘူး...
အဆုံးမဲ့ သည်အလွမ်းနေ့များ...
အဆုံးသပ်ပါ... မင်းလေးက...

မင်း မရှိရင်... မဖြစ်တာပါ...
အချိန်တွေတိုင်းမှာ... မင်းက လိုအပ်လို့...
အမှောင်တွေ... ဖယ်... လမ်းပြပါ... အလင်းရောင်ရယ်...
ကိုယ်ဟာ... ကယ်တင်ဖို့ လိုပါတယ်...

တလောကလုံးနဲ့ နှိုင်းယှဉ်... ကိုယ်အချစ်ဆုံးက မင်းလေး...
ရှေ့မှာ... ဘာတွေဖြစ်မလဲ... မစဉ်းစားဘူး...
မင်းလက်တွဲပြီး... သွားချင်တယ်... ဒါ... ကံကောင်းခြင်းလို့ပဲ... မှတ်ယူ...
ဘာတွေ... လိုအပ်ဦးမလဲ... ချစ်သူရယ်...

တကယ်ဆို... ငါ... မင်း မရှိရင်... မဖြစ်တာပါ...
အချိန်တွေတိုင်းမှာ... မင်းက လိုအပ်လို့...
အမှောင်တွေ... ဖယ်... လမ်းပြပါ... အလင်းရောင်ရယ်...
ကိုယ်ဟာ... ကယ်တင်ဖို့ လိုပါတယ်...

တခုမှကို... အဆင်မပြေဘူး...
အာရုံတွေဟာ... မလန်းဆန်းဘူး...
အဆုံးမဲ့ သည်အလွမ်းနေ့များ...
အဆုံးသပ်ပါ... မင်းလေးက...

မင်း မရှိရင်... မဖြစ်တာပါ...
အချိန်တွေတိုင်းမှာ... မင်းက လိုအပ်လို့...
အမှောင်တွေ... ဖယ်... လမ်းပြပါ... အလင်းရောင်ရယ်...
ကိုယ်ဟာ... ကယ်တင်ဖို့ လိုပါတယ်...

Oct 9, 2010

A note 4 my Big Brother


This is a comment that I left on my beloved Big Brother's latest post upon his health situation.

I just want to share this comment to my blog-readers who may have visit his blog (http://penai22.blogspot.com)

As soon as you read this post, please go to his blog and put some encouragement to make his day.

Thank you all very much.

ATN

---------------------------------------------------

Big Brother,

I know you are now sitting at your computer desk
...reading the comments on your latest post on your monitor's screen. But I
can't tell exactly how many more days you will do this. And I am sure
that you even don't know that too. Actually, nobody knows that. And if
someone (like a physician or a specialist of something) says off exactly
how many days you can do, I won't believe it. And believe me you will
live longer than what they say. In my belief, you will always be still
sitting at your table and writing a post that makes everybody have fun
and laugh forever by sharing your precious experience. Everyone
(including me) loves every of your posts. We all love your openness on
all of your posts. And your honesty and sincerity. Your humorous mind
and thoughts. We all have laugh along with every sentence of your funny
posts and we love you more. And love more of your upcoming posts. He who
makes everybody laugh has a long life. I believe the laughter is the
best medicine and the one who formulate that medicine is you. So you are
the long-life-fun-maker. Let's have some fun, make everybody have fun... I know you can do it...You are the MASTER, my big brother...

YOU WILL LIVE FOREVER.

your little brother

ATN

October 9, 2010 10:30 PM

Sep 28, 2010

ကြယ်နီတွေကို ငါကြိုက်တယ်

















ကြယ်နီတွေကို ငါကြိုက်တယ်...

ဟောသည်မယ်...

မော့ကြည့်နေမိသူတွေအတွက်...
ပက်လက်လန်လဲကျသွားရလောက်အောင်...
မတ်မတ်စောက်စောက် ဖြစ်နေတဲ့ အဲသည် ည နံရံ...

အဲသည် နံရံကိုပဲ...

ကုပ်ကပ်... တွယ်ဖက်...
တရွေ့ရွေ့... တွားတက်သွားကြလေတော့တယ်...

ကြယ်နီတွေရယ်...

ဘယ်လို လူမျိုးတွေကမှ မသိလိုက်ကြဘူး...

ကြယ်နီတွေကတော့ ...
နံရံတွေကို...
ပြုံးပြီး... ငုံ့ကြည့်နေကြပေါ့...

ဆိုတော့ကာ... ...
အဲဒါ...
အဲသလိုပါပဲ...

ပြီးတော့ကာ...

ညီညီညာညာ... သပ်သပ်ရပ်ရပ်... တက်တက်ကြွကြွနဲ့... လေးနက်လို့...
ပုရွက်ဆိတ် စစ်ကြောင်း တကြောင်းရယ်...

စစ်ယူနီဖောင်းရောင်... ရေညှိလေး... တချို့တလေရယ်ပဲ... ရှိတယ်...

အဲသည် နံရံကို...
သူတို့...
ကုပ်ကပ် တွယ်ဖက်... နင်းတက်လို့...

သည်လို... ပါ...
ဒါတွေကို... ငါသိတယ်လို့...
မင့်ကို ပြန်ပြောပြနေတာပါ...
အချစ်ရယ်...

ကြယ်နီတွေကို ငါကြိုက်တယ်...

ATN

Sep 25, 2010

ငါ့အက်ဆစ်တွေ (၂)



ဆုံးရှုံး... လွန်မြောက်ခြင်းများကိုသာ... တခုပ်တရ... အဟုတ်တကယ်... အစွန့်ပယ်ခံ... ပြန်အသုံးမ၀င်... တန်ဖိုးမဲ့... ဖဲချပ်များလို... အပြန်ပြန်... အလှန်လှန်... အထပ်ထပ်.. အသေချာချာ... သပ်သပ်ရပ်ရပ်... စီကာ... စဉ်ကာ... နောက်ထပ်... စီထပ်သွားရင်း... ကုလားဖန်... အမျိုးမျိုးကို... ထိုးထိုးနေရသော... ဘ၀ဆိုး၏... ဒီဇင်ဘာထဲမှာမှ... ခရစ္စမတ်ည... တညကို... ကျွန်ုပ်...ရရှိခဲ့ဖူးပါသည်... ဆိုသည်မှာ... အသေအချာ... မဟုတ်သည်မှာ... သေချာနေပါပြီ... ဟာလေလုယ... ငါ့မှာက... နံနက်ခင်းတွေ... ရှိနေသေးတယ်... ဟု... အားတင်း... ကျုံးဝါးပြီးသည့်နောက်... ဒူးမထောက်ပဲ... လဲပြိုခဲ့ရသော... တိမ်ညို... ကမ်းပါးပျောက်... မူးနောက်... မိုးမှောင်ကျ... အချိန်နာရီ ကာလများအတွင်း... စဉ်းလဲခြင်း... ဆူးရထားတစင်း... ရင်တွင်းမီးဖိုကလေး... တခုကို... အပြင်းထန်ဆုံး... တိုက်ချ... ပြေးထွက်... တက်နင်းသွားပြီးသည့်အခါ... ဟိုးအဝေးမှ... နေကြတ်... လကြတ်... မြောက်အရပ်သို့... လှည့်ပတ် သွားလာနေသော... နဂါးဦးခေါင်းသည်လည်းကောင်း... ရှေ့ဟောင်းနှောင်းဖြစ်... သမိုင်း အစစ်အမှန်များသည်... ဒဏ္ဍာရီအားဖြင့်လည်းကောင်း... အားကောင်း မောင်းသန်လာသည့်အခါ... ငါလျှောက်လာခဲ့တဲ့... လမ်းအဆုံးမှာ... အမုန်းက... ပန်းလိုပွင့်ပြီး... အချစ်က... လည်လှီးံခံလိုက်ရတဲ့... စက္ကန့်တွေ... မျက်နှာဖုံး... ထူထူတွေ တပ်ထားပြီး... စကားလုံး ဖြူဖြူတွေ... ကပ်ထားတဲ့... စာအုပ်များထဲက အစ်ဇမ်း မှန်သမျှကိုလည်း...ဘာမှ မပြောလိုပြီ...

နှင်းရေ့...
အင်းလျားလမ်းက စောင့်ပါ...
အဓိပတိလမ်းကစောင့်ပါ...
ပြည်လမ်းက စောင့်ပါ...
ခရမ်းပြာက စောင့်ပါ...
ဟံသာဝတီအ၀ိုင်းက စောင့်ပါ...
တံတားဖြူက စောင့်ပါ...
ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့က စောင့်ပါ...
လှည်းတန်း အ၀ိုင်းရှိခဲ့တဲ့နေရာဟောင်းက စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...

အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...
အမေ့အိမ် တံစက်မြိတ်ကလေးအောက်ကနေ စောင့်ပါ...


ATN

Sep 23, 2010

ပန်းနု

ရေး - ဆူး
ဆို - ဇော်ပိုင်

မိုးလင်းတိုင်း... ပန်းများ ခူးလို့... မျှော်နေပါတယ်...
ပန်းနု ရောက်လာမယ့်... ဒီနေရာလေး... ဒီအချိန်လေးမှာ...
အကြင်နာတွေကို... ကြွေကာနေမယ့်... ပန်းကလေးများနဲ့အတူ...  ပေးလိုက်မယ်...
နင်ယူကာ သွားပြီးတော့လေ... ပန်းနုရေ...
ရင်ခုန်စေမယ့်စကားတခွန်းပဲ... ပြောခဲ့ပေါ့လေ... ပန်းနုရေ...

အသည်းစွဲချစ်တတ်တဲ့သူ... ကိုယ်ပါလေ...
ဒီမှာ... ကိုယ့်ရဲ့အချစ်တွေ... မှော်ဝင်နေပြီ...
နေ့အခါ... ညအခါ.. ကြင်နာသူကို...မတွေ့ရရင် မနေနိုင်အောင်ပါပဲ...
အသည်းကွဲရင်းနဲ့... ကိုယ်မငိုချင်တာ... ပန်းနု... ပန်းနု... ပန်းနု... ပန်းနု... နားလည်ပါ...

ညဥ့်နက်တော့... မင်းလည်း အိပ်နေရောပေါ့...
ခေါ်သံတွေကို... ပန်းနု... မကြားတော့ဘူး...
အိပ်မက်လေးထဲ... ကိုယ်လာလို့ရရင်...
သန်းခေါင်ယံကြယ်ကြွေချိန်... သာယာနေတဲ့... အခုည... တညလောက်ပါ...
ပန်းနု... ရင်ခွင်ကို... ခိုဝင်ကာသွားပြီးတော့... ပန်းနုရေ...
သေရာပါမယ့်... အနမ်းတချက်တော့... ပေးခဲ့ချင်သေးတယ်... ပန်းနုရေ...

အသည်းစွဲချစ်တတ်တဲ့သူ... ကိုယ်ပါလေ...
ဒီမှာ... ကိုယ့်ရဲ့အချစ်တွေ... မှော်ဝင်နေပြီ...
နေ့အခါ... ညအခါ.. ကြင်နာသူကို...မတွေ့ရရင် မနေနိုင်အောင်ပါပဲ...
အသည်းကွဲရင်းနဲ့... ကိုယ်မငိုချင်တာ... ပန်းနု... ပန်းနု... ပန်းနု... ပန်းနု... နားလည်ပါ...

Aug 21, 2010

၂၁ ရာစုထဲမှာ ကျနော့် ချို့တဲ့နေမှုများက အရောင်စုံ


















အရိပ်ဆိုတာကို
တူးတတ် ဆွတတ်သူ ဆိုတော့ကာ
မီးခိုးရောင် အတိတ်ဆိုတာကိုပဲ အမြဲ ပြန်ဖော်နေမှ...

စာရင်းအင်းဆိုတာကို
တွက်တတ် ချက်တတ်သူ ဆိုတော့ကာ
ငွေရောင် ကယ်လ်ကယျူလေတာ တလုံးတလေကိုတော့လည်း ၀ယ်ထားမှ...

သီချင်းဆိုတာကို
ညည်းတတ် ဆိုတတ်သူ ဆိုတော့ကာ
အဖြူရောင် အီလက်ထရစ်ဂစ်တာ တလုံးတလေကိုလည်း အနား ထောင်ထားမှ...

ယမကာဆိုတာကို
သောက်တတ် စားတတ်သူဆိုတော့ကာ
ပယင်းရောင် ဂျက်ဒန်နီယဲလ်လေး တလုံး နှစ်လုံးတော့လည်း ဆောင်ထားမှ...

အလှအပတရားဆိုတာကို
ကြည့်တတ် မြင်တတ်သူ ဆိုတော့ကာ
သတ္တုရောင် ချစ်သူ့မျက်နှာလေး အမျိုးစုံကိုလည်း အိုင်ဖုန်းထဲ ထည့်ထားမှ...

လူတကာနဲ့
ရောတတ် နှောတတ်သူ ဆိုတော့ကာ
သက်တန့်ရောင် မျက်နှာ ဘုတ်အုပ်မှာလည်း ဖရဲန်းဒ်တွေ အက်ဒ်ထားမှ...

အရပ်တကာ
သွားတတ် လာတတ်သူ ဆိုတော့ကာ
လိမ္မော်ရောင် ဘလော့ဂ်စပေါ့ဒေါ့ကွန်းမှာ ခြေရာတွေချည့် ချန်ထားမှ...

နေ့မနား ညမနား
ပွားတတ် များတတ်သူ ဆိုတော့ကာ
အစိမ်းရောင် ဂျီတော့မှာလည်း အကောင့်တခု ဖွင့်ထားမှ...

ကဗျာလေးတချို့
ရေးတတ် ဖွဲ့တတ်သူ ဆိုတော့ကာ
ပန်းနုရောင် ပို့စ်မော်ဒန်-အန်တိုင်း-အယ်လ်ပီ-နဲ့ ဒန်ဘလယ်ဒီ စာတွေလည်း ရေးဦးမှ...

ဆန့်ကျင်ဖက်လိင်တွေကို
ချစ်တတ် ခင်တတ်သူ ဆိုတော့ကာ
အပြာရောင် အီကြာကွေးလေး တချောင်းလောက်ကလည်း ရှိဦးမှ...

စိတ်အချဉ်-ဆိုတာလည်း
ပေါက်တတ် ရွဲ့တတ်သူ ဆိုတော့ကာ
အနီရောင် အူကြောင်ကျား ကဗျာတပုဒ်လောက်ကိုလည်း ရေးပစ်ဦးမှ...

ATN

Aug 15, 2010

နေနိုင်သူလေး

ရေး - နိုင်မြန်မာ
ဆို - ကိုင်ဇာ

ချစ်ချစ် မချစ်ချစ် အကြင်နာ အမှန်အစစ် ရင်မှာ ဒဏ်ဖြစ်စေ...
ကြားကြား မကြားကြား ကျနော်ဟာ သည်စကား အကြိမ်တရာ ထပ်ပြောနေ...
မလျှော့သော ဇွဲလုံ့လတွေနဲ့အတူ...
မြတ်နိုးမှု အရိုးခံသက်သက်လေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အ်ုး... နေနိုင်သူလေး နေနိုင်သူလေးရေ...

သိသိ မသိသိ သူမမြင်အောင်ကြည့် ကျနော်ဟာ အကြည့်သူခိုးလေ...
ဖတ်ဖတ် မဖတ်ဖတ် စာမှန်မှန်ရေး အကြင်နာ အဖြစ်လေးတွေ...
သူ အလေးအနက် မထားလည်း ရှိပါစေ...
အချစ်များနဲ့ ခေါင်းငုံ့ထားရင်းလေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အ်ုး... နေနိုင်သူလေး နေနိုင်သူလေးရေ...

ဆွေးဆွေး မဆွေးဆွေး တွေဝေမှိုင်ငေး နွေရေအိုင်လေးရေ...
ရူးရူး မရူးရူး တခါမှ မချစ်ဖူး သူဟာ အချစ်ဦးမေ...
မှတပါး အခြားလည်းမရှိ သိပါစေ...
ပထမမြောက် အချစ်နောက်ဆုံးပဲလေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အ်ုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အိုး... နေနိုင်သူလေး နေနိုင်သူလေးရေ...
အ်ုး... နေနိုင်သူလေး နေနိုင်သူလေးရေ...


Aug 13, 2010

ငှက်ကလေးကို တေးဆိုပါစေ အချစ်ရယ်...

 
















သြဂတ်စ် ဆယ့်လေးရက်...
ငှက် တကောင်...
အပြာရောင် သစ်ရွက်...
ချစ်မက်ခြင်းအားဖြင့်...
အလင်းတန်းများ...
ပျံသန်းသွားကြ...
(ငါတို့ကတော့)
လွမ်းဖျားနေကြရရုံ...
ရင်ခုန်ရင် အချစ်ပဲကွယ်...

ရိုးရိုးသားသား ချစ်တယ်...
နှလုံးသားချင်းလည်း နားလည်...
အကြင်နာဆုံးလေးရယ်...
အာ... ဟာ...ဟား...
ဝေးသွားလည်းပဲ... ချစ်ရဦးမယ်...
ဝေးသွားလည်းပဲ... ချစ်နေချင်တယ်...
ဝေးသွားလည်းပဲ... အမြဲချစ်လို့နေမယ်...

ငှက်ကလေးကို
တေးဆိုပါစေ အချစ်ရယ်...

ATN

Aug 12, 2010

စိတ်ညစ်စရာသတင်း၊ သေခြင်းတရား၊ မိသားစု...

ခုတလော အလုပ်ရှုပ်လွန်းသည်မို့ မည်သည့်စာကိုမျှ သူ မဖတ်ဖြစ်။ သတင်း တချို့သာ ခေါင်းစဉ်တွေ ဖတ်ဖြစ်သည်။ နေ့စဉ် မနက် အလုပ် မသွားခင် အီးမေးလ်ဖွင့် စစ်တိုင်း သူ့ ဂူးဂဲလ်ရီဒါမှာ ဖိ(ဒ်)ယူထားသည့် သတင်းဆိုက်များမှ သတင်း ခေါင်းစဉ်များကို ကမန်းကတမ်း ဖတ်ရသည်။ သည့်နောက် အလုပ်သွား။ အလုပ်က ပြန်ရောက်သည့်အခါ နောက်တကြိမ် အီးမေးလ် ဖွင့်စစ်၊ ဒါတောင် ခုနောက်ပိုင်းမှာ ဂျီမေးလ်တခုကိုသာ သူ ဖွင့်ကြည့် ဖြစ်တော့သည်။ သူ့ ရာဟူးမေးလ်၊ ဟော့တ်မေးလ်-များဆိုလျှင် ဖွင့်ကို မဖွင့် ဖြစ်တော့။ ဟော့တ်မေးလ်ဆိုလျင် ပါ့စ်ဝါ့ဒ်ပင် မေ့နေလေပြီ။ ထားတော့...။

နက်ပေါ်တွင် ရှိသမျှသော ဗမာလိုတင်နေသည့် သတင်းဆိုက်များ အားလုံးနီးပါးကို သူ ဖိ(ဒ်) ယူထားသည်။ ခက်သည်က သတင်းတခု တက်လာသည်နှင့် ဆိုက် တော်တော်များက တပြိုင်နက်ထဲလို တင်လိုက်ကြသည်မို့ ဆိုက်တွေကသာ များနေပြီး သတင်းကတော့ သည်သတင်းပဲ ဖြစ်နေတတ်သည်။ သည့်အတွက်ကြောင့်လည်း သတင်းတွေကို ခေါင်းစဉ်သာ သူ ဖတ်နေမိခြင်း ဖြစ်သည်။ သတင်း အတော် များများကလည်း မဲပြာပုဆိုး။ ခေါင်းစဉ် ဖတ်လိုက်လျှင် သတင်း အပြည့်အစုံကို ဆက်ဖတ်စရာ မလိုတော့လောက်အောင် ပြည့်စုံလုံလောက်နေပြီ။

မည်သို့ဖြစ်စေ ကမ္ဘာမြေကြီးနှင့်ရော ဗမာပြေ(ပြည်)ကြီးနှင့်ပါ အဆက် မပြတ် အောင်တော့ သတင်းတွေကို သူ ဖတ်ရမည်။ သည်လိုနှင့် မနက်ပိုင်းမှာ ခေါင်းစဉ်များကို ဖတ်ကာ ညဖက်ကျမှ သူ ဖတ်လိုသော သတင်းများကို အပြည့်အစုံ ဖတ်ဖြစ်လေတော့သည်။

No news is good news. ဆိုသော စကား ရှိသည်။ မည်သည့်သတင်းမျှ သတင်းကောင်းမဟုတ်-ဟု ဘာသာပြန်ရမည်လား (သို့မဟုတ်) သတင်းမရှိခြင်းသည် သတင်းကောင်းဖြစ်သည်-ဟု ဆိုရမည်လား...။ မည်သို့ဖြစ်စေ ခုတလော ဖတ်နေရသည်က စိတ်ညစ်ညူးစရာများချည့်သာ။ အာဖဂန်မှာ တာလီဘန်များ သတ်ဖြတ်ပစ်လိုက်သည့် ဆေးကုသရေးအဖွဲ့တခု၏ ဇာတ်ကြောင်းကို စိတ်မကောင်းစရာ ဖတ်ရသည်။ မကေ ပင် သည်အကြောင်းကို ပို့စ်တခု ရေးထားသေးသည်။ အလုပ်ထဲမှာ သည်အကြောင်းကို လုပ်ဖော်ကိုင်ဖက်များနှင့် ပြောဖြစ်သည့်အခါ ကဗျာဆရာ ဒီလက်မျိုးက - ကနေဒါမှာလည်း ကရင် မိသားစု တစု အသတ်ခံရတယ်-လို့ ကြားတယ် အကို - ဟု ပြောလာသည်။

အိမ်ရောက်တော့ သည်ကရင်မိသားစု သတင်းကို သည်မှာ သူ သွားတွေ့ရသည်။ သည်လိုနှင့် ဂျီတော့က ချက်တင်းထဲမှာ သူငယ်ချင်းများနှင့် စကားတချို့ ဟိုသည် ပြောဖြစ်ရင်း (သေခြင်းတရား)အကြောင်း သူ စဉ်းစားမိသည်မှာ ရှည်လျား ဝေးလံလွန်းလှလေတော့သည်။

------------------------------------------------------

ယခု သူ လက်ရှိရောက်ရှိနေထိုင်နေသည့် အော်ရီဂွန်ပြည်နယ်သို့ မရောက်မီက ကယ်လီဖိုးနီးယား ပြည်နယ်မှာ တနှစ် ကျော်ကျော်ကြာအောင် သူ နေထိုင်ခဲ့ဖူးပါသည်။ ထိုကာလများ အတွင်းမှာ ၉ လခန့် အလုပ်လက်မဲ့အဖြစ် နေထိုင်ခဲ့ရဖူးသည်။ ရနိုင်သမျှသော အလုပ်များကို လိုက်ရှာရင်း Temp အလုပ်များလည်း လုပ်ခဲ့ရဖူးသည်။ စုဆောင်းထားသမျှ ငွေကြေးများ ခမ်းခြောက်သွားသည်အထိ အတိ ဒုက္ခ ရောက်ခဲ့ရဖူးသည်။

ထိုကာလများအတွင်းမှာ တရက်သားမတော့ တီဗီသတင်းများကို ကြည့်နေရင်း မိသားစု တစုလုံး သေဆုံးသွားကြသည့် သတင်းကို တီဗီစခရင်းမှာ မြင်ရသည်။ Murder-Suside Case... ။ လူမည်း မိသားစု...တစု...။ အဖေရော အမေရော တပြိုင်နက်တည်း lay off ဖြစ်သည်။ အလုပ်ရှင်များက ၃ လစာ လုပ်ခ ကြိုပေးပြီး အလုပ်မှ ဖြုတ်လိုက်သည်။ သည် ဇနီးမောင်နှံမှာ ကလေးက ၃ ယောက်ရှိသည်။ အလုပ်လက်မဲ့ အလွန်များသည့် ကယ်လီဖိုးနီးယားမှာ နောက်ထပ် သူတို့ အလုပ်ရနိုင်ဖွယ် မရှိ။ Unemployment Benefit လျှောက်သည်။ ဘာကြောင့်မှန်း မသိ အငြင်းပယ်ခံရသည်။ Cash Aid လျှောက်သည်။ ၃ လစာသာ ထောက်ပံ့ကြေးရသည်။ ၃ လ အကြာမှာ ထောက်ပံ့ကြေး ဖြတ်လိုက်သည်။ သည့်နောက်မှာတော့ မိသားစု တစုလုံးကို ဖခင် ဖြစ်သူက သေနတ်နှင့် ပစ်သတ်ပြီးနောက်... သူ့ နားထင် သူ သေနတ်နှင့်တေ့ကာ... ဘ၀အားလုံးကို အဆုံးသပ်သွားသည်။

သည်သတင်းကို ဖတ်ရချိန်... တီဗီမှာ ကြည့်ရချိန်မှာ သူ စိတ်မကောင်း...။ သူကိုယ်တိုင်လည်း အလုပ်လက်မဲ့ ဖြစ်နေချိန်...။ ဖခင်တယောက်၏ စိုးရိမ်သောကများကို သူ ကောင်းကောင်း နားလည်ပါသည်။ တိုက်ဆိုင်နေသည်က သူ့မှာကလည်း သားကလေး ၃ ယောက်။ နောက် အလုပ် လက်မဲ့ ဘ၀...။ သည်လို တူညီနေသော ဘ၀မျိုး ဖြစ်နေသည်။ သို့သော်လည်း ဘ၀ကို ထိုလူသည် သည်လိုမျိုး အဆုံးသပ်ရရိုးလား...။ နောက်ထပ် သူ ကြိုးစား အားထုတ် ရုန်းကန် ဆန်တက်ခြင်းများ ပြုလုပ်ရန် အင်အား မရှိတော့သည်လား...။ ဘ၀ကို ထိုသူ အရှုံးပေးသွားသည်။ သို့သော်လည်း ထိုသူ့ အရှုံးပွဲများမှာ ... သူ့ဇနီးမယားနှင့် သမီးသားများ မပါဝင်သင့်ပေ...။ စဉ်းစားရင်း ဖခင်တယောက်ဖြစ်နေသောသူသည် ဖခင်တယောက် မည်သို့ ခံစားနေရမည်ကိုလည်း နားလည်ပေးနေမိပါသည်။ ငတ်နေသည်ထက် သေသည်က ကောင်းမည်လား... ထိုသူ စဉ်းစားကောင်း စဉ်းစားမည်...။ သေလျင်ကော...။ သူသာသေမည်လော...။ အတူတူသေကြမည်လော...။ ထိုသူ စဉ်းစားသည်ဟု သူထင်သည်...။ မိသားစုဆိုတော့ ထိုသူသည် မိသားစုနှင့် အတူတူသာ သေချင်မည်-ဟု သူ ယုံကြည်ထင်မြင်နေမိသည်။

----------------------------------------------------------------------

ကယ်လီဖိုးနီးယားပြည်နယ်သို့ သူ မပြောင်းရွှေ့ခင်က ဖလော်ရီဒါပြည်နယ်တွင် ဆယ်စုနှစ် တခုနီးပါး သူ နေထိုင်ခဲ့သည်။ သူ့ သားအငယ် နှစ်ယောက်စလုံးကို ထိုပြည်နယ်မှာ မွေးဖွားခဲ့သည်။ သည် နှစ်ယောက်က Floridian များဖြစ်သည်...။ US Citizen များလည်း ဖြစ်သည်။ သား အငယ်ဆုံးလေးကို မွေးတော့ သူ ဘလော့ရေးကာစ အချိန်ဖြစ်သည်။ သားငယ်လေး မွေးချိန်မို့ သူ vacation ယူလို့ရသည်။ သားငယ်လေးကို မွေးတော့ ဇန်န၀ါရီ ၂၃ ဖြစ်သည်။ မွေးဖွားချိန်မှာ ၉ ပေါင်ခွဲ ရှိသော သားအငယ်ဆုံးလေးကို မဟေသီက သဘာဝအတိုင်း မမွေးနိုင်သဖြင့် C-session ပေးကာ မွေးခဲ့ရခြင်းဖြစ်သည်။ ဗိုက်ခွဲ မမွေးခင်မှာ သူ့မှာ စာရွက်မျိုးစုံကို လက်မှတ်ထိုးရသည်။ သူလက်မှတ် မထိုးရင်ပဲ ထိုဗိုက်ကို မခွဲတော့မလိုမျိုး။ အိပ်ချင်မူးတူး မနက် ၃ နာရီကြီးမှာ လက်မှတ်ထိုးထားသော စာတွေကို သေချာ ပြန်ဖတ်မိသည့်အခါ ဗိုက်ခွဲမွေးရသဖြင့် မည်သည့်အရာမျှ အာမမခံနိုင်...။ မိခင်နှင့်ကလေး လွင့်စင်သွားသည့်တိုင် (ဆိုလိုသည်မှာ လျှောဘုရားသားပြသွားသည့်တိုင်) ၄င်းတို့ အပြစ် မဟုတ်ပါ... ဟု- ကျွန်ုပ်က သဘောတူညီနားလည်ပါသည်-ဟု ဆိုလိုလေသည်။ (တကယ်တော့ အမေရိကန် ဥပဒေများ အားလုံးလိုလိုက ငါ့ ပြသနာမရှာရင်ပြီးရော ဥပဒေများသာ ဖြစ်ပါသည်...) ထိုစဉ်က သူ့စိတ်ထဲမှာ မဟေသီသာ ဆုံးပါးသွားလျင်-ဆိုသော အတွေးက အတော့်ကို အနှောက်အယှက် ပေးလေသည်။ မဟေသီ မရှိသော ဘ၀ကို သည် ကလေး ၃ ယောက်နှင့် မည်သို့ လျှောက်လှမ်းရမည်လဲ။ သူ အတော့ကို ခေါင်းခြောက်ဖူးခဲ့လေသည်။

---------------------------------------------------------------------------------
နေရောင်ခြည်များ ဖူးပွင့်လန်းဆန်းရာ Sunshine State ဟု ခေါ်သော ဖလော်ရီဒါပြည်နယ်သည် အမိဗမာပြည်နှင့် အတော့ကို တူလေသည်။ တကယ်တော့ သူက သူ့ဘ၀ကို ဖလော်ရီဒါ ရေပြာစမ်းမှာ အခြေချဖို့ ကြိုးစားခဲ့သည်။ ဒေါ်လာ ၃ သိန်းတန် အိမ်တလုံး ၀ယ်ခဲ့ဖူးသည် (လစဉ်ပေးစနစ်နှင့်ပါ) သို့သော်လည်း ဖလော်ရီဒါသည် သူ့နေရာ မဟုတ်-ဟု ယခုတော့ သူထင်မြင်နေမိသည်။

တနေ့သားတော့ သူဝယ်ထားသည့် အိမ်ရှိရာ အနီးအနားက ဟိုက်ဝေး အိပ်က်စစ်တခုမှာ မိသားစု တစု အသတ်ခံရသည့် သတင်းကို သူတွေ့ရပါသည်။ သူ့အိမ်နှင့် ကပ်လျက်ရှိသော အမှတ်-၅၃ အိပ်က်စ်စစ်နံဘေးမှာ အသတ်ခံထားရသော မိသားစု ၄ ယောက်။ ဖခင်က ဘယ်ဖက်မှာ၊ မိခင်က ၂နှစ်သားကလေးနှင့် ၄ နှစ် သမီးလေးကို ဘယ်ညာဖက်ပြီး သူ့ ခန္ဓာကိုယ်နှင့် သေနတ်ကျည်ဆန်တွေကို ကာကွယ်ပေးထားပုံ...။ မူးယစ်ဆေးဝါး အရှုပ်အထွေးတွေထဲမှာ... ကလေးလေးလေးတွေ အသက် စတေးခံရ...။ ဘယ်လို ဘ၀တွေတဲ့လဲ... ကလေးတို့ရယ်...။ သူ့ရင်တွေ မချိပါ...။

ဖအေ လူဆိုးဖြစ်သည်နှင့် သည်ကလေး ၂ ယောက် သည်ဒဏ်ကို ခံရတော့သည်တဲ့လား...။ ကမ္ဘာကြီးကပဲ မတရားမှုတွေကို လက်ခံနေတော့သည်လား...။ ကလေးများ၏ အနာဂတ်သည် မည်သို့ စာလုံးပေါင်းမည်လဲ...။

ထိုစဉ်က သူခံစားခဲ့ရသော ဝေဒနာများ...။

-----------------------------------------------------

ဘာပဲဖြစ်ဖြစ် အတူတကွ ဘ၀ဆုံးခဲ့ရသော မိသားစုများမှာ ကောင်းကွက်တခုတော့ ရှိပါသည်။ သူတို့သည် သေကွဲ ရှင်ကွဲ-ဆိုသော ဘ၀ကို မကြုံလိုက်ကြရ။ သေအတူ ဘ၀ကိုသာ ကြုံလိုက်ကြရသည်။

------------------------------------------------------

သေကွဲ... ရှင်ကွဲ... များ ကြားထဲမှာ... သေအတူ ဖြစ်ခဲ့ရသောဘ၀များအတွက်... သူ ၀မ်းမသာမိသည့်တိုင်အောင်... စိတ်ကျေနပ်မှု တစုံတရာတော့ ရခဲ့မိပါသည်...။

မဟေသီနှင့်အတူ သူ... သေချင်ပါသည်...။
လွမ်းလို့ ကျန်နေခဲ့မှာကို အားနာလွန်းလို့ပါလေ...။

------------------------------------------------------------

စိုင်းထီးဆိုင် သီချင်း တပုဒ် ရှိပါသည်။

-လူအိုက သူ့ခွေးအိုနဲ့ အတူတူ သေပါရစေလို့ ရှားရှားပါးပါး... ဆုပန်တဲ့အဖြစ်... -

မေရေ မောင်တို့ကြားမှာ ချည်ထားတဲ့ သည်ကြိုးဟာ... သံယောဇဉ်... သံယောဇဉ်... သံယောဇဉ်.... ရယ်ပါ...

--------------------------------------------------------------
ခုတော့လည်း သူ တစုံတခုကို ကျေနပ်နေသလိုလို ဖြစ်မိသည်...။
လူ့ဘ၀ကြီးထဲမှာ တပြိုင်နက်တည်း အတူ ထွက်ခွာခွင့်ရသွားခဲ့သော မိသားစုများအားလုံးအတွက် ဖြစ်ပါသည်။

------------------------------------------------------------------

ဘုရားသခင်...
မိသားစုများ မည်သည့်အခါမျှ သေကွဲ ရှင်ကွဲ အကွဲများကို မကြုံကြရပါစေနှင့်...
တပည့်သားမှာလည်း... မိသားစု တစု ရှိပါသည်...။ 
ရှင်အတူ... သေအတူ... ဘ၀များကိုသာ... တွေ့ဆုံကြုံကြိုက်သွားခွင့်ပြုပါ ဘုရားသခင်...
အာမင်..

ATN

Aug 7, 2010

အိမ်ပြန်ကြရအောင်လား သားတို့ရေ...











အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တဘ၀တာလုံးမှာ...
အနွေးထွေးဆုံး... နေရာ...

အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တသက်တာလုံးမှာ...
အစိမ်းလန်းဆုံး...နေရာ...

အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တို့တွေရဲ့... အမေ...
ရှိနေတဲ့... နေရာ...

မင်းတို့ အဖိုးက...
ဟိုး... ... ရွာလယ်လမ်းလေးရဲ့ ထိပ်မှာ...
ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း စောင့်နေရှာတယ်...
သူ မတွေ့ခဲ့ဖူးရှာတဲ့...
သူ့ရဲ့... မြေးသားကလေး ၃ ယောက်ကို
မြှောက်ပင့် ပွေ့ချီချင်-လို့တဲ့....
အဖေ့ကို... ပြောခဲ့...

မင့်တို့ရဲ့ အဖိုးကို...
မင့်တို့ရဲ့ အဖေက...
ဘာပြန်ပြောရဦးမတဲ့လဲ... သားတို့ရေ...

မင့်တို့ အဖွားက...
ဟော... ဟိုး... စပါးတောထဲမှာ...
ရင်တွေ ကွဲသွားရင်း ပြောရှာတယ်...
ငါ့... မြေးသားကလေးတွေ...
ဘယ်တော့များမှ...
အမေ... တွေ့ရမှာ...လဲ...တဲ့...

အဲ့သည် ကမ္ဘာမြေကြီးပေါ်မှာ
သက်ရှိထင်ရှား မရှိတော့တဲ့...
မင်းတို့ရဲ့... အဖွားကို...
မင့်တို့ရဲ့ အဖေက...
ဘာများ ပြန်ပြောပြနိုင်ဦးမှာတဲ့လဲ... သားတို့ရယ်...

အနှစ် နှစ်ဆယ် ကျော်ခဲ့ပြီ...
အိမ်- ရှိရာဆီကိုပဲ...
ပြန်ကြရအောင်လား...
သားတို့ရေ...

အဲသည်... အိမ်မှာ...
အဖေ့... အမေ... ရှိတယ်...

အဲသည်... အိမ်မှာ...
မင်းတို့... အမေ... ရှိလိမ့်မယ်...

မင့်တို့ ၃ ယောက်ကပဲ
အဖေ့ကို လက်တွဲပြီး
အဲသည်အိမ်ဆီ...
ရောက်မယ့် ခရီးကို ခေါ်ပါ...

အိမ်-ဆိုတာဟာ
နှလုံးသားနဲ့ နီးနီးလေးပါ သားတို့ရယ်...

ATN

Aug 6, 2010

Lay Back in the Arms of Someone

If you want my sympathy...
Just open your heart to me...
You get whatever you ever need.

If you think that's too high for you
Oh but baby...
I would die for you
When there's nothing left
You know where I will be.

Lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.

(solo)

So baby just call on me
When you want all of me
I'll be your lover
I'll be your friend

And there's nothing I won't do
Please baby
I just live for you
With nothing to hide no need to pretend.

Oh lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Oh Lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.

(solo)

Oh I know you think that's too high for you
Oh baby I'll die for you
When there's nothing left
I'll be with you.

Oh lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Oh yeah lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.
. . .
Oh. . . No
I know . . .

Jul 27, 2010

ဘဝ

ရေး__အယ်လ်ဖြူ
ဆို__ဇော်ဝင်းထွဋ်

ကလေးလေး... တစ်ယောက်လိုတော့... ဘယ်...ဖြူစင်မှာလဲ...
လောက... လမ်းမများ... စမ်းတ၀ါးဝါး... ၀ဲလည်...
အိမ်မက်တို့... ရှည်လျား... မောပန်းလို့... နွမ်းနယ်...
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

ဆုံးဖြတ်ချက်တွေနဲ့... ယုံကြည်ခိုင်မာစေ...
ငါ့အတွက်... နားခိုမယ့်... အရူးအမူး... တမ်းတဆဲ...
အေးချမ်းတဲ့... အိမ်လေး... တနေ့တော့... တွေ့ရမယ်...
အို... အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...


Jul 18, 2010

တခုလောက်တော့ ပြောချင်တယ်

ခင်ဗျားဗျာ ဘယ်လိုကဗျာတွေ ရေးနေမှန်း မသိဘူး...
ခင်ဗျားရေးနေတာ ကဗျာတွေမှ မဟုတ်တာ...
ဘယ့်နှယ်ကြောင့် အချစ်ကဗျာတွေ ရေးနေရတာလဲ ခင်ဗျားက ကလေးမှ မဟုတ်တာ...
ခင်ဗျား ပို့စ်တွေ ဖတ်ရတာ စိတ်ပျက်တယ်...
ခင်ဗျားစာတွေက ဘာမှ လေးနက်မှု မရှိတော့ဘူး...
ခင်ဗျား ဘလော့ကို ဘယ်တော့မှ လာမဖတ်တော့ဘူး...

... ... ... ... စသည်... ဖြင့်...

ဝေဖန်စာများ... ပြစ်တင်စာများ... ဆဲစာများ... အားမလို အားမရ ဖြစ်နေသော စာများ... အကြံပေးစာများ... ချိုးနှိမ် ဖဲ့နင်းသော စာများ... အားလုံးကို သူ ဖတ်ပါသည်။

သူငယ်ချင်းများ... မိတ်ဆွေများ... ရဲဘော်များ... ညီအကိုမောင်နှမများ... စာဖတ်သူများ... ရန်သူများ... ချစ်သူများ... အားလုံးကို သူ နားလည်မိပါသည်။

စေတနာများ... မျှော်လင့်ခြင်းများ... လေးစားမှုများ... ရင်းနှီးမှုများ... ချစ်ခင်မှုများ... မုန်းတီးမှုများ... မနာလိုမှုများ... အမြင်ကပ်မှုများ... အားလုံးကို သူ လက်ခံထားပါသည်။

အီးမေးလ်မှ တဆင့်လည်းကောင်း... ဂျီတော့ခ်မှ တဆင့်လည်းကောင်း... တယ်လီဖုန်းမှတဆင့်လည်းကောင်း... စာအားဖြင့်လည်းကောင်း... တယောက်မှ တယောက် စကားလက်ဆင့် ပြောကြားခြင်းအားဖြင့်လည်းကောင်း... သူ့အား... ကောင်း/ဆိုး... ကျိုး/ပြစ်... ဝေဖန်ထောက်ပြ... အချွန်နှင့်-မ... အဆင်း ဘီးတပ်... သရဖူဆောင်း... အကောင်းချည့်ပြော... အားလုံးသောသူများအား... သူ ကျေးဇူးတင်ပါသည်။

တကယ်တော့ သူသည် လူသားဆန်သော လူ တယောက်သာ ဖြစ်ပါသည်။ သူသည် ဘုရား အလောင်း မဟုတ်ပါ။ သူသည် သူတော်စင် တယောက် မဟုတ်ပါ။ သူသည် တမန်တော် တပါး မဟုတ်ပါ။ သူသည် ဂျီးဆပ်စ် မဟုတ်ပါ။ သူသည် နိဗ္ဗာန်လမ်းကို မှန်းမျှော်ထားသူတယောက် မဟုတ်ပါ။ သူသည် လူသားများထဲမှ လူသား တယောက်သာ ဖြစ်ပါသည်။

သူသည် ပေးဝေနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။
သူသည် ဦးဆောင်နေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် နောက်လိုက် တယောက်လည်း မဟုတ်ပါ။
သူသည် လမ်းပြနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် လမ်းပျောက်နေသူ တယောက်လည်း မဟုတ်ပါ။
သူသည် အကြံပေးနေသူ တယောက်လည်း မဟုတ်ပါ။ ထို့အတူ သူသည် အကြံဉာဏ် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။

လို... တို... ရှင်း... ပြောရလျှင်... သူသည်... သူ့ လူသားဆန်မှုကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးခဲ့သော ကဗျာဆရာ တယောက်သာ ဖြစ်ပါသည်။

သူသည်... အောင်သာငယ်... ဖြစ်ပါသည်။ ထိုအမည်ကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးမှသာ သူ ရရှိခဲ့ပါသည်။
အောင်သာငယ်သည်... ကဗျာဆရာတယောက်... ဖြစ်ပါသည်။

ကဗျာဆရာတယောက်သည်... ခံစားချက်များအပေါ်တွင်... အသက်ရှင်သန်ပါသည်။ သူ့ ခံစားချက်များအပေါ် သူ အသက်ရှူသွင်း ရှူထုတ်သည့်အခါ... မုန်းတီးမှုများပါဝင်ပါမည်...။ ချစ်ခြင်းမေတ္တာများ ပါဝင်ပါမည်။

ချစ်ခြင်းမေတ္တာများ နှင်းမုန်တိုင်းလို ပိန်းပိတ်အောင် ကျနေသည့်အခါ... အချစ်ကဗျာ တပုဒ် သူ ရေးဖွဲ့မိသည်မှာ အပြစ်ပေလား...

အောင်သာငယ်-သည် သေသည်အထိ နိုင်ငံရေးဆန်သော ကဗျာများ ရေးဖွဲ့ရမည်လား... (နိုးဝေး... ဝေးစွ...)

လွန်ခဲ့သော ၂ နှစ်အတွင်းမှာ သည်အချိန်ကာလမှာ သူ တင်ခဲ့ဖူးသော ပို့စ် ၂ ခုကို သည်မှာ ပြန်တင်လိုက်ပါသည်။

သည်ပို့စ် ၂ ခုကို ဖတ်ရလျှင် အောင်သာငယ်-ဟူသော ကဗျာဆရာတယောက်၏ ဖြစ်တည်မှုနှင့် အတ္တကို နားလည်နိုင်ကြလောက်ပါသည်။

အောက်တွင် ဖော်ပြထားသည့်အတိုင်း ဖတ်ရှုကြပါ...

Jul 18, 2009
ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

LINK

ဒါကတော့ နောက်တခုပါ...
အာဇာနည်နေ့မှာ စိတ်အနှောက်အယှက် ဖြစ်ရတာလေးပါ...
သည်မှာ ဖတ်ကြည့်ပါဦး

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ

ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

ATN

Jul 17, 2010

သူသည် ၂၄ နှစ်သား လူငယ် တယောက်သာ ဖြစ်ပါသည်


















ယနေ့ မနက်တော့ မိုးမလင်းခင်မှာပဲ သူ နိုးလာသည်။ ခြေရင်းမှာ ထားထားသော ဆိုနီအမှတ်တံဆိပ် ဒစ်ဂျစ်တယ် နာရီကို အမှောင်ထဲမှာ လှမ်းကြည့်လိုက်တော့ အစိမ်းရောင် နံပတ်များက မနက် ၃ နာရီ ၅၅ မိနစ်ကို ဖော်ပြနေသည်။ "အင်း... အစောကြီး ရှိသေးတာပဲ... " သူ့ဘာသာတွေးရင်း ကိုယ်ပေါ်မှ စောင်ကို ခွာကာ အိပ်ယာမှ ထလိုက်သည်။ ခေါင်းရင်းမှ မီးခလုပ်ကို မဖွင့်ပဲ အိပ်ခန်း တံခါးကို အမှောင်ထဲမှာ ဖွင့်ကာ သူ ထွက်လာသည်။ ရေချိုးခန်းထဲ ရောက်တော့မှသာ နံရံက မီးခလုပ်ကို စမ်းကာ သူ ဖွင့်လိုက်သည်။ ၀ပ်-တရာ-အား ရှိသော အဖြူရောင် မီးသီး ၄ လုံးက အမှောင်နှင့် သဟဇာတ ဖြစ်နေသော သူ့မျက်လုံးများကို ရုတ်တရက် ကျိန်းစပ်သွားစေလေတော့သည်။ ( ... အမှောင်ထဲမှာ အနေကြာလာသည့်အခါ မျက်လုံးများက အလင်းကို ကျင့်သားမရပါ...  × စကားချပ်...) မျက်မှောင်ကို ကြုပ်ထားလိုက်ရင်းက လျှပ်စစ်မီး၏ အလင်းစများကို တဖြည်းဖြည်းချင်း သူ့မျက်လုံးထဲကို သွင်းယူလိုက်ရသည်။ မျက်မှောင် ကြုပ်ထားဆဲမှာပင် လက်ဆေးကန် ရှေ့က မှန်ထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူ့မျက်မှန် ပါမလာပေမင့် မျက်မှောင်ကြုပ်ထားသည့်ကြားက ၀ိုးတ၀ါး မြင်နေရသည့် သူ့မျက်နှာသည် အတော့ကို အိုစာနေလေပြီ။ ပါးရိုးတွေ ကျပြီး နားထင် နှစ်ဖက်က ချိုင့်ခွက်ဝင်နေသည်ကို သူ  မြင်နေရသည်။ ခုသည် နှစ်လ အတွင်းမှာ သူ အတော် ပိန်ကျသွားပုံရသည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာက ဤအချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၂ နှစ်က အိမ်ကို သူ ကျောခိုင်း ထွက်ခွာလာခါစ ကာလတုန်းကလို မျက်နှာမျိုး မဟုတ်တော့တာ သေချာနေသည်လေ။ လွန်ခဲ့သော ၂၂ နှစ်က ရှိခဲ့ဖူးသော မျက်လုံး တစုံကို လွန်ခဲ့သော ၂၂ နှစ်တုန်းက အိမ်ကို ကျောခိုင်းထွက်ခွာခဲ့သော မျက်နှာ တခုပေါ်မှာ သူ ပြန်မတွေ့ရတော့။ အပြာရောင် မသမ်းသည့်တိုင် အနီရောင်လည်း မသမ်းခဲ့သော ထို အဖြူရောင် မျက်လုံးများ သူ့မှာ မရှိတော့ပါ။ ခုတော့ သူ့မျက်လုံးများက အနီရောင်သမ်း-လို့... ။ သူ့ မျက်လုံးများ အောက်မှာ ဘယ် အချိန်ကမှန်း မသိ ရောက်လာနေသည့် မျက်ရစ် ၂ ခုကလည်း ဇရာကို ခြံဝင်း ခတ်ပြထားသလိုမျိုး... ။ ထို မျက်ရစ် ၂ ခုအောက်မှ ပါးရိုး ပေါ်မှာလည်း သွေ့ခြောက် ကြမ်းတမ်း လာနေသော အရေပြား တချို့က... သိသိသာသာ ဇရာကို အချက်ပြလျှက်... ။ သူ့ နဖူးပေါ်မှ အရေပြား အတွန့် ၂ ကြောင်းကလည်း ဇရာကို မောင်းခတ် ကြေငြာနေလေသည်လား... ။ သူ့ နဖူးအစပ်မှာ မြင်နေရသော ဆံပင်ဖြူ တချို့ကလည်း ဆံမည်းတွေကြားထဲမှာ ကျိုးတို့ကျဲတဲ... ဒါ... ဇရာ-ပဲကွ လို့ အလံထူပြနေသလိုမျိုး... " အိုး... ဘာပဲဖြစ်ဖြစ်... ငါ... ဟာ...၂၄ နှစ်ပဲ ရှိပါသေးတယ်... ... " သူ့ဘာသာ စိတ်ထဲမှာ ပြောရင်း သွားပွတ်တံပေါ် သွားတိုက်ဆေး တချို့ကို ညှစ်ချလိုက်ရင်း ရေချိုးကန်ထဲသို့ သူ ၀င်လိုက်သည်။ (သူသည် ၂၄ နှစ်သား လူငယ်တယောက်သာ ဖြစ်ပါသည်...)

Jul 5, 2010

မျှော်လင့်ခြင်းကွင်းပြင်

သည်ကွင်းပြင်ကြီးကို... တို့ဖြတ်ဖူးတယ်...
သည် မြက်ပင်များအပေါ်... တို့နှစ်ယောက်အတူ... လျှောက်ဖူးတယ်...
သည်ကွင်းပြင်ကြီးထဲ... မိုးတိမ်တွေ... အမြဲပျံသန်း...
ကြည်နူးစရာဘ၀ပေါ့... မင်းလေးနဲ့... ဟိုးတချိန်က...
တို့နှစ်ဦးသား... အချစ်ကို... တန်ဖိုးထားကြတယ်...

သည်ကွင်းပြင်ကြီးဟာ... အခုဆို လွမ်းစရာ...
သည်မြက်ပင်စိမ်းတွေ... ခြောက်သွေ့ကာ... ညိုမည်းနေ...
သည်ကွင်းပြင်ကြီးလည်း... ဟိုးအရင်လို... မလှတော့ဘူး...
ရင်ထဲမှာ... အဆွေးများ... မင်း... ထားပစ်ကာ... ထွက်သွား...
တို့နှစ်ဦးသားဘ၀ဟာ... ကမ္ဘာကြီး... ခြားထားသလို... ...

တို့... မသိနိုင်ဘူး... ကံတရားရဲ့... အင်အားကို...
အဝေးဆုံးချစ်သူတိုင်းပဲ... ပြန်နီးဖို့... မျှော်လင့်နေ...
အချစ်ဆုံး... ချစ်သူတိုင်း... အို... အလွမ်းဆုံး... ဘ၀ရှိမယ်...
အချစ်ဟာ... ကြည်နူးစရာ... အို... လွမ်းစရာ... တခါဖြစ်မြဲ...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်... ရ... အောင်...

ကိုယ်ရေးရာဇ၀င်

ရေး - မောင်သစ်မင်း
ဆို - အငဲ

ငါ့အတွေးများလည်း... မီးခိုးတွေ... အူ...
လေးဖက်လေးတန်... အခန်းငယ်ထဲ...
ငါစောင့်စားခဲ့တဲ့... နေ့ရက်တို့... နံရံတွေအပေါ်... ဖြတ်သွား...
ဒီမျက်နှာကြက်ပေါ်ကနေ... တွဲခိုနေ... မီးအိမ်တလုံး...
ငါ့ဘ၀အတွက်... သည်ဒဏ်ရာတွေကို... ကြည့်နေသလား...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ငါ... တံခါးရွက်တွေကို... ဖွင့်ထားပြီး...
သီချင်းဟောင်းတပုဒ်ကို... ညည်းဆိုရင်း...
ထိုင်ခုံအိုပေါ်... ထိုင်နေဆဲ... လာပါ... သူငယ်ချင်း...
ခံစားချက်ကလေးများ.. ကုန်ပြီ... ကုန်ခမ်းပြီ...
နံရံ... မျက်နှာကြက်နဲ့... ကြမ်းပြင်အကြား...
သည်အခန်းထဲက... အပြင်မထွက်လိုဘူး...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

Jul 4, 2010

ထပ်မဝေးဘူး

ရေး - ကေအေတီ
ဆို - အငဲ

ညတရေးနိုး... လမင်းကြီး... မြင်တော့မှ... ကိုယ်ယောင်ရမ်းပြီး...
အရင်တုန်းက... အခုညမျိုး... ကိုယ်ပြန်အောက်မေ့... အို... ဘယ်သူမှ... မရှိ...
အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... ခက်မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)

ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...

အမှောင်ထဲသို့... လမင်းတိုးဝင်... တယောက်တည်းမို့... ကိုယ်ထင်တိုင်း... အားငယ်...
မဟုတ်သေးဘူး... ဒါဟာ... အမြဲမဟုတ်ဘူး... မျှော်လင့်ချက်လည်း... မကုန်သေးဘူး...

အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...


အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
အိုး... ... 
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
အိပ်မက်တွေ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...

(ဟေး... ... ... ... )




(သည်တခါ တို့နှစ်ယောက် ထပ်မဝေးတော့ပါဘူး... “နှင်း”ရေ့... )