Jun 26, 2011

အနောက်အရပ်အား ကျောက်ချထားပေးပါ့ ဘုရားသခင်...
























ပင့်သက် ခပ်တိုးတိုးကို ပင်လယ်များ ကြားအောင် ကျယ်လောင်စွာ ကျနော် ရှိုက်ခဲ့မိပြီ...
ရူးသွပ်မိုက်မဲစွာ သူ့ကို လိမ်လိမ်မာမာ ချစ်ခဲ့မိသောအခါ
ကျနော့် ကောင်းကင်ပြာပြာကြီးမှာ စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း ပွင့်လန်းနေပါတော့သည်...
အရှေ့အရပ်က ထွက်သော နေသည် သူနှင့်ကျနော် သိမ်းပိုက်ထားသောမြို့မှာ လုံးဝ လက်နက်ချခဲ့လေသည်...
အနောက်အရပ်မှာ မည်သို့သော အကြောင်းနှင့်မျှ နေမ၀င်စေရတော့...
သူ့ ဆံစ ကောက်ကွေးလေးများအတွင်း မနက်ခင်းနေကို ပန်းတပွင့်လို ကျနော် ချပ်ရပ်ပြီးသည့်အခါ...
ကျနော့် ဘ၀၏ နတ်သမီးမလေးအား ဗီးနပ်စ်-ဟု ကျနော် အမည်ပေးပါမည်...
သူပြုံးနေသည်ကို မြင်ရရုံနှင့် ကျနော့်ရင်ခုန်သံများ ပန်းရထားတစင်းဖြစ်ခဲ့ပြီ...
ထိုရထားသည် အရှေ့ မြို့ရိုးဆီသို့သာ ဦးတည်ပါမည်...
အနောက်အရပ်အား ကျောက်ချထားပေးပါ့ ဘုရားသခင်...

atn

2 comments:

Angel Shaper said...

ရူးသွပ်မိုက်မဲစွာ သူ့ကို လိမ်လိမ်မာမာ ချစ်ခဲ့မိသောအခါ
ကျနော့် ကောင်းကင်ပြာပြာကြီးမှာ စိမ်းစိမ်း စိုစို လန်းလန်းဆန်းဆန်း ပွင့်လန်းနေပါတော့သည်။ (သိပ်လှတာပဲ... ကြည်နူးစရာလေး)

သဒ္ဓါလှိုင်း said...

အကိုဆန္ဒပြုတဲ့အတိုင်း ပြည့်ဝပါစေ။
ချစ်တဲ့မိညီမ