Sep 24, 2009

စွန်းထင်းမှု (၅)

“သစ်ပင်”

ဝဋ်နာကံနာ ထိထားတော့
သက်ရှိချင်း သတ်မှတ်ချက်တူတာတောင်
ဘယ်အရပ်ကိုမှ မသွားနိုင်ပါဘူး...
ခုတ်ထစ်ဖြတ်ချသမျှလည်း
ငုတ်တုပ် ထိုင်ခံရရှာတယ်...


ATN

8 comments:

ခရေညို said...

သစ်ပင်ပါဆိုမှပဲ

Anonymous said...

နွယ်ပင်ဆို အထက်ကို တက်တက်သွားတယ်။
မြေလျှောက်ပင်ခေါ်မလား မြင်းခွာရွက်တွေဆို ရှေ့ တွေ ဘေးတွေ သွားတယ်။
ခြွေချခံရရင်တောင် ရွက်ကျပင်ပေါက်လို အပင်က အပင်ပြန်ဖြစ်တယ်။

မအယ်

ကိုလူထွေး said...

လူသား
ပြေးထွက်မယ်အလုပ်မှာ
လောကရဲ့လေကို ကိုယ်က
တဝကြီးရှုရှိုက်မိပြီးနေပြီလေ
ဒီလိုနဲ့
သူကြိုးဆွဲသမျှ
ကွေးနေအောင်ကပြရတော့တယ်...

(လူသား = သစ်ပင်)
သိပ်မကွာပါဘူးလားလို့...

းဝ)

ကိုလူထွေး said...

တကယ်တော့
ကဗျာဆိုတာ
ဝဋ်နာကံနာ...

မောင်ချောနွယ်

(ကဗျာ = သစ်ပင်)

ဒါလဲဖြစ်နိုင်တာပဲ

းဝ)

အိန္ဒြာ said...

ွှအကို...

နေကြာတွေဟာ..
နေပူထဲမှာ ၀ါ ကြတာ...

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ကိုလူထွင်းပြောမှပဲကိုယ့်ကိုယ်ကို ကဗျာ မှန်းသိတော့တယ်....
မေကဗျာ နဲ့ ကဗျာဘွဲ့မှူး တော့ဟုတ်ပါဘူးနော်း))

Angel Shaper said...

အော်.......သစ်ပင်လေးရဲ့ ဘ၀။

mama said...

ကဗျာလေး က လှပေမဲ့
ကြေကွဲ ဖွယ်
အကောင်းဖကိက လှည့်တွေးလေ
ကိုယ်က ၀ဋ်လို့ ထင်ပေမဲ့
တချို့ အပင်တွေက ခုတ်မှ ပိုးသီး တတ်တယ်
အကိုင်း ချိုင်ပေးမှ ပိုထွားလာတယ်
အရွက်ခြွေပေးမှ ပိုပွင့်လာတတ်တယ်

ခင်မင်သော
(mama)