Oct 9, 2009

စွန်းထင်းမှု (၂၂)

ဖယောင်းတိုင်

အူ ဆိုလို့
တချောင်းပဲ ပါလာနိုင်တယ်။
သည်အူတိုင်က သူ့နှလုံးသားပါပဲ။
သူတပါးကို အလင်းပေးဖို့
သူကိုယ်တိုင် မီးထိုးကျွေးခဲ့တာပေါ့။
ခုတော့
သူ့ခန္ဓာကိုယ်ပါ လောင်မြိုက်
အရည်ပျော်ကျသွားလိုက်တယ်။
မိုက်ရူးရဲသူတော့ မဟုတ်ပေဘူး။


ATN

3 comments:

kay said...

ကိုအောင်သာငယ် က..ဖယောင်းတိုင် ကို အဲဒီလို မြင်ပေမဲ့.. နောက်အမြင်တမျိုး ပေးလိုက်အုံးမယ်..

"ဖယောင်းတိုင်"
သူ့ကိုသူ..မေတ္တာရှင်လို့ထင်
လောင်မြိုက်….. ပျော်ဝင်
လှိုက်ကုန် ….. ယိုစီး
တတိတိ..... တအိအိ..
နောက်ဆုံး..သူ - ငတုံး ဆိုတာ တောင်..မသိ နိုင်အောင်..အတုန်းအရုန်း

( ခပ်ကြမ်းကြမ်း ဗာရှင်း..) :D

Angel Shaper said...

သနားပါတယ် ဖယောင်းအူလေး။ အဲလေ....
ဖယောင်းတိုင်လေး။။

ကိုလူထွေး said...

ဖယောင်းတိုင်

ဒီကောင်
အူမ မတောင့်ပေမယ့်
သီလတော့စောင့်ရှာတယ်...
သူ့ကိုထွန်းသမျှ
လင်းပြတာချည်းပဲ...

(ကိုလူထွေး)