Feb 25, 2010

သူငယ်ချင်း တယောက်နှင့် စကားပြောဆိုခြင်း




















“ခုတလော မင်း ဘာတွေ လျှောက်ရေးနေတာလဲ...”
“ကဗျာတွေ ရေးနေတာပေါ့ သူငယ်ချင်းရာ...”
“မင်းဟာ အဲဒါ ကဗျာတွေမှ မဟုတ်တာ”...
“ဟုတ်လား...
ကဗျာ မဟုတ်သော ကဗျာများ စာရင်းမှာ
ထည့်သွင်းထားလိုက်ပါ...
မင်း... စားဝင်အိပ်ပျော်လာပါလိမ့်မယ်...”


ATN

2 comments:

khin oo may said...

သူပြောချင်တာပြော
ကိုယ်ရေးချင်တာရေး။
ဖတ်ချင်တဲ့သူဖတ်..
ကျော်ချင်တဲ့သူကျော်။.
ဆဲချင်တဲ့သူဆဲ
ချစ်ချင်သူများချစ်
မုန်းချင်သူများမျက်နာလွဲ
ကိုယ်သိတာတော့ကဗျာဘဲ။

Anonymous said...

မင်းလက်ခံမှ မနက်ဖြန် နေထွက်မှာမဟုတ်သလို
မင်းအသိဥာဏ် တစ်ထွာတစ်မိုက်နဲ့ လိုက်လိုက်ဝေဖန်ဖို့
ငါကဗျာရေးနေတာမဟုတ်ဘူး...။

မိုးလှိုင်ည

.....................................
ရေးချင်တာရေးပါ
ဖတ်ချင်တဲ့သူတွေဖတ်လိမ့်မယ်

ခင်မင်သော
(mama)