ဗလာစာအုပ်
ဘာမှမရှိတဲ့ အဖြူရောင်မျက်နှာပြင်ပေါ်မှာ
ရေးချင်တဲ့သူ ရေးချင်ရာကိုရေး...
ကြည်ဖြူစွာ ခွင့်ပေးထားတယ်...
ဆွဲချင်တဲ့ ပုံတွေကိုဆွဲ...
သူကလည်း ဆဲရေးတိုင်းထွာမှုတွေ
လုပ်မှာကို မဟုတ်ဘူး...
သူ့ရင်ကို ထက်ခြမ်းခွဲ
စာရွက်တွေကို ဆုတ်ဖြဲပစ်လိုက်သည့်တိုင်
သူ့ဝဋ်ကြွေးတွေကို သူခံနေနိုင်တုန်းပါပဲ...
(အောင်သာငယ်)
3 comments:
အကို့ ရဲ့  ဗလာစာအုပ်က စာမျက်နှာ ဘယ်လောက်ပါလဲ ဟင် ....အခုရေးတဲ့ ကဗျာ ၃ ပုဒ်လုံး
ကြိုက်တယ်...
mie nge
ဗလာစာအုပ်လေးဟာ ဗလာအတိုင်းလည်း လှနေတာပါပဲ။
သူကတော့ မပြောပေမယ့် ခံရခက်နေ၊ ခါးသီးနေရှာမယ်နော်။
ဗလာစာအုပ်လေးကို ဗလာအတိုင်းပဲ ထားလိုက်ပါတယ်။ အားနာလာလို့ ။ အဟဲ
Post a Comment