Oct 1, 2009

စွန်းထင်းမှု (၁၆)

ဒဏ်ရာ

မလိုချင်ပဲ ရလာတဲ့ အရာ...
နာကျင်မှုကို သိစေတဲ့အရာ...
သူပြန်သွားခဲ့တာတောင်
သူ့ကို မမေ့အောင် ခြေရာချန်ခဲ့တယ်...
ငါ့မှာသာ
အမာရွတ်ကလေးကို ပွတ်သပ်ရင်း ကျန်နေခဲ့...


ATN

4 comments:

ခရေညို said...

ဟုတ်တယ် ဟုတ်တယ် ဒဏ်ရာဆိုတာဘယ်သူမှမလိုချင်ဘူး
သူပြန်သွားရင်လည်း အမာရွတ်ကတော့မလိုချင်လည်းယူရတာပဲ

Nge Naing said...

အဲဒါတော့ အမှန်ပဲ ကျွန်မ ၄ နှစ်သမီးအရွယ်က ဆော့ကစားပြီး သစ်ငုတ်နဲ့ ထိုးမိထားတဲ့ ခြေတောက်က ဒဏ်ရာ အခုထိ မပျောက်လို့ ဒီဒဏ်ရာကို တွေ့တိုင်း ဘယ်နေရာမှာ ဘယ်သူနဲ့ ကစားပြီး ဘယ်လိုခုန်ချလို့ ရတဲ့ဒဏ်ရာဆိုတာ အခုထိ အမြဲသတိရနေတယ်။ နှလုံးသားမှာ ရတဲ့ဒဏ်ရာဆိုရင်တော့ ဒီထက်ပိုဆိုးမှာပေါ့နော့်။

နွေဆူးလင်္ကာ said...

ခြေရာလေး ချန်ခဲ့ရင်ကို ကျေးဇူးတင်ရမှာပဲဗျာ။ တချို့က ခြေရာမချန်ပဲနဲ့ကို ထွက်ပြေးသွားတတ်ကြတယ်။

အမရာ said...

အဲဒီ တဘဝစာ
ဒါဏ်ရာတွေနဲ့..လူးလှိမ့်....