Feb 28, 2011

ဓါးအိမ်

မင်း မရှိတဲ့ နေ့ရက်တွေမှာ
ငါ့ ဘေး ဘယ် ညာ နှစ်ဘက်
ဟာလာဟင်းလင်း...

ငါ့ကို တင်းကျပ်စွာ ထွေးပွေ့ပေးထားဖူးသော မင့်ရင်ခွင်
တမ်းတမိ...
နွေးထွေးမှုဆိုတာ
နွေးထွေးစွာခံစားခဲ့ဖူးပါမှ...

ခုတော့
ငါဟာ
ကွေးလိမ်ခွေခေါက်လို့
ကျောက်တုံးပေါ်တင်သွေးလည်း မထက်မြနိုင်တော့ဘူး...

တသက်တာလုံးမှာ
ငါလိုချင်ခဲ့တာ
အဲသည်
ကျဉ်းမြောင်းမှောင်မဲသော နေရာကလေး
အဲသည်မှာပဲ
ငါ နွေးထွေးတယ်....
မင့်ရင်ခွင်...

ငါဟာ
မင့်ရင်ခွင်ထဲမှာဆို
ဓါးတစင်း...

ATN

Feb 27, 2011

အဲသည်အရာကို အမည်ပေးစရာ မလိုဘူး....

ရှာခဲ့တယ်
တဘ၀တာလုံးလုံး...

တွေ့ပြီ...

အဲသည် ချောင်းကွေ့လေး နံဘေးမှာ
အဲဟို စွယ်တော်ရွက်ကလေး အနားမှာ
အဲက အပြောရောင် သစ်ခွလေး တပွင့် အပေါ်မှာ
ဟောသည့် အစိမ်းရောင် လွင်ပြင်လေး တခု အလယ်မှာ
ဟောဟို အညိုရောင် တောင်ကုန်းလေး တခု အနီးမှာ

ပြီးတော့
သည်က
အနီရောင် ငါ့ ရင်ဘတ်ထဲမှာ...

ATN

Feb 20, 2011

ပို့လန်း (၂)

ငါတို့က
ဘယ်လိုပဲ
အကောင်းပဲ-လို့ ပြောပြော...
အဲသည်မြို့က
ဗလောင်းဗလဲ မြို့...

မိုးမလင်းခင်လေးမှာ...
နှင်းတွေကို ကျဲချတယ်...

မနက်ခင်းနေကို မမြင်ရအောင်ကို
နှင်းတွေကို ကျဲချပစ်တဲ့မြို့...
ငါတို့မှာ အလူးအလဲ...
အရိုးတွေတောင် ကွဲမတတ်...

အဲသလို ဖြစ်နေတာတောင်
ငါတို့ကို မသိချင်ယောင် ဆောင်နေတဲ့... မြို့...

နေ့လယ်ခင်းကျတော့
နေရောင်တွေ... တိမ်တောင်တွေနဲ့....
ပြိုးပြောင်လက်ပလို့...
မနက်ခင်းတုန်းကလိုမျိုး
လူဆိုးကြီး မဟုတ်ခဲ့ဖူးဘူး သလိုလို...
ဟောသည်ကမ္ဘာကို
သူဘာမှကို မရက်စက်ခဲ့ဘူးသလိုလို...
မယုံနိုင်စရာကို ဟန်ဆောင်ကောင်းတဲ့... မြို့...

ညနေစောင်း ရောက်တော့...
ကောက်ခါ ငင်ခါ... ထ... ငိုလေတော့တယ်...
မိုးရေ-ဆိုတာ အဖွေးသားနဲ့...
ငါတို့ ကားတွေ အားလုံးဟာ
ဝိုက်ပါတွေ တလှုပ်လှုပ်နဲ့...
သူ့ရဲ့ မျက်ရည်ေ အဆုပ်ဆုပ်တွေကို
ငါတို့ ကားမှန်တွေပေါ်ကနေ လှုပ်ခါချပစ်နေရတော့တာပဲ...
အဲသည်လိုမျိုးလည်း လုပ်ရက်တဲ့... မြို့...

အဲဒါ... ပို့လန်း...
အဲဒါ... ပို့လန်းလေ...

ATN

Feb 16, 2011

ပို့လန်း (၁)

နင်းတက်သွားလိုက်
ဆင်းချသွားလိုက်နဲ့
ကတ္တရာ လမ်းမများက...
ကောက်ကွေး ကော့တက်...
မိုးပေါ် ကော့ပျံ
ရိုးပေါ် အော့အန် နေတဲ့မြို့...

စက်ဘီးစီးသူတွေက
နေရာတကာ...
နင်းလိုက်... တက်လိုက်
ဆင်းလိုက်... သက်လိုက်နဲ့...
ရင်ခုန် မောဟိုက်...
ရယ်မော ပျော်မိုက်...
အဲသလို...အဲသလို...
လှိုက်ဖိုကြီးငယ် တောင်ကုန်း အသွယ်သွယ်ကို
သူ့ခါးမှာ...
တမင်တကာကို
စလွယ်သိုင်းထားပါတဲ့... မြို့...

နှာခေါင်းမှာ...
နားရွက်မှာ...
မျက်ခုံးမှာ...
ပါးမှာ...
နှုတ်ခမ်းမှာ...
အို... ကွာ....
ဟို... နေရာပါ... မကျန်လောက်အောင်....
အပေါက်ပေါင်းများစွာ
ဖောက်ထားသူမျိုးစုံ...နဲ့...
သူပုန်ထနေခဲ့တဲ့... မြို့...

မိန်းမလည် သိန်းကြွယ်ကို...
နံမည် ဖျက်ဦးမယ့်.. မြို့...

မိန်းမ မာယာ သဲ ကိုးဖျာလောက်ကိုတော့...
နော့ကောက် ထိုးချပစ်ပြမယ့်... မြို့...

ခင်ဗျားတို့ကို...
ကျုပ်... လက်တို့ထားလိုက်မယ်...
ဗျို့...

ပို့လန်းဆိုတာ...
မာယာ အတိ တထောင်နဲ့... မြို့...
မာယာ မရှိယောင်ဆောင်တဲ့... မြို့...
လဘာဂျာ ငတိတကောင်ရဲ့... မြို့...

ATN

Feb 13, 2011

ဗယ်လန်တိုင်းမှာပဲဖြစ်ဖြစ်... နှစ်သစ်ကူးမှာပဲဖြစ်ဖြစ်... လွှတ်တော်မှာပဲဖြစ်ဖြစ်... မျက်နှာစာအုပ်မှာပဲဖြစ်ဖြစ်...

အမှန်တရားကို ချစ်မိလာပြီဆိုမှဖြင့်
ဒဏ်ရာတွေ ရကြတော့တာပဲ...
မင့် အပြဲက ဘယ့်လောက် ကျယ်ပြီး...
ငါ့ အကွဲက ဘယ့်လောက် များလဲ...
အငြင်းပွားမနေနဲ့တော့...
တရားနဲ့ပဲ ဖြေ...

ATN

Feb 9, 2011

ဆရာ အကို လွမ်းဏီ လက်ပေါ်မှာ ကျနော် သေမယ် …

ဇော်ဂျီ… မသိ…
ဂေါ်ကီ… မသိ…
ကော်နီကိုပဲ သိတဲ့အထဲ…
ကျနော် မပါဘူး… အကို လွမ်း…

စွမ်းရည်… မသိ…
လွမ်းဏီ… မသိ…. တဲ့ အထဲ…
ကျနော်လည်း မပါဘူး… အကို လွမ်း…

အကို့ အမေကို
အကို ဆုံးရှုံး သွားခဲ့ရတုန်းက…
ကျနော့် အမေကို ဆုံး ရှုံး သွားရသလို
ကျနော် ငိုခဲ့ဖူးတယ်…
ငါ့ကို မသနားနဲ့…
နင့်ကိုယ်ကို နင်သနားတဲ့…
အကို့ အမေ့ အမှာစကား…
ကျနော့် နားထဲမှာ ဆူကျယ်အူလောင်…
အကိုရယ်… …
ကျနော် ဘာပြောရမယ် မသိတော့ဘူး…

ဂျက်ပင်ထိုးတယ်…
ဝတ်မှုန်ချင်း ထုံကူးတယ်…
စကားလုံးတွေက ဟုန်နေပြီ…

ကျနော်ကတော့ ရိုးသားချင်တယ်…
စကားလုံးတွေကြားမှာ ကျနော် မနေချင်ဘူး အကို…
မာယာတွေ… ကျနော် မုန်းတယ်…
စကားလုံး မာယာတွေကို ကျနော် အမုန်းဆုံးပဲ….

ကျနော့် ခံစားမှုများမှာ
ကျနော် ရိုးသားခဲ့တယ်…
ဘုရားသခင့် သက်သေ…

ကျနော့် နေ့ရက်တွေ ဘယ်လောက် ကျန်နေသေးလဲ…
ကျနော် ရေတွက်မနေပါဘူး….အကို…
အကို့ကို စိန်အေးမာက ချစ်တာထက် ကျနော် ပို ချစ်တယ် …
မောင်လွမ်းဏီရဲ့ ကဗျာတွေကို
စိန်အေးမာ ချစ်တာထက် အောင်သာငယ်က ပို ချစ်ခဲ့တယ်…

မောင်လွမ်းဏီ ကဗျာတွေကို
ကွန်ပြူတာနဲ့
အောင်သာငယ် စာစီ စာရိုက်လုပ်ခဲ့တဲ့နေ့ရက်တွေမှာ
စိန်အေးမှာဟာ…
တခြား ကမ္တာမှာ…

ကျနော့် မဖြစ်ညစ်ကျယ် စာတွေကို
ကဗျာတွေ ဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…

အောင်သာငယ်ကို
ကဗျာဆရာဖြစ်အောင် လုပ်ခဲ့တာ
မောင်လွမ်းဏီ…


ခုတော့ ကျနော် ကဗျာဆရာဖြစ်ပြီ…
မောင် လွမ်းဏီ…

တခုပဲ…
ကျနော် သေရင်…
အကို့ လက်ပေါ်မှာ သေချင်တယ်…
ကျနော့်ကို ဖက်ပြီး
အကို ငိုတာ ကြားချင်လို့…
အဲသလိုမျိုး…

ATN

Jan 30, 2011

လွတ်လပ်ရေး ကဖီး (ခင်ဝမ်း)

မင်းကတော့... ငါ့ကို အမြဲ အပြစ်တင်တယ်...
ငါ... ဆိုင်ရွေးတိုင်း... ညံ့တာ... ရွေးတယ်လို့...
ဒါပေမယ့်လည်း... ငါ့မှာတော့... အကျိုးအကြောင်း ရှိနေတယ်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...

လှပတဲ့ည... ငြိမ်းချမ်း ရင်ခုန်စရာ... အချိန်တန်မှ... တခါကြုံခိုက်မို့သာ...
ဆိုင်တကာရဲ့ အခင်းအကျင်းတွေ... ကျော်ဖြတ်ထားရစ်ခဲ့...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လာပါ... ဟိုရောက်တော့... သိလိမ့်မယ်...
လမ်းမှာတော့... တွေးမနေနဲ့...
မင်းနဲ့ ငါ... စကားပြောရင်း... ထိုင်ဖို့...
ငါ့အတွက်... နိဗ္ဗာန်လို... ဖြစ်ခဲ့တဲ့နေရာ...
အို... အို... အို... အို... အို... အနီးကလေးရယ်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
အို... အနီးကလေးရယ်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...

တောက်ပလွန်းတဲ့... အခမ်းအနား... အပြင်အဆင်တွေ...
အပေါ်ယံမှာတော့ ရွှေမှုန် ကျဲကြမယ်...
တကယ်သေချာတဲ့... အကောင်းဆုံး... ဆိုင်... ရွေးတမ်း-ဆိုရင်တော့...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လာပါ... ဟိုရောက်တော့... သိလိမ့်မယ်...
လမ်းမှာတော့... တွေးမနေနဲ့...
မင်းနဲ့ ငါ... စကားပြောရင်း... ထိုင်ဖို့...
ငါ့အတွက်... နိဗ္ဗာန်လို... ဖြစ်ခဲ့တဲ့နေရာ...
အို... အို... အို... အို... အို... အနီးကလေးရယ်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
အို... အနီးကလေးရယ်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
အို... အနီးကလေးရယ်...

သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
လွတ်လပ်ရေး... ကဖီး-ကိုပဲ... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...
သွားကြရအောင်... သွားကြရအောင်... သွားကြရအောင်...

Jan 28, 2011

တောင်ပေါ်သူ လွမ်းတေး (ခင်ဝမ်း)

အပြာရောင် မိုးဖွဲလေးအောက်မှာ... တွေ့ခဲ့စဉ်ဝယ်... ချည်နှောင်ဖွဲ့ ကြိုးကလေးများရှိလာ... မမေ့နိုင်စရာ.... တောင်ပေါ်သူရယ်... အိမ်ပြန်ချိန် ခွဲကြရတော့... လေနှင်ရာ အလိုက်သင့်... တိမ်ညိုတွေ လွင့်လို့နေတယ်...

ထာဝစဉ်ဝေးကြရဖို့သာ... တွေ့ခဲ့သူရယ်... နှင်လေရာ အသက်နဲ့ ထပ်လို့သာ... တမ်းတနေမယ်... တောင်ပေါ်သူရယ်... ညိုငြင်မှာစိုးခဲ့မိတော့... ဆိုချင်တဲ့ တေး တပုဒ်ကို... ရင်မှာသာ သိမ်းခဲ့သူကွယ်...

တောင်စဉ် တောင်တန်းတွေ... မြူခြေ အုံ့မှိုင်းဝေ... စာသင်ကျောင်းလေး တကျောင်း ရှိလို့နေ... တောင်ပေါ်သူလေးရေ... ဆရာမလေးရေ... သည်ရင်မှာလေ အမြဲပဲ... မိုးဖွဲ... မိုးဖွဲလေး ရွာနေ...

အ၀ါရောင် ပန်းများ ပွင့်လို့လာ... ယိမ်းနွဲ့ကာရယ်... သာယာတဲ့ သီချင်းလေး ကြားမိသယောင် တွေးမိပြန်တယ်... တောင်ပေါ်သူရယ်... အဖြေရှာ ငေးမောရင်းနဲ့ ဘာရယ်ကို မသိတော့တဲ့ ဝေဒနာတွေ ငြိလို့နေတယ်...

တောင်စဉ် တောင်တန်းတွေ... မြူခြေအုံ့မှိုင်းဝေ... စာသင်ကျောင်းလေး တကျောင်း ရှိလို့နေ... တောင်ပေါ်သူလေးရေ... ဆရာမလေးရေ... သည်ရင်မှာလေ အမြဲပဲ... မိုးဖွဲ... မိုးဖွဲလေးရွာနေ...

http://www.facebook.com/note.php?note_id=10150386052470274#!/video/video.php?v=1501708393964 

Jan 19, 2011

သေနတ်တလက်ကို ငါလွယ်ထားတယ်... သူငယ်ချင်း

 http://www.facebook.com/note.php?note_id=10150378313915274

 လွတ်လပ်မှုကိုတော့
သေနတ်နဲ့ပဲ...  ငါ...
ချိန်ရွယ်ထားရဖူးပြီးပြီပေါ့..

တခြားနည်းနဲ့လည်း...
ဘယ်လိုယူလို့ရမယ်ဆိုတာ...
ငါ မသိဘူး...

သေနတ်သံတွေကို
တကယ်တော့... ငါ... မယုံပါဘူး... လေ...

ဒါပေမယ့်...
သေနတ်တွေကိုတော့
ငါ... ယုံနေသေးတာပေါ့...

လက်ညှိုးတွေ မကွေးသမျှ...
သေနတ်ကလေးတွေခမျာ
ဘာအသံမှ ထွက်မပြဘူး...

သူတို့ကတော့...
သေနတ်တွေကို...  ဆုပ်ကိုင်ထားပြ...
လက်ညှိုးတွေကို
အတားအဆီးမရှိသလို ကွေးချနေကြ...
ငါတို့ကလည်း...
သေနတ်တွေကို... ပြန်ဆုပ်ကိုင်ပြရပေလိမ့်...

ဒါးကို... ဒါးချင်း...
လှံကို... လှံချင်း...
သေနတ်ကို... သေနတ်ချင်း...

တကယ်တမ်းမှာ...
ငါတို့ဟာ...
လွတ်မြောက်ရေးအတွက်သာ... စစ်ခင်းနေရတာပါ...
ဒါးတွေချင်း... လှံတွေချင်း...
ဘယ်လိုမှ လမ်းမခင်းနေချင်တော့တာ အသေအချာပေါ့...

သို့သော်လည်း...
ငါတို့မှာ...
ရွေးချယ်စရာဆိုတာ သိပ်မရှိလှပါဘူး...

သေနတ်ကို ဆွဲရင် ဆွဲ...
သေနတ် မဆွဲရင်...
RIP လက်ဝါးကပ်တိုင်ကို ဆွဲ... ရမှာပေါ့...

ရှင်သန်ချင်နေသေးသမျှ...
ငါ့ အေကေ-၄၇ သေနတ်ကို
ငါ့ရင်ဘတ်မှာ အပ်ထားနေမိသေးတာကတော့...
ငါ့ လွတ်မြောက်ရေးတေးပေါ့လေ... သူငယ်ချင်း... ...

ATN

(DKBA, KNLA နှင့် ABSDF မှ တိုက်ဖော် တိုက်ဖက် ရဲဘော်များသို့ ...)

Jan 16, 2011

ရဲဘော် သန်းလွင်-သို့

ဟောသည့် ကမ္ဘာမြေအပေါ်မှာ
ဖက်တွယ်စရာတွေ သိပ်မရှိတော့တဲ့အခါ...
ငါတို့ဟာ...
အချင်းချင်းကိုသာ ဖက်တွယ်ထားရလေတော့တယ်...

ရင်ဘတ်ကို ရင်ဘတ်ချင်း...
လက်ကို လက်ချင်း...
နှလုံးသားကို နှလုံးသားချင်း...
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း...
သေနတ်မောင်းကို ဖြုတ်တတ်သော လက်များအချင်းအချင်း...

သူငယ်ချင်း...
မင်းကို... ညီလေး-လို့... ငါကခေါ်...
ငါ့ကို... အကိုကြီး- လို့... မင်းက ခေါ်...

တကယ်တော့
ညီ အကိုဆိုတာထက်တောင် ပိုနေသေးတယ်...
မင့် အသက်ကို ငါ့ ပေးထားတာ ...
ငါ့ အသက်ကို မင့် ပေးထားတာ...
ငါတို့ဟာ ကျောချင်းကပ်လျက်...
နှလုံးသားချင်းကတော့...
ရင်ချင်းအပ်လျက်...
ချစ်တတ်သူတွေလိုမျိုး...

ဆေးအိပ်ကလေး လွယ်ပြီး ပြုံးပြုံးနေတတ်တဲ့ မင်း...

ရဲဘော် သန်းလွင်...
သင် ယုံကြည်ခဲ့သော မနက်ခင်းများ...
ငါတို့အားလုံး ယုံကြည်ခဲ့...
တပ်မဟာ (၆)ရဲ့ နေ့ရက်များ...
သင့်အား သတိရနေကြလိမ့်...

ငါ့ စာမျက်နှာ တခုမှာ
သင့်အမည်အား ရေးထိုးထားပါမည်...
ထာဝရဘုရား...
သင့်အား ကောင်းချီးပေးပါ့...
အာမင်...

ATN

Dec 27, 2010

တချက်လေး စောင်းငဲ့ကြည့်ဦး (ကျော်ဟိန်း)

ခွင့်ပြုလိုက်ဖို့... ငါ့မှာ... အင်အား မရှိ... 
ခိုင်လုံတဲ့... အကြောင်းအရင်း... မသိရဘူး...
ငါလေ... အသက်ငွေ့ငွေ့ကို... ရှိုက်သွင်းကာ... ရီဝေမူး...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

ထားခဲ့ရက်လို့... သွားမယ်ဆိုလည်း... သွား... 
ရှင်နေလျက်နဲ့... ဘ၀ဟာ... သေဆုံးမလား...
ကြင်နာမှုရဲ့... ပြောင်းပြန်... နာကျင်မှုဟာ... ငိုနေသူ... မျက်ဝန်းလား...
နင်တယောက်တည်း... ငါ့ဘ၀... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
နယ်မကျွံခင်... လှည့်ပြန်ခဲ့... သေချာ ဆုံးဖြတ်ခဲ့... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

ကျောခိုင်းထားရင်းလည်း... ငါ့ကို... ပြန်... လှည့်... ကြည့်... 
တို့ရဲ့အကြည့်... ဆုံဆည်းတော့မှ...
ကြွေပြတ်သွားတဲ့... ကြိုးတွေ... ပြန်ဆက်သလို... အခြေအနေမှန်ကို... ပြန်ရောက်ဖို့...
နင်တယောက်တည်း... ငါ့ဘ၀... တကယ်... အားလုံးပဲ... နားလည်ထား...

တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိရင်... ငါ့ဘ၀... မရှိ...
ရင်ခုန်သံ... မရှိတဲ့... တွယ်ရာ... မဲ့တဲ့လူ... သာမန်... ဒြပ်ထု... တခုလိုပဲ...
တချက်လေး... စောင်းငဲ့ကြည့်ဦး... နင်... မရှိတော့... ငါ့ဘ၀... မရှိ...
မလွန်ခင်... နောက်ဆုတ်ခဲ့... ရှင်လျက်နဲ့... ဘ၀ကို... 
သေအောင်... မလုပ်နဲ့... တောင်းပန်ရင်း...
မြင်ရုံသာ... စောင်းငဲ့ကြည့်ဦး... တယောက်တည်း... ငါ့ကို... ထားခဲ့မလား...
မြင်ရင်... နေရက်ပါ့မလား... စာနာသော... စိတ်က... 
တခုတည်းသော... အဓိပ္ပါယ်နဲ့...

တချက်လေး... စောင်းငဲ့ကြည့်ဦး...

Get this widget | Track details | eSnips Social DNA

Dec 26, 2010

Against All Odds (Phil Collins)

How can I just let you walk away,
just let you leave without a trace
When I stand here taking every breath with you, ooh
You're the only one who really knew me at all

How can you just walk away from me,
when all I can do is watch you leave
Cos we've shared the laughter and the pain,
and even shared the tears
You're the only one who really knew me at all

So take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
And you coming back to me
is against all odds and that's nothing chance I've got to take

I wish I could just make you turn around,
just turn around and see me cry
There's so much I need to say to you,
so many reasons why
You're the only one who really knew me at all... oh...

Take a look at me now,
'cos there's just an empty space
And there's nothing left here to remind me,
just the memory of your face
Just take a look at me now,
'cos there's just an empty space
But to wait for you,
well that's all I can do and that's what I've got to face
Just take a good look at me now,
'cos I'll still be standing here
And you coming back to me is against all odds
I am not what I've got to face oh, oh

Just take a look at me now



Dec 23, 2010

စခီဇိုဖရီးနီးယား

http://www.facebook.com/notes/aung-tha-nge/55f6594c/10150353681325274

စိတ်-ဆိုတာမျိုးက...
ရိုးရိုး ဆိတ် တကောင်လည်း... မဟုတ်လေတော့...
ခြံလှောင်ထားလိုက်ဖို့ကလည်း... ခက်...

မှောက်လျက်ကလေး... ကွေးနေချိန်တောင်
ယောက်ယက်ကလည်း... ပြေးခပ်နေတတ်သေး...
ဟိုတွေး... သည်ရောက်...
ဂျွမ်းထိုး မှောက်ခုံ... လဲလို... လဲ...
အိပ်မက်တွေထဲ... လျှောက်သွားလို... သွား...
သက်တံများကို
ကောင်းကင်တံတားပေါ်မှာ... တက် ခူးလို... ခူး...
ရူးချင် သလိုလို... နှမ်းချင် သလိုလို... ဖြစ်...
လွမ်းဖျား လွမ်းနာ... ကျ...
အမည်နာမလေး တခုကိုကလည်း...
အမြဲတမ်း သတိတရ... ဖြစ်ဖြစ်... နေနေ... တတ်...
ရှိရှိသမျှ... ဓါတ်ပုံလေးတွေ... ထုတ်ထုတ်... ကြည့်....
မြှုံး... မိနေရင်တောင်...
ပြုံး... ကြည့်နေချင်တတ်ပါတဲ့... စိတ်...

(သိပ်... ခက်တယ်...
စိတ်... ပျက်တယ်... ကိုယ့်ဘ၀ဇာတ်ဆရာရယ်...
စိတ်ဓါတ်တွေ... အဟောင်းဆိုင်တန်းထဲ...)... လို့...
တိတ်တိတ်လေး... ဆိုဆို... ငြည်းငြည်း... နေနေမိတတ်တာကလည်း... စိတ်....

လရောင်ကို...
မီးခိုးတွေလို အူမှောင်... တမ်းတနေတာကလည်း... စိတ်...

လက်ချောင်းရှည်သွယ်လေး တစုံကို....
ခုန်နေတဲ့ နှလုံးသားအပေါ်မှာ
ယုယုယယ... ထိကပ်ထားချင်မိတာကလည်း... စိတ်...

နှုတ်ခမ်းပါး နှစ်လွှာပေါ်မှာ...
လမ်းသလားချင်နေမိတာကလည်း... စိတ်...

နမ်းရှုံ့ဖို့ခက်တဲ့ပါးကလေး နှစ်ဖက်ကို...
လှမ်းဆုပ်မလို့ တအားပြေးထွက်သွားတဲ့... စိတ်...

အားအားရှိတိုင်း...
န- ဟထိုး - င - သတ် - ၀စ္စ နှစ်လုံးပေါက်ဆိုပြီး...
ငါ့ ခီးဘို့ဒ်အပေါ်... ခေါက်ခေါက်... နေနေမိတဲ့... စိတ်...

ATN

Dec 17, 2010

မဲကလ တမ်းချင်း

http://www.facebook.com/notes/aung-tha-nge/-/10150348561165274?notif_t=like

မဲကလ-ရေ...
အမှတ်တရဆိုတဲ့... စကားလုံးထဲမှာ...
ဒဏ်ရာတွေ စိမ့်ဝင်နေတယ်-ဆိုတာ...
မင်းနဲ့ ငါပဲ သိပါတယ်... စမ်းချောင်းလေးရဲ့...

ကရင်လိုတော့... မဲကလ-တဲ့...
ငါတို့ကတော့ မင်္ဂလာ-လို့ အမည်ပြောင်းပစ်လိုက်တယ်...
စမ်းချောင်းလေးရေ...

မင့်စီးဆင်းမှုထဲမှာ
တို့တတွေ မျောပါသွားခဲ့တာ
အနှစ် ၂၀...

တကယ်တော့လည်း
မျောပါသွားခဲ့တာ မဟုတ်ပါဘူး...
တို့တွေအားလုံး
စိတ်ရောကိုယ်ပါ စီးဆင်းခဲ့ကြတာပါ...

မင့်ကမ်းပါး နှစ်ဖက်ကို
စုံစုံမက်မက်
ငါတို့အားလုံး
ချစ်မက် မြတ်နိုးခဲ့ဖူးတာပေါ့....

သေ့ဘောဘိုးရဲ့
နေ့နဲ့ညတွေမှာ
မင်းဟာ... ဧကရာဇ်...
ဒါမှ မဟုတ်ရင်လည်း... ဘုရင်မ တပါးပါး ဖြစ်ပေလိမ့်...

ငါတို့အားလုံးဟာ
မင့်ကို တနေ့တခါတော့
ထွေးပွေ့ကြရလေတယ်... မဲကလ-ရေ...

ငါတို့ရဲ့ အညစ်အကြေးတွေ...
ငါတို့ရဲ့ ပြည်မအလွမ်းတွေ...
ငါတို့ရဲ့ တမ်းတချင်းတွေ...
မင်းက ဖြေဖျောက်သယ်ယူသွား....

မဲကလ-ရယ်...
မင့် ကမ်းပါးနံဘေးအနားမှာ...
လွမ်းဖျားခဲ့ဖူးတဲ့ ချစ်သူ နှစ်ဦး...
သူတို့ နှစ်ယောက်အကြားမှာ
အေကေသေနတ် နှစ်လက်က
စည်းချက်တွေ အတန်တန်တားလို့
သူတို့ နှလုံးသားလေးနှစ်စုံ...
ခြောက်ခြားနေခဲ့ပုံ...
ခုထက်ထိ...
ငါ ရင်ခုန်နေမိသေးတယ်... မဲကလ-ရဲ့...

မင်းကတော့ တည်တည်ငြိမ်ငြိမ် စီးဆင်းလို့...
ဒါကိုပဲ ငါတို့အားလုံး မြတ်နိုးခဲံ့ကြပုံ...

မယုံနိုင်စရာကောင်းနေတာက...
မင့် တည်ငြိမ်နေမှု...
အခုကို ငါတို့အားလုံး သတိရနေကြသေးတယ်...
မင့် ကမ်းပါး နံဘေးမှာ
ငါတို့တွေ တေးဆိုခဲ့ကြပုံ...

မိုးမခပင်တွေ...
တို့... သက်သေတည်...
စိမ်းယဉ်သော အေးမြကန်သာမြေ...
ရိုးမတောင်ခြေ...
နေရောင်မခတဲ့ တောင်တွေ...
ငြိမ်းအေးစေ...

မင့် ရေတိမ်ရာ... ရေနက်ရာတွေဟာ...
ငါတို့ အားလုံးအ တွက် သင်ခန်းစာတွေ ဖြစ်ခဲ့...

မင်းက ငါတို့ အားလုံးကို သွန်သင်လေတယ်...
တကယ်တော့ မင့် ရေတွေက ကြည်လင်ပါတယ်လေ...

ATN

Dec 15, 2010

ပြည်သူ

http://www.facebook.com/note.php?note_id=10150347797390274#!/note.php?note_id=10150346928830274

ဘယ်သူက စားတာလဲ...ဟဲ့...
အခမ်းအနားတွေမှာလည်း... အလဲလဲ အပြိုပြီု...
အနှစ် ၂၀ ဆိုရင် လည်း...
အနှစ် ၂၀ ပေါ့-...
ငါတို့မှာသာ မျက်ရည်တွေနဲ့....

ATN