Sep 20, 2009

စွန်းထင်းမှု (၁)

လောကဓံကို ပြင်းပြင်း ထန်ထန် ခံရတဲ့ အခါ စိတ်ထဲမှာ တခါတခါ မမျှော်လင့်ပဲ ရုတ်တရက် ရောက်ရောက် လာတတ်တဲ့ ကန့်လန့်ဖြတ် အတွေးလေး တွေပါ။ ပြောရရင် ပန်းချီ ဆွဲနေတဲ့ ပန်းချီဆရာ တယောက်ရဲ့ အင်္ကျီအဖြူပေါ်မှာ မတော်တဆ လာရောက် စွန်းထင်းသွား တတ်တဲ့ ဆေးစက် ကလေးတွေ လိုပါပဲ။ ကျနော့် စိတ်ကို လာရောက် စွန်းထင်းလာတာ ဆိုတော့လည်း အမှတ် ထင်ထင် ရှိနေ ဖြစ်တာပါ။ သို့သော်လည်း ရုတ်တရက် လာရောက် စွန်းထင်းတာ ဆိုတော့ ရှည်ရှည်ဝေးဝေး အတွေး တွေတော့ မဟုတ်ဘူးပေါ့လေ။ သည်တော့လည်း အဲသည် အတွေးလေးတွေကို ချရေးမိတဲ့အခါ ကဗျာတိုလေးတွေပဲ ဖြစ်ဖြစ်သွားပါတော့တယ်။ ရှည်ရှည် ဝေးဝေး အတွေးတွေ မဟုတ်တော့ ရှည်ရှည် ဝေးဝေး ကဗျာတွေလည်း မဟုတ်တော့ဘူး။ သည်တော့ တပုဒ်ချင်းမှာ ခေါင်းစဉ်လည်း ရှိတဲ့ အခါ ရှိ၊ မရှိတဲ့ အခါလည်း မရှိ ဖြစ်မယ် ထင်ပါရဲ့။ စွန်းထင်းမိသွားသမျှတွေ အတွက်တော့ အားလုံးကို စုစည်းပြီး “အမှတ်တမဲ့ ပေကျံသွားသော ဆေးစက်များ” လို့ အမည် ပေးထားမိပါတယ်။ တပုဒ် တင်တိုင်း “စွန်းထင်းမှု” နံပတ်စဉ်တွေ တပ်သွားမှာ ဖြစ်ပါတယ်။ သည်ဆေးစက်တွေရဲ့ စွန်းထင်းမှုက စာဖတ်သူ အားလုံးရဲ့ ကိုယ်၊ စိတ်၊ နှလုံး (၃)ပါးနဲ့ ကိုက်ညီ ချင်မှလည်း ကိုက်ညီပါလိမ့်မယ်။ အဲ့သည် အတွက်တော့ ကျနော့်ကို နားလည်မှု ပေးနိုင်ကြ လိမ့်မယ် ထင်ပါတယ်။ သို့သော်လည်း ကျနော့်ကို စွန်းထင်းခဲ့တဲ့ ဆေးစက်တွေက စာဖတ်သူကို တစုံတရာ စွန်းထင်းခဲ့မယ် ဆိုရင်ဖြင့် ကျနော့် စွန်းထင်းမှုများကိုသာ ကျေးဇူးတင် လိုက်ပါ။ ကျနော့် ကိုတော့ ကျေးဇူး တင်စရာ မလို၊ အပြစ်သာ ဆိုလိုက်ပါ။ ကျနော် ရင်ကော့ပြီး ခံပါ့မယ်။

အားလုံးကို ချစ်ခင်လေးစားစွာဖြင့် -

(အောင်သာငယ်)

---------------------------------------------------------------------------------------------

“နေ

အမှောင်ထဲကပဲ
သွေးသံတရဲရဲနဲ့
မင်း တိုးခွဲထွက်လာတယ်...
တနေ့ခင်းလုံး ဆုံးတဲ့အထိ
ငါတို့ အားလုံးကို တောက်ပပြ...
“ည”လည်း ရောက်လာရော
ဆည်းဈာထဲကနေ
မရဲတရဲနဲ့
အမှောင်ထဲကိုပဲ တိတ်တဆိတ်
ပြန်လည်တိုးဝင်အိပ်သွားလေတော့တယ်...
မင့်ကို ငါမုန်းတယ်...

ATN

11 comments:

မဆုမွန် said...

မင့်ကို ငါမုန်းတယ်..

ဘာကြောင့်ရယ် မသိ ကဗျာလေးကို ဖတ်ပြီး စိတ်ထဲ တစ်မျိုး ခံစားရတယ် ဦးလေးကြီးရေ..
စိတ်ထွပ်ပေါက်ကဗျာလေးကို သေသေချာချာ ဖတ်သွားတယ်

myaegyi said...

နှင်းတောထဲက တိုးထွက်လာတဲ့ နေသုံးစင်းက
တော့ အစ်ကိုကြီးကမ္ဘာမှာအမြဲထွန်းလင်းနေမှာပါ။

Moe Cho Thinn said...

အမှောင်ထဲမှာ ထိုင်နေရတာထက်စာရင် အလင်းရောင်လေး ရသေးတယ်လို့ သဘောထားလိုက်ပါ အကိုရယ်။

MANORHARY said...

စွန်းထင်းခဲ့သောဆေးစက်များအား
အနုပညာတစ်ခုမြောက်အောင်ဖန်တီးပေးနိုင်တာ
ကဗျာဆရာ....
ဒါပေမယ့် သူ့မှာ ဒါဏ်ရာပရပွ စွန်းထင်းရာ ပရပွနဲ့

Vigor said...

This is life. We have to face it.
Remember, we are able because we are man. Every thing will be Okay..
All the best.

Angel Shaper said...

ဒီဟာလေးက တစ်မျိုးလေးပဲနော်။
ဘာမှ မပြောတတ်ဘူး။ ဟိဟိ
ဖတ်သွားတယ်ဗျာ.....

နန်းညီ said...

ပန်းချီ ဆွဲနေတဲ့ ပန်းချီဆရာ တယောက်ရဲ့ အင်္ကျီအဖြူပေါ်မှာ မတော်တဆ လာရောက် စွန်းထင်းသွား တတ်တဲ့ ဆေးစက် ကလေးတွေ.. ကို ပန်းချီဆရာတွေကတော့ ချစ်တတ်တာပဲဗျ.. ရုတ်တရက်ပေါ်လာတဲ့ အတွေးတွေကို ကဗျာအဖြစ်ပြောင်းချစ်သလိုပဲပေါ့..း)

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဘာမှ မပူ နဲ့ ညီလေး
bleach ရှိတယ်..
စွန်းထင်းမှု (၁၀၀) ပြည့်အောင်ရေး
စောင့်ဖတ်နေမယ်...

လင်းနေကို said...

မိုက်တယ်အကို...

ကိုလူထွေး said...

နှလုံးသားရှိမှသာ
ကဗျာဆရာဖြစ်တာမို့...

နှလုံးသားမရှိ
စာနာမှုမရှိ
အရိပ်သုံးပါးလည်း နားမလည်ဘဲ

အချိန်ရောက်တိုင်း ထိုးထိုးသာနေတတ်တဲ့
အဲဒီ bloody "နေလုံးကြီး" ကို မုန်းတယ်ဆိုတာ

သဘာဝကျပါတယ်
အားကိုဂျီး...

းဝ)

mama said...

စွန်းထင်းမှု ကဗျာလေး တွေ အားလုံး ကောင်းတယ်

နေ.. ဒီကဗျာ ကတော့

ည မှာရော ပဲ နေသာစေချင်ရင်တော့
ခက်ကုန်တော့မှာ ပဲ ကဗျာဆရာ ရေ

ဘယ်သူ့ကို မှ မမုန်းစေ လိုပါ
ခင်မင်သော
(mama)