Sep 27, 2009

စွန်းထင်းမှု (၁၅)

“ချစ်သူ”

ငါ့နံရိုးတချောင်းလေ...
ငါ ကောင်းကောင်း မကောင်းကောင်း
ခဏခဏ ချောင်းချောင်းပြီး မကြည့်ဘူး...
ငါ့ကို ချစ်ရုံပဲ ချစ်တယ်..
သည်လိုနဲ့
သူ့ရှေ့မှာ ပုံချပစ်လိုက်မိတယ်..
ငါ့ဘ၀ကြီးတခုလုံး...
ခုတော့
သူ ပြုံးနေတာ
ငါ တွေ့ခဲ့...


ATN

9 comments:

mama said...

လှ လိုက်တာ ကဗျာလေးက
စွန်းထင်းပေမဲ့ လှပတဲ့ ကြည်နူးဖွယ်ရာ
စွန်းထင်းမှုလေး ပါ

ချမ်းမြေ့ပါစေ ရှင်

မေတ္တာရောင်ပြန်ဆိုတာ said...

အချစ်အတွက် စွန်းထင်းနေစေခဲ့တာပဲ။ ချစ်သူအပြုံးက အေးချမ်းပါတယ်နော်။

လင်းနေကို said...

မင်္ဂလာပါဗျာ

ရေတမာ said...

ရေးတတ်လို်က်တာ။ ကြည်ကြည်နှုးနှုးလေး

Moe Cho Thinn said...

ကဗျာလေးထဲက အပြုံးကို အပြင်မှာတောင် တွေ့လိုက်ရသလို ခံစားမိတယ်။

မေသူ said...

ကောင်းကောင်း ဆိုးဆိုး ချစ်ရုံပဲချစ်တယ်ဆို လုံလောက်ပါပြီ..... :)

ချစ်ရတဲ့သူက ဘယ်လိုပဲ ဖြစ်နေပါစေ ချစ်နေရင်ပဲ ပြည့်စုံပြီပေါ့နော....

အစ်ကိုရေ ကဗျာလေး လာခံစားပါတယ်...ဖတ်ပြီး ပြုံးမိပါရဲ့ :)

ခရေညို said...

အင်း အချစ်စစ်ဆိုတာထင်တယ်နော်

Angel Shaper said...

နံရိုးလေး ထာဝရပြုံးနိုင်ပါစေနော်။ လှလိုက်တဲ့ကဗျာ။

Ko Paw said...

ကဗျာလေးလှတယ်။

ဒါထက် နံရိုးဘယ်နှစ်ချောင်း ရှိခဲ့ပါသလဲ။း-)