Apr 9, 2012

ဇာတ်လိုက်ကြီး


သူ့ကိုယ်သူတောင်အနိုင်နိုင်သယ်နေရတဲ့ကောင်...
အိမ်မြောင် အမြီးပြတ်တချောင်းလိုလည်း
ကောင်းကောင်းကြီးကို တဆတ်ဆတ်ခါတတ်သေးတယ်...
သူ့မှာပဲ အသက်ဓါတ်ရှိနေသေးသလိုလို...

အိုကြီးအိုမနေ့တွေကို စုပြုံသယ်မလာပြီး
ကမ္ဘာကြီးရဲ့ဖျားနာမှုတွေကိုကုစားမလို့-ဆိုပဲ...
ရယ်လည်း ရယ်ရတဲ့ကောင်...

သူ့အိပ်ထောင်ထဲ ထည့်ထားတာကတော့
စံဇာဏီဘို ဗေဒင်ဟောစာတမ်း...
လမ်းမှာတွေ့ရင်တော့ သူ ပြောပါလိမ့်မယ်
လမ်းကြည့်ရွေးကြပါကွယ်တို့... တဲ့...
လမ်းမှားမိလို့ ရင်ဆို့မောပမ်းနေသူတွေကိုလည်း
ဖေးကူချင်ပါတယ်-ပြောနေသေးသပ...

သူ့ရင်ဘတ်ပေါ်က တီရှပ်မှာ
အတ္တာဟိ အတ္တနောနာထော... တံဆိပ် ရိုက်ထားရဲ့သားနဲ့
မောလွန်းလို့-တဲ့
ရေအေးလေးတခွက် တိုက်လှည့်စမ်းပါ... ပြောနေ...

အင်း... ... ...
သူလည်းလေ...
ကိုယ်တိုင်...ရေမငင်တတ်သူပဲ... ဖြစ်မှာပါ...

atn

3 comments:

tin min htet said...

ရေမငင်တတ်ပေမယ့် ရေအကျိုးဆယ်ပါးတော့ လိုချင်ပါတယ် :)

Si said...

ဇာတ်လိုက်ကြီးဆိုမှာတော့.....ဇာတ်လိုက်ကြီးပေါ့ဗျာ :)

Si said...

ဇာတ်လိုက်ကြီးဆိုမှာတော့........ဇာတ်လိုက်ကြီးပေါ့ဗျာ :)