Sep 12, 2011

နံရံကို လက်သီးနဲ့ ထိုးမိတော့မယ်...
















တကယ်တမ်းမှာတော့...
ငါဟာ
လေထုကို တိုးခွဲ ဖြတ်ထွက်သွားနေတဲ့
သေနတ်ကျည်ဆန်တတောင့်ပါ...

ငါ့ကို ပစ်ဖေါက်လိုက်ပြီဆိုတော့
ငါက နောက်ပြန်လှည့်လို့ မရတော့ဘူးလေ...
ရှေ့ဆက်တိုးဖို့သာ ငါ့ ပြက္ခဒိန်...

ငါ့ မေးခွန်း တချို့က...

ကျည်ဆံတတောင့်အဖြစ်
ငါက ဘယ်သေနတ်ပြောင်းရင်းထဲ...
ဘာအကြောင်းကြောင့်
မောင်းသွင်း ခံထားခဲ့ရတာတဲ့လဲ...

အဲသည့် သေနတ်ကို
ဘယ်သူက...
ဘာအကြောင်းကြောင့်
မောင်းတင်ပစ်ဖေါက်လိုက်ရတာတဲ့လဲ....

ငါက ဘယ်ပစ်မှတ်ကို
ဘာကြောင့် သွားရောက် ထိမှန်ရမှာတဲ့လဲ...

atn

3 comments:

jasmine(တောင်ကြီး) said...

အဓိပ္ပါယ်ကိုတော့သေချာမသိပါဘူး
ဒါပေမယ့် အရေးအသား
အတွေးအခေါ်တွေ အရမ်းကိုမြင့်တယ်
အင်မတန်ဖတ်လို့ကောင်းတယ်
ကဗျာချစ်သူ jasmine

sosegado said...

မီးရှုးပန်းတဲ့ ကျည်ဆံမဖြစ်ဘို့ အရေးကြီးပါတယ်၊

မြသွေးနီ said...

ကျည်ဆံထည့်တာ... ဘယ်သူလဲ??
ဒီသေနတ်ကို...ဘယ်သူပစ်လဲ??
ပစ်မှတ်ကရော....ဘယ်မှာလဲ ???
နှစ်သက်စွာ ဖတ်ခဲ့ပါတယ်...။