Dec 9, 2007

ဘဝ




















သူ.ကလေးဘ၀ရဲ.
အကောင်းဆုံး အမှတ်တရတချို.
သူ.ငယ်ဘ၀အခန်းထဲမှာပဲ
မထစတမ်း လဲလျောင်းအိပ်စက်နေခဲ့တယ်။

ပုံတွေဆွဲ၊ စာအုပ်တွေဖတ်၊
သေနတ်ပစ်တမ်းကစား၊
ဖားတွေဖမ်း၊ ငှက်သိုက်တွေတက်နှိုက်၊
သူနဲ.မတည့်တဲ့ကလေးတွေနဲ. တိုက်ခိုက်ရင်း
မအားလပ်နိုင်အောင် အလုပ်များနေခဲ့တဲ့
သူ.ငယ်ဘ၀ အမြဲရှင်သန်နေခဲ့ရတဲ့
အဲဒီ့အာရုံထဲမှာ
မကြုံစဖူး သူ ဖျားနာသွားခဲ့တယ်၊

သိရှိနားလည်ထားတာတွေအားလုံးနဲ.
လုံးဝကွဲပြားခြားနားတဲ့ ကာလတခုထဲ
ရောက်သွားခဲ့ရတဲ့လူငယ်တယောက်အဖြစ်
ပို.ဆောင်တွန်းထိုးပစ်ခဲ့တဲ့
အချိုးအကွေ.ဆိုးများကလည်း
သူ.ကို မေ့ထားလိုက်တော့တယ်။

တဦးတယောက်ကိုမှသူမသိတဲ့ အရပ်ဆီ
သူ.ကို ပို.ဆောင်ပစ်ခဲ့တယ်။

ဘ၀ရဲ. အခိုက်အတန်.တွေအားလုံးကို
ကြိုက်ကြိုက် မကြိုက်ကြိုက်
သူနေထိုင်ပစ်လိုက်တယ်။

တသမတ်မရှိမှုနဲ.
အလွန်အကျွန်ဝဖြိုးနေတဲ့
အဲဒီ့ဆိုးရွားမှုထဲမှာ
အရာရာအားလုံးကို
အစအဆုံး နားလည်နိုင်အောင်
ကြိုးစားရင်း
ရှိပြီးသား သူ.အတွေးအခေါ်တွေ
တနေရာရာမှာ
အသေအချာ ကျပျောက်ခဲ့ရတယ်။

ယောက်ယက်ခတ်နေ.တွေ ကုန်လွန်သွားသည့်တိုင်
အေးစက်မှုတခုကို စူးစူးရှရှ
သူခံစားနေရတယ်။

သူ.လက်ဖ၀ါးတွေထဲ
ခွန်အားမဲ့တယ်၊

သူ.နာရီတွေဟာ
ရှည်ကြာနှေးကွေးလွန်းတယ်၊

သူ.ခြေလှမ်းတွေဟာ
ပင်ပမ်းလေးလံလွန်းလှတယ်၊

သူ.အင်္ကျီအဖြူ အဟောင်းတထည်ကိုပဲ
ဆေးရောင်စုံတွေအထပ်ထပ်
စွန်းထင်းညစ်ပတ်နေတော့တယ်၊

အသက်ရှင်သန်နေသည့်တိုင်အောင်
သူ.ရင်ခုန်သံတွေက
သုံညအမှတ်မှာ
ရပ်ပြနေခဲ့တယ်၊

အမည်မသိတဲ့အရပ်ဆီ
သွားခဲ့ရတဲ့ သူ.ခြေအစုံတောင်
အိပ်မက်ထဲမှာ ယောင်ရမ်း လျှောက်လှမ်းနေဆဲ ...

ကြင်နာစိတ်မရှိတဲ့ ဒီလောကကြီးအတွက်
မရက်စက်ဖို. တောင်းပန်နေလည်း
အလဟဿ၊

ဘ၀ဆိုတာ
အကြွေးတွေဆပ်ဖို. ရှင်သန်နေရသလိုမျိုး၊

ချစ်ချင်းမေတ္တာကို
အိုးအပြည့် ခပ်ထည့်ခဲ့တာတောင်
ကိုယ်ပြန်သောက်ရတတ်တာ
တစက်နှစ်စက်ရယ်၊

ငှက်တွေတောင်
အတောင်ညောင်းရင် နားဖို.ရာရှိခဲ့တယ်၊

သူ.ကောင်းကင်ကတော့
ဟင်းလင်းပြင်သက်သက်
မုန်တိုင်းတွေ ရက်စက် ရယ်မောပြတတ်ရာနေရာ၊

အသေအချာ စဉ်းစားကြည့်ရင်
ဘာမှ မကျန်တော့ဘူး၊
အားလုံး သူဆုံးရှုံးခဲ့တယ်၊

နောက်ဆုံးထွက်သက်အဖြစ်
တခုခုကို အမှန်တရား လုပ်ပစ်လိုက်ချင်တယ်၊

ဘယ်လိုပဲ ဆန္ဒတွေရှိရှိ
သူ ပြောပြနိုင်တာ နောက်ဆုံး
စကားလုံး တလုံးထဲပါ့။

ATN

2 comments:

ဆောင်းယွန်းလ said...

တသမတ်မရှိမှုနဲ.
အလွန်အကျွန်ဝဖြိုးနေတဲ့
အဲဒီ့ဆိုးရွားမှုထဲမှာ
အရာရာအားလုံးကို
အစအဆုံး နားလည်နိုင်အောင်
ကြိုးစားရင်း
ရှိပြီးသား သူ.အတွေးအခေါ်တွေ
တနေရာရာမှာ
အသေအချာ ကျပျောက်ခဲ့ရတယ်။
ဒီကဗျာကအကို့ဘဝကိုထင်ဟပ်ပြသထားတယ်လို့ယူဆမိပါတယ်.

mama said...

လူသား ဆန်လွန်းတဲ့ ကဗျာ လေး တစ်ပုဒ် အဖြစ်
မှတ်ချက်ပေးချင်ပါတယ်...။
တက်ကြွ ခြင်း တွေ
အလို မပြည့်ခြင်းတွေနဲ့
လောကဓံ ကို ရင်ဆိုင် ရင်း.. အလိုက် သင့် နေနိုင်
အောင် ကြိုးစားတဲ့ လူငယ် တစ်ယောက် ရဲ့
ဘ၀ ကို သိသာ စေတဲ့ ကဗျာလေးပါ..။