Aug 7, 2010

အိမ်ပြန်ကြရအောင်လား သားတို့ရေ...











အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တဘ၀တာလုံးမှာ...
အနွေးထွေးဆုံး... နေရာ...

အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တသက်တာလုံးမှာ...
အစိမ်းလန်းဆုံး...နေရာ...

အိမ်ပြန်ကြရအောင်လား... သားတို့ရေ...
အိမ်-ဆိုတာ...
တို့တွေရဲ့... အမေ...
ရှိနေတဲ့... နေရာ...

မင်းတို့ အဖိုးက...
ဟိုး... ... ရွာလယ်လမ်းလေးရဲ့ ထိပ်မှာ...
ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း စောင့်နေရှာတယ်...
သူ မတွေ့ခဲ့ဖူးရှာတဲ့...
သူ့ရဲ့... မြေးသားကလေး ၃ ယောက်ကို
မြှောက်ပင့် ပွေ့ချီချင်-လို့တဲ့....
အဖေ့ကို... ပြောခဲ့...

မင့်တို့ရဲ့ အဖိုးကို...
မင့်တို့ရဲ့ အဖေက...
ဘာပြန်ပြောရဦးမတဲ့လဲ... သားတို့ရေ...

မင့်တို့ အဖွားက...
ဟော... ဟိုး... စပါးတောထဲမှာ...
ရင်တွေ ကွဲသွားရင်း ပြောရှာတယ်...
ငါ့... မြေးသားကလေးတွေ...
ဘယ်တော့များမှ...
အမေ... တွေ့ရမှာ...လဲ...တဲ့...

အဲ့သည် ကမ္ဘာမြေကြီးပေါ်မှာ
သက်ရှိထင်ရှား မရှိတော့တဲ့...
မင်းတို့ရဲ့... အဖွားကို...
မင့်တို့ရဲ့ အဖေက...
ဘာများ ပြန်ပြောပြနိုင်ဦးမှာတဲ့လဲ... သားတို့ရယ်...

အနှစ် နှစ်ဆယ် ကျော်ခဲ့ပြီ...
အိမ်- ရှိရာဆီကိုပဲ...
ပြန်ကြရအောင်လား...
သားတို့ရေ...

အဲသည်... အိမ်မှာ...
အဖေ့... အမေ... ရှိတယ်...

အဲသည်... အိမ်မှာ...
မင်းတို့... အမေ... ရှိလိမ့်မယ်...

မင့်တို့ ၃ ယောက်ကပဲ
အဖေ့ကို လက်တွဲပြီး
အဲသည်အိမ်ဆီ...
ရောက်မယ့် ခရီးကို ခေါ်ပါ...

အိမ်-ဆိုတာဟာ
နှလုံးသားနဲ့ နီးနီးလေးပါ သားတို့ရယ်...

ATN

Aug 6, 2010

Lay Back in the Arms of Someone

If you want my sympathy...
Just open your heart to me...
You get whatever you ever need.

If you think that's too high for you
Oh but baby...
I would die for you
When there's nothing left
You know where I will be.

Lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.

(solo)

So baby just call on me
When you want all of me
I'll be your lover
I'll be your friend

And there's nothing I won't do
Please baby
I just live for you
With nothing to hide no need to pretend.

Oh lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Oh Lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.

(solo)

Oh I know you think that's too high for you
Oh baby I'll die for you
When there's nothing left
I'll be with you.

Oh lay back in the arms of someone
You give in to the charms of someone
Lay back in the arms of someone you love.

Oh yeah lay back in the arms of someone
When you feel you're a part of someone
Lay back in the arms of someone you love.
. . .
Oh. . . No
I know . . .

Jul 27, 2010

ဘဝ

ရေး__အယ်လ်ဖြူ
ဆို__ဇော်ဝင်းထွဋ်

ကလေးလေး... တစ်ယောက်လိုတော့... ဘယ်...ဖြူစင်မှာလဲ...
လောက... လမ်းမများ... စမ်းတ၀ါးဝါး... ၀ဲလည်...
အိမ်မက်တို့... ရှည်လျား... မောပန်းလို့... နွမ်းနယ်...
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

ဆုံးဖြတ်ချက်တွေနဲ့... ယုံကြည်ခိုင်မာစေ...
ငါ့အတွက်... နားခိုမယ့်... အရူးအမူး... တမ်းတဆဲ...
အေးချမ်းတဲ့... အိမ်လေး... တနေ့တော့... တွေ့ရမယ်...
အို... အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...

မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ငါဟာ... မှားယွင်းရဦးမယ်... ယုံကြည်စွာ... မှားယွင်းခွင့်... ရှိတယ်
ခရီးတို့... မဆုံးခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အလင်းတို့... မရောက်ခင်အထိ... ငါဟာ... မှားယွင်းရဦးမယ်...
အဝေးဆုံးသော... အချိန်ထိ... ငါဟာ... မှားယွင်းရဦးမယ်...


Jul 18, 2010

တခုလောက်တော့ ပြောချင်တယ်

ခင်ဗျားဗျာ ဘယ်လိုကဗျာတွေ ရေးနေမှန်း မသိဘူး...
ခင်ဗျားရေးနေတာ ကဗျာတွေမှ မဟုတ်တာ...
ဘယ့်နှယ်ကြောင့် အချစ်ကဗျာတွေ ရေးနေရတာလဲ ခင်ဗျားက ကလေးမှ မဟုတ်တာ...
ခင်ဗျား ပို့စ်တွေ ဖတ်ရတာ စိတ်ပျက်တယ်...
ခင်ဗျားစာတွေက ဘာမှ လေးနက်မှု မရှိတော့ဘူး...
ခင်ဗျား ဘလော့ကို ဘယ်တော့မှ လာမဖတ်တော့ဘူး...

... ... ... ... စသည်... ဖြင့်...

ဝေဖန်စာများ... ပြစ်တင်စာများ... ဆဲစာများ... အားမလို အားမရ ဖြစ်နေသော စာများ... အကြံပေးစာများ... ချိုးနှိမ် ဖဲ့နင်းသော စာများ... အားလုံးကို သူ ဖတ်ပါသည်။

သူငယ်ချင်းများ... မိတ်ဆွေများ... ရဲဘော်များ... ညီအကိုမောင်နှမများ... စာဖတ်သူများ... ရန်သူများ... ချစ်သူများ... အားလုံးကို သူ နားလည်မိပါသည်။

စေတနာများ... မျှော်လင့်ခြင်းများ... လေးစားမှုများ... ရင်းနှီးမှုများ... ချစ်ခင်မှုများ... မုန်းတီးမှုများ... မနာလိုမှုများ... အမြင်ကပ်မှုများ... အားလုံးကို သူ လက်ခံထားပါသည်။

အီးမေးလ်မှ တဆင့်လည်းကောင်း... ဂျီတော့ခ်မှ တဆင့်လည်းကောင်း... တယ်လီဖုန်းမှတဆင့်လည်းကောင်း... စာအားဖြင့်လည်းကောင်း... တယောက်မှ တယောက် စကားလက်ဆင့် ပြောကြားခြင်းအားဖြင့်လည်းကောင်း... သူ့အား... ကောင်း/ဆိုး... ကျိုး/ပြစ်... ဝေဖန်ထောက်ပြ... အချွန်နှင့်-မ... အဆင်း ဘီးတပ်... သရဖူဆောင်း... အကောင်းချည့်ပြော... အားလုံးသောသူများအား... သူ ကျေးဇူးတင်ပါသည်။

တကယ်တော့ သူသည် လူသားဆန်သော လူ တယောက်သာ ဖြစ်ပါသည်။ သူသည် ဘုရား အလောင်း မဟုတ်ပါ။ သူသည် သူတော်စင် တယောက် မဟုတ်ပါ။ သူသည် တမန်တော် တပါး မဟုတ်ပါ။ သူသည် ဂျီးဆပ်စ် မဟုတ်ပါ။ သူသည် နိဗ္ဗာန်လမ်းကို မှန်းမျှော်ထားသူတယောက် မဟုတ်ပါ။ သူသည် လူသားများထဲမှ လူသား တယောက်သာ ဖြစ်ပါသည်။

သူသည် ပေးဝေနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။
သူသည် ဦးဆောင်နေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် နောက်လိုက် တယောက်လည်း မဟုတ်ပါ။
သူသည် လမ်းပြနေသူ တယောက် မဟုတ်ပါ။ ထို့အတူ သူသည် လမ်းပျောက်နေသူ တယောက်လည်း မဟုတ်ပါ။
သူသည် အကြံပေးနေသူ တယောက်လည်း မဟုတ်ပါ။ ထို့အတူ သူသည် အကြံဉာဏ် တောင်းခံနေသူ တယောက်လည်း မဟုတ်ပါ။

လို... တို... ရှင်း... ပြောရလျှင်... သူသည်... သူ့ လူသားဆန်မှုကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးခဲ့သော ကဗျာဆရာ တယောက်သာ ဖြစ်ပါသည်။

သူသည်... အောင်သာငယ်... ဖြစ်ပါသည်။ ထိုအမည်ကို သူ့ဘ၀တခုလုံးနှင့် ရင်းနှီးပြီးမှသာ သူ ရရှိခဲ့ပါသည်။
အောင်သာငယ်သည်... ကဗျာဆရာတယောက်... ဖြစ်ပါသည်။

ကဗျာဆရာတယောက်သည်... ခံစားချက်များအပေါ်တွင်... အသက်ရှင်သန်ပါသည်။ သူ့ ခံစားချက်များအပေါ် သူ အသက်ရှူသွင်း ရှူထုတ်သည့်အခါ... မုန်းတီးမှုများပါဝင်ပါမည်...။ ချစ်ခြင်းမေတ္တာများ ပါဝင်ပါမည်။

ချစ်ခြင်းမေတ္တာများ နှင်းမုန်တိုင်းလို ပိန်းပိတ်အောင် ကျနေသည့်အခါ... အချစ်ကဗျာ တပုဒ် သူ ရေးဖွဲ့မိသည်မှာ အပြစ်ပေလား...

အောင်သာငယ်-သည် သေသည်အထိ နိုင်ငံရေးဆန်သော ကဗျာများ ရေးဖွဲ့ရမည်လား... (နိုးဝေး... ဝေးစွ...)

လွန်ခဲ့သော ၂ နှစ်အတွင်းမှာ သည်အချိန်ကာလမှာ သူ တင်ခဲ့ဖူးသော ပို့စ် ၂ ခုကို သည်မှာ ပြန်တင်လိုက်ပါသည်။

သည်ပို့စ် ၂ ခုကို ဖတ်ရလျှင် အောင်သာငယ်-ဟူသော ကဗျာဆရာတယောက်၏ ဖြစ်တည်မှုနှင့် အတ္တကို နားလည်နိုင်ကြလောက်ပါသည်။

အောက်တွင် ဖော်ပြထားသည့်အတိုင်း ဖတ်ရှုကြပါ...

Jul 18, 2009
ဥသြဆွဲနေတဲ့ကဗျာ

အသံတွေ အသတ်ခံထားရတဲ့နေ့ဟာ
အသက်ရှည်နေဆဲပါပဲ...
ဘယ်အခါမှ သေဆုံးမသွားနိုင်တဲ့
နတ်ဘုရားတပါးလိုပါ့...

ဟောသည်နိုင်ငံမှာ
နေရာတကာ
စစ် အင်္ဂါ လေးပါး...
သံတိုင်နဲ့ နံရံများ...
မတရားသော ဥပဒေ...
ချိန်ရွယ်နေသော သေနတ်ပြောင်း...
ဘ၀ပေါင်းများစွာကို သတ်နေသော အကျဉ်းထောင်...
မီးမှောင်ချထားသော စစ်ကြောရေးစခန်း...
ပိတ်ဆို့ထားသောလမ်းများ...

သို့သော်လည်း
မည်သူမျှ အနိုင်မယူနိုင်သည့်
ဖြူစင်သော နှလုံးသားများ...
မည်သို့သော သေနတ်ကမျှ
ပစ်ခတ်မရနိုင်သော ယုံကြည်မှုများ...
မည်သို့သော ဓါးကမျှ
မဖြတ်ရှနိုင်သော စိတ်ဓါတ်များ...
ဤအရာများကလည်း
ငါတို့နိုင်ငံမှာ နေရာတကာ...

ခုပဲကြည့်လိုက်ပါ့...
အသတ်ခံရတဲ့နေ့ကိုပဲ
ငါတို့တွေ ပြန်မွေးခဲ့ကြတယ်...
ဥသြသံတွေ မကြားရတဲ့နေ့မှာ
ဥသြသံတွေကို ငါတို့ဆွဲလိုက်ကြတယ်...
အရှည်လျားဆုံးပေါ့...

ငါတို့ရင်ထဲမှာ...
ငါတို့ရဲ့ စာမျက်နှာတွေပေါ်မှာ...
အပြောကျယ်တဲ့ လယ်ကွင်းပြင်တွေမှာ...
နိုင်ငံတကာရဲ့ သတင်းတွေမှာ...
အလင်း ဖန်မျှင်တွေရဲ့ အဆုံးအစ မရှိမှုထဲမှာ...
ဒဗလျူသုံးလုံးနဲ့အင်တာနက်မှာ...
အီးမေးလ်နဲ့ ချက်တင်းတွေထဲမှာ...
ဘလော့ဂင်းနေကြတဲ့ စာမျက်နှာတွေပေါ်မှာ...
ဥသြသံတွေ ကြားနေရပါပြီ...

ကဲ... လာ...
အာဇာနည်တွေကို အလေးပြုကြပါစို့...

ATN

LINK

ဒါကတော့ နောက်တခုပါ...
အာဇာနည်နေ့မှာ စိတ်အနှောက်အယှက် ဖြစ်ရတာလေးပါ...
သည်မှာ ဖတ်ကြည့်ပါဦး

Jul 18, 2008

အာဇာနည်နေ့မှာ ကျနော် ၀မ်းနည်းပါတယ်ဗျာ

ရေးချင်တာလေးတခု စိတ်ထဲမှာ ပေါ်လာလို့ပါ။ ဘာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း တယောက်က လာပြောနေလို့ပါ။ ခင်ဗျားဗျာ အာဇာနည်နေ့မှာ ဘာပို့စ်မှလည်း မတင်ဘူး၊ ဘာမှလည်း မရေးဘူး-လို့ ပြောလာလို့ပါ။ ဒီကြားထဲ သူငယ်ချင်း တယောက်ကလည်း - ဒီနေ့ အာဇာနည်နေ့လေဗျာ။ လေးစားတဲ့ အနေနဲ့ ဂျီတော့ခ်က ပုံကို ပြောင်းပါ- လို့ ပြောလာတယ်။ သူ့တို့ ပြောတာတွေ အားလုံးကို ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။ သူတို့ ပြောစရာ ဖြစ်အောင်ကလည်း ကျနော်က အာဇာနည်နေ့မှာ ဘာပို့စ်မှ မတင်နိုင်ခဲ့ပါဘူး။ ကျနော့် ဂျီတော့ခ်က ပုံကိုလည်း မပြောင်းခဲ့ပါဘူး။

ဒါပေမယ့် သူတို့ ပြောတာတွေကို နားထောင်ပြီးတော့ (တကယ်ကတော့ ဖတ်ပြီးတော့) ကျနော့် ဘာသာ ကျနော် စဉ်းစားနေမိတယ်။ ကျနော့် ဘလော့က မဆလခေတ်တုန်းက `မြ၀တီ`တို့ `ငွေတာရီ`တို့လိုမျိုး ရေးနေရတော့ မှာလားလို့ပါ။ တန်ခူးလ ဆိုရင် သင်္ကြန် အကြောင်း ကဗျာတပုဒ်၊ ပိတောက် အကြောင်း စာတပုဒ်၊ တန်ခူးလ ဆိုသည်မှာ အစချီပြီး ဆောင်းပါး တပုဒ်။ ကဆုန်လ ရောက်ရင် ညောင်ရေသွန်း ကဗျာတပုဒ်၊ ညောင်ပင် အကြောင်း စာတပုဒ်၊ ကဆုန်လ အကြောင်း ဆောင်းပါး တပုဒ်။ ဒီလိုနဲ့ ၁၂ ရာသီအတွက် ကျနော့်ဘလော့ပေါ်မှာ ရာသီစာတွေ ရေးနေရတော့ မှာလားလို့ပါ။

ဒါနဲ့ပဲ ကျနော်တို့ရဲ့ ဘလော်ဂိုစဖီးယားထဲ လှည့်လည် သွားလာကြည့်သေးတယ်။ အာဇာနည်နေ့အကြောင်း ရေးတဲ့သူလည်း ရေး၊ မရေးတဲ့သူလည်း မရေး။ မရေးတဲ့ သူတွေထဲမှာ နံမည်ကြီး ဘလော်ဂါတွေလည်း ပါပါတယ်။ မရေးတဲ့သူတွေက အာဇာနည်နေ့ အကြောင်းကို မရေးတဲ့ အကြောင်းတွေ ရှိမှာပါ။ ဥပမာ- ခရီးလွန်နေလို့။ အချိန်မရလို့။ မအားလို့ စသည်ဖြင့်။

နောက်တခု ဘလော်ဂါတွေရဲ့ ဂျီတော့ခ်ပေါ်က ပုံတွေကို ပြောင်းသလား မပြောင်းသလားကတော့ ကျနော်လည်း မသိပါဘူး။ ကျနော်နဲ့ ပြောနေနေကျ ဘလော်ဂါ ရောင်းရင်းတွေကတော့ ပုံတွေ မပြောင်းထားကြပါဘူး။ ကျနော့်မှာလည်း ကျနော် ကြိုက်တဲ့ ပုံ ၂ ပုံပဲ ရှိပါတယ်။ ရှဥ့်ကလေး တကောင် ပုံနဲ့၊ Avatar က ဂစ်တာပုံကလေး တပုံ။ ကျနော် နောက်ဆုံး ပြောင်းခဲ့တာက အဲဒီ ဂစ်တာနဲ့ ပုံကလေးပါ။

ဒါနဲ့ ကျနော်လည်း ဆက်စဉ်းစားမိနေသေးတယ်။

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု မတင်တာနဲ့၊ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ `အောင်သာငယ်` တယောက်ကတော့ အာဇာနည်နေ့ကို မလေးစားဘူး၊ အသိအမှတ်မပြုဘူးလို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်၊

သို့မဟုတ်

ဘယ်ဘလော်ဂါပဲဖြစ်ဖြစ် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ပို့စ်တခုခု တင်ရင်၊ ဒါမှမဟုတ် သူတို့ ဂျီတော့ခ်က ပုံကို ပြောင်းလိုက်ရင် သူတို့ဟာ အာဇာနည်နေ့ကို လေးစားတယ်၊ အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ် ကောက်လို့ရမယ်ဆိုရင်။

တခုခုတော့ မှားနေပြီလို့ ကျနော် ထင်ပါတယ်။

စာတွေကိုတော့ လူတိုင်းဖတ်လို့ ရပါတယ်။ ဘလော့ပေါ်မှာ ဖြစ်ဖြစ်။ အီးမေးလ်ထဲမှာဖြစ်ဖြစ်။ ဂျီချက်ပေါ်မှာ ဖြစ်ဖြစ်။ စာအုပ်တခုပေါ်မှာ ဖြစ်ဖြစ်။ ဗမာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ်။

ဒါပေမယ့် ရင်ဘတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရင်ဘတ်ရှိတဲ့သူတွေချင်းပဲ ဖတ်နိုင်ကြတာပါ။

`အောင်သာငယ့်`ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ အာဇာနည်နေ့မှာ ပို့စ်တခု မတင်တာနဲ့၊ အာဇာနည်နေ့မှာ ဂျီတော့ခ်က ပုံကို မပြောင်းတာနဲ့ အဆုံးအဖြတ်ပေးမယ်ဆိုရင်-

ကျနော် `အောင်သာငယ်`အနေနဲ့ - ၀မ်းနည်းပါတယ်ဗျာ-လို့ကလွဲရင် -----

ဘာပဲဖြစ်ဖြစ်လေ ဒီပို့စ်ကလည်း အာဇာနည်နေ့နဲ့ ပတ်သက်နေတဲ့ ပို့စ်တခု ဖြစ်သွားပြီပေါ့ မဟုတ်ဘူးလား။

ATN

Jul 17, 2010

သူသည် ၂၄ နှစ်သား လူငယ် တယောက်သာ ဖြစ်ပါသည်


















ယနေ့ မနက်တော့ မိုးမလင်းခင်မှာပဲ သူ နိုးလာသည်။ ခြေရင်းမှာ ထားထားသော ဆိုနီအမှတ်တံဆိပ် ဒစ်ဂျစ်တယ် နာရီကို အမှောင်ထဲမှာ လှမ်းကြည့်လိုက်တော့ အစိမ်းရောင် နံပတ်များက မနက် ၃ နာရီ ၅၅ မိနစ်ကို ဖော်ပြနေသည်။ "အင်း... အစောကြီး ရှိသေးတာပဲ... " သူ့ဘာသာတွေးရင်း ကိုယ်ပေါ်မှ စောင်ကို ခွာကာ အိပ်ယာမှ ထလိုက်သည်။ ခေါင်းရင်းမှ မီးခလုပ်ကို မဖွင့်ပဲ အိပ်ခန်း တံခါးကို အမှောင်ထဲမှာ ဖွင့်ကာ သူ ထွက်လာသည်။ ရေချိုးခန်းထဲ ရောက်တော့မှသာ နံရံက မီးခလုပ်ကို စမ်းကာ သူ ဖွင့်လိုက်သည်။ ၀ပ်-တရာ-အား ရှိသော အဖြူရောင် မီးသီး ၄ လုံးက အမှောင်နှင့် သဟဇာတ ဖြစ်နေသော သူ့မျက်လုံးများကို ရုတ်တရက် ကျိန်းစပ်သွားစေလေတော့သည်။ ( ... အမှောင်ထဲမှာ အနေကြာလာသည့်အခါ မျက်လုံးများက အလင်းကို ကျင့်သားမရပါ...  × စကားချပ်...) မျက်မှောင်ကို ကြုပ်ထားလိုက်ရင်းက လျှပ်စစ်မီး၏ အလင်းစများကို တဖြည်းဖြည်းချင်း သူ့မျက်လုံးထဲကို သွင်းယူလိုက်ရသည်။ မျက်မှောင် ကြုပ်ထားဆဲမှာပင် လက်ဆေးကန် ရှေ့က မှန်ထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူ့မျက်မှန် ပါမလာပေမင့် မျက်မှောင်ကြုပ်ထားသည့်ကြားက ၀ိုးတ၀ါး မြင်နေရသည့် သူ့မျက်နှာသည် အတော့ကို အိုစာနေလေပြီ။ ပါးရိုးတွေ ကျပြီး နားထင် နှစ်ဖက်က ချိုင့်ခွက်ဝင်နေသည်ကို သူ  မြင်နေရသည်။ ခုသည် နှစ်လ အတွင်းမှာ သူ အတော် ပိန်ကျသွားပုံရသည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာက ဤအချက်ကို သက်သေပြနေသည်။ လွန်ခဲ့သော ၂၂ နှစ်က အိမ်ကို သူ ကျောခိုင်း ထွက်ခွာလာခါစ ကာလတုန်းကလို မျက်နှာမျိုး မဟုတ်တော့တာ သေချာနေသည်လေ။ လွန်ခဲ့သော ၂၂ နှစ်က ရှိခဲ့ဖူးသော မျက်လုံး တစုံကို လွန်ခဲ့သော ၂၂ နှစ်တုန်းက အိမ်ကို ကျောခိုင်းထွက်ခွာခဲ့သော မျက်နှာ တခုပေါ်မှာ သူ ပြန်မတွေ့ရတော့။ အပြာရောင် မသမ်းသည့်တိုင် အနီရောင်လည်း မသမ်းခဲ့သော ထို အဖြူရောင် မျက်လုံးများ သူ့မှာ မရှိတော့ပါ။ ခုတော့ သူ့မျက်လုံးများက အနီရောင်သမ်း-လို့... ။ သူ့ မျက်လုံးများ အောက်မှာ ဘယ် အချိန်ကမှန်း မသိ ရောက်လာနေသည့် မျက်ရစ် ၂ ခုကလည်း ဇရာကို ခြံဝင်း ခတ်ပြထားသလိုမျိုး... ။ ထို မျက်ရစ် ၂ ခုအောက်မှ ပါးရိုး ပေါ်မှာလည်း သွေ့ခြောက် ကြမ်းတမ်း လာနေသော အရေပြား တချို့က... သိသိသာသာ ဇရာကို အချက်ပြလျှက်... ။ သူ့ နဖူးပေါ်မှ အရေပြား အတွန့် ၂ ကြောင်းကလည်း ဇရာကို မောင်းခတ် ကြေငြာနေလေသည်လား... ။ သူ့ နဖူးအစပ်မှာ မြင်နေရသော ဆံပင်ဖြူ တချို့ကလည်း ဆံမည်းတွေကြားထဲမှာ ကျိုးတို့ကျဲတဲ... ဒါ... ဇရာ-ပဲကွ လို့ အလံထူပြနေသလိုမျိုး... " အိုး... ဘာပဲဖြစ်ဖြစ်... ငါ... ဟာ...၂၄ နှစ်ပဲ ရှိပါသေးတယ်... ... " သူ့ဘာသာ စိတ်ထဲမှာ ပြောရင်း သွားပွတ်တံပေါ် သွားတိုက်ဆေး တချို့ကို ညှစ်ချလိုက်ရင်း ရေချိုးကန်ထဲသို့ သူ ၀င်လိုက်သည်။ (သူသည် ၂၄ နှစ်သား လူငယ်တယောက်သာ ဖြစ်ပါသည်...)

Jul 5, 2010

မျှော်လင့်ခြင်းကွင်းပြင်

သည်ကွင်းပြင်ကြီးကို... တို့ဖြတ်ဖူးတယ်...
သည် မြက်ပင်များအပေါ်... တို့နှစ်ယောက်အတူ... လျှောက်ဖူးတယ်...
သည်ကွင်းပြင်ကြီးထဲ... မိုးတိမ်တွေ... အမြဲပျံသန်း...
ကြည်နူးစရာဘ၀ပေါ့... မင်းလေးနဲ့... ဟိုးတချိန်က...
တို့နှစ်ဦးသား... အချစ်ကို... တန်ဖိုးထားကြတယ်...

သည်ကွင်းပြင်ကြီးဟာ... အခုဆို လွမ်းစရာ...
သည်မြက်ပင်စိမ်းတွေ... ခြောက်သွေ့ကာ... ညိုမည်းနေ...
သည်ကွင်းပြင်ကြီးလည်း... ဟိုးအရင်လို... မလှတော့ဘူး...
ရင်ထဲမှာ... အဆွေးများ... မင်း... ထားပစ်ကာ... ထွက်သွား...
တို့နှစ်ဦးသားဘ၀ဟာ... ကမ္ဘာကြီး... ခြားထားသလို... ...

တို့... မသိနိုင်ဘူး... ကံတရားရဲ့... အင်အားကို...
အဝေးဆုံးချစ်သူတိုင်းပဲ... ပြန်နီးဖို့... မျှော်လင့်နေ...
အချစ်ဆုံး... ချစ်သူတိုင်း... အို... အလွမ်းဆုံး... ဘ၀ရှိမယ်...
အချစ်ဟာ... ကြည်နူးစရာ... အို... လွမ်းစရာ... တခါဖြစ်မြဲ...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

ကိုယ်လေ... စောင့်မျှော်ဆဲပါ... မင်း... လာမယ့်နေ့...
တကယ်... နားလည်မှုနဲ့... မင်း... ကိုယ့်ထံ... ပြန်မယ့်နေ့...
ကြေကွဲစရာများနဲ့... တခြားနေရာမှာ... မင်း...ပျော်မလား...
ငါ... လွမ်းသလို... မင်းလည်း... အမြဲတမ်းတနေမှာပဲ...
မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်ရအောင်...

မျှော်မဆုံးသော... ကွင်းပြင်... အရင်အတိုင်း... လျှောက်... ရ... အောင်...

ကိုယ်ရေးရာဇ၀င်

ရေး - မောင်သစ်မင်း
ဆို - အငဲ

ငါ့အတွေးများလည်း... မီးခိုးတွေ... အူ...
လေးဖက်လေးတန်... အခန်းငယ်ထဲ...
ငါစောင့်စားခဲ့တဲ့... နေ့ရက်တို့... နံရံတွေအပေါ်... ဖြတ်သွား...
ဒီမျက်နှာကြက်ပေါ်ကနေ... တွဲခိုနေ... မီးအိမ်တလုံး...
ငါ့ဘ၀အတွက်... သည်ဒဏ်ရာတွေကို... ကြည့်နေသလား...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ငါ... တံခါးရွက်တွေကို... ဖွင့်ထားပြီး...
သီချင်းဟောင်းတပုဒ်ကို... ညည်းဆိုရင်း...
ထိုင်ခုံအိုပေါ်... ထိုင်နေဆဲ... လာပါ... သူငယ်ချင်း...
ခံစားချက်ကလေးများ.. ကုန်ပြီ... ကုန်ခမ်းပြီ...
နံရံ... မျက်နှာကြက်နဲ့... ကြမ်းပြင်အကြား...
သည်အခန်းထဲက... အပြင်မထွက်လိုဘူး...
ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

ခန္ဓာကိုယ်... ကြွေမှာကိုစိုး... အိုး... ဟို့ဟိုး...
နင်းထားတဲ့ ကြမ်းပြင်... ကျွံသွားမလား...
ရင်ခုန်သံကို... တိုးတိုးမေးကြည့်... ငါ့ရဲ့အချစ်... ဘယ်မှာလဲ...
ရင်မှာ... မျှော်လင့်ခြင်းရဲ့... သစ်သီးတလုံး...
နှလုံးသားငှက်က... ကိုက်ခြွေကာ... ဖျက်ဆီးသွား...
နွေလွင်ပြင်ကို... ဖြတ်ကျော်လာသူ... လေငြင်းလေး... အိမ်ထဲကြွပါ... ...

Jul 4, 2010

ထပ်မဝေးဘူး

ရေး - ကေအေတီ
ဆို - အငဲ

ညတရေးနိုး... လမင်းကြီး... မြင်တော့မှ... ကိုယ်ယောင်ရမ်းပြီး...
အရင်တုန်းက... အခုညမျိုး... ကိုယ်ပြန်အောက်မေ့... အို... ဘယ်သူမှ... မရှိ...
အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... ခက်မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)

ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...

အမှောင်ထဲသို့... လမင်းတိုးဝင်... တယောက်တည်းမို့... ကိုယ်ထင်တိုင်း... အားငယ်...
မဟုတ်သေးဘူး... ဒါဟာ... အမြဲမဟုတ်ဘူး... မျှော်လင့်ချက်လည်း... မကုန်သေးဘူး...

အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
ကိုယ့်ရဲ့... ကတိနဲ့... အချစ်တို့... ယူ... ...


အချိန်တွေ... နောက်ပြန်လည်... အိမ်ပြန်ရောက်ချင်တယ်...
ကြာရင်... သိပ်ခက်တော့မယ်... မဖြစ်သေးဘူး...
အခုတော့... ရှင်လျက်သာ... အသက်... မရှိသူ... (ရေ့....)
ကြယ်စင်များ... ရေတွက်လို့... အရောက်... ပြန်ခဲ့မယ်...
အိပ်မက်များ... ပြန်ရနိုး... ကြိုနှင့်ဦး...
ကံဟာ... ဆန်းကြယ်... တို့နှစ်ဦးကြား...
အကြိမ်ကြိမ်... လွဲချော်ခဲ့ပြီးသား...
သည်တခါတော့... တို့နှစ်ယောက်... ထပ်မဝေးဘူး...
အိုး... ... 
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
အိပ်မက်တွေ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...
စိတ်ချပါ... ထပ်မဝေးဘူး...

(ဟေး... ... ... ... )




(သည်တခါ တို့နှစ်ယောက် ထပ်မဝေးတော့ပါဘူး... “နှင်း”ရေ့... )

Jun 28, 2010

နေရာ

ရေး - ဗဒင်  ဆို - Rဇာနည် 

ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်...
အမြဲတမ်းပဲ... ရှင်းလင်းထားပါတယ်...
ဝေးနေပါသော်လည်း... မျှော်လင့်ဆဲပါ...
ပြက္ခဒိန်စာရွက်များ... တရွက်စီ... လွန်ပေမယ့်...
မင်းအတွက်... ရင်မှာ... တနေရာစာ... ကိုယ်ဦးထားတယ်...
အို... အချစ်ရေ... ... ...

အလွမ်းတွေ... မြုံနေတဲ့... စိတ်ကူးများ...
ည.. ည..ကျ... အိပ်မက်ဖြစ်လာတော့...
လှိုက်ဖို... ရင်ခုန်ခြင်း... မနက်ခင်းတိုင်း...
အနမ်းတွေ... ဝေဆာတဲ့... အတိတ်မှာ... နေထိုင်ရင်း...
မင်းအတွက်... ရင်မှာ... တနေရာစာ... ကိုယ်သိမ်းထားတယ်...
အို... အချစ်ရေ... ... ...

နေမယ်... မနေဘူးကတော့...  မင်းရဲ့သဘောပါ...
သေချာတဲ့နေရာက... ရှိခဲ့ပြီ...
မရေရာတဲ့... အကြောင်းတရားတို့... ဖိစီးသည့်တိုင်...
သေချာတဲ့... သည်နေ့ထိတက်တိုင်...
ဖန်တီးလို့မရတဲ့နေရာကို... ဖျက်ဆီးလို့မရတဲ့နေရာကို...
ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

အချစ်ဆိုတာဟာလည်း... အခက်သားလားကွယ်...
ရှင်းပြတိုင်း... မရတဲ့ ပုစ္ဆာလို...
ပေးနေပါသော်လည်း... မရဘူးလို့ထင်...
လွမ်းနေပေမယ့်လည်း... မေ့ပြီထင်သူရယ်...
မင်းအတွက်... ရင်မှာ... တနေရာစာ... ချန်ထားဆဲပါ...
အို... အချစ်ရေ... ... ...

နေမယ်... မနေဘူးကတော့...  မင်းရဲ့သဘောပါ...
သေချာတဲ့နေရာက... ရှိခဲ့ပြီ...
မရေရာတဲ့... အကြောင်းတရားတို့... ဖိစီးသည့်တိုင်...
သေချာတဲ့... သည်နေ့ထိတက်တိုင်...
ဖန်တီးလို့မရတဲ့နေရာကို... ဖျက်ဆီးလို့မရတဲ့နေရာကို...
ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

ငါ... သိမ်းထားခဲ့တာ... ကြာပါပြီ...
ဦးထားခဲ့တာ... ကြာပါပြီ...
စောင့်စားခဲ့တဲ့... အချိန်တွေဟာလည်း... သိပ်... ကြာပြီ...

Jun 21, 2010

အချစ်ရေ

အချစ်နဲ့ စပ်ဆိုသီကုံးထားတဲ့
စကားလုံးတွေ-ဆိုတာ

ဖတ်ရသူကိုပါ
ရင်တလှပ်လှပ် ဖြစ်လာစေတယ်... မောင်...


(အိန်ဂျယ်)

နှလုံးသားတွေ အလွန်တရာ လှုပ်ရှားနေခဲ့တဲ့ တနေ့မှာ သီချင်း တပုဒ်ကို ဘာသာပြန်မိခဲ့ပါတယ်...
ကဗျာ တပုဒ်လို လှပနေတဲ့ သီချင်းဆိုတော့ ကဗျာတပုဒ်လိုပဲ ခံစားလိုက်မိပါတယ်...

အိန်ဂျယ်ရေ... သည်သီချင်းကို... နှလုံးသားနဲ့ပဲ... မင်းနားဆင်ပါ့...

အချစ်ရေ

လူသူကင်းမဲ့နေတဲ့ လမ်း တလမ်း...
အခန်းလွတ်တွေနဲ့ အိမ် တလုံး...
ငါ့နှလုံးသားထဲက ကွက်လပ် တခု...
ငါဟာ ငါ့ဘာသာ တယောက်တည်း... အထီးကျန်နေရင်း...
ရှိရှိသမျှ အခန်းတွေအားလုံးက ကျဉ်းမြောင်းလို့လာနေ…

ဘယ်လိုပါလဲ-လို့ ငါ စဉ်းစားနေမိ…
ဘာကြောင့်လဲ-လို့ ငါ တွေးတောနေမိ…
ဘယ်ရောက်သွားသလဲ-လို့ ငါ မေးခွန်းထုတ်နေမိ...
ငါတို့ ရရှိခဲ့ဖူးသောနေ့ရက်များ…
အတူတကွ သီဆိုခဲ့ဖူးသော တေးချင်းများ…
ဟုတ်တယ်…
ပြီးတော့… အချစ်ရယ်…
တို့နှစ်ယောက်ဟာ... ထာဝရ ဖက်တွယ်ထားမိတော့တယ်…
အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာကို... မရရ ရအောင် လက်လှမ်းမှီဖို့ပေါ့…

အဲသလိုနဲ့ ရှူသွင်းလိုက်တဲ့ လေထဲမှာပဲ ငါ ပြောမိရဲ့...
ငါ့အိပ်မက်တွေက ငါ့ကို အဲသည်ကို သယ်ဆောင်သွားမယ်လို့ မျှော်လင့်မိ...
ကောင်းကင်တခုလုံးဟာ... ပြာလွင်လွန်းနေတဲ့ နေရာ...
မင့်နဲ့ နောက်တကြိမ်တွေ့ဆုံဖို့ပါ... အချစ်ရယ်...
ပင်လယ်တွေအားလုံး... သည်ကမ်းကနေ ဟိုး... ကမ်းတဖက်ဆီ သွားကြ...
ငါကလည်း... ငါ့ ချစ်မက် အမြတ်နိုးဆုံး နေရာကလေးကို ရှာ...
ငါ့နှလုံးသားထဲက အသံနဲ့သာ... မင့်ကို ပြောပြဖို့...
ကွင်းပြင်တို့... စိမ်းလန်းလွန်းတဲ့နေရာမှာ...
မင့်နဲ့ နောက်တကြိမ်တွေ့ဆုံဖို့ရာ...
ငါ့လက်မောင်းတွေကြားမှာ... မင့်ကို ထွေးပွေ့ထားဖို့...
ငါ့ချစ်ခြင်းမေတ္တာတရား... မင့်အား ပေးအပ်ဖို့...
ငါ့နှလုံးသားနဲ့... မင့်ကို ပြောပြဖို့...
မင့်သာ... ငါ့အတွေးတွေထဲမှာ...
အမြဲတမ်း... ရှိနေပါတယ် ဆိုတဲ့အကြောင်း...
သိပ်ဝေးကွာနေလွန်းတဲ့ ချစ်ခြင်မေတ္တာဆီ... ငါ... လက်လှမ်းမီဖို့ကြိုးစားရင်းနဲ့ပေါ့... အချစ်ရေ့...

စာတွေဖတ်ဖို့ ကြိုးစားတယ်...
အလုပ်ကို ငါသွားတယ်...
သူငယ်ချင်းတွေနဲ့ ရယ်မောတယ်...
သို့တိုင်အောင်
ငါရပ်တန့်လို့ မရဘူး...
မင့်အကြောင်း စဉ်းစားနေမိတဲ့ ငါ့အတွေးတွေ...

မဟုတ်သေးဘူး...
ဘယ်လိုပါလဲ-လို့ ငါ စဉ်းစားနေမိ…
ဘာကြောင့်လဲ-လို့ ငါ တွေးတောနေမိ…
ဘယ်ရောက်သွားသလဲ-လို့ ငါ မေးခွန်းထုတ်နေမိ...
ငါတို့ ရရှိခဲ့ဖူးသောနေ့ရက်များ…
အတူတကွ သီဆိုခဲ့ဖူးသော တေးချင်းများ…
ဟုတ်တယ်…
ပြီးတော့… အချစ်ရယ်…
တို့နှစ်ယောက်ဟာ... ထာဝရ ဖက်တွယ်ထားမိတော့တယ်…
အလှမ်းကွာလွန်းလှတဲ့ ချစ်ခြင်းမေတ္တာကို... မရရ ရအောင် လက်လှမ်းမှီဖို့ပေါ့…

ATN

Jun 18, 2010

A Tear In Black Water


This is my beloved-eldest son's first poem. After reading my post (ATN's A to Z), he showed me a sheet of paper and told me that it was his very first poem. I feel so sad to read his poem. It touched my heart so hard. I don't know how he faced this world. As a father, I did my best for him. But these days, things are out of my control already.

He asked me if I could post his poem on my blog and he loved to see that on my blog. So I share his with you all, my friends. What I would like to request you is to leave just a comment for him in English. I want to see him happy to read all of your comment on his poem.

(BTW, he is almost 13 now. He was born on 8-8-97, the 9th anniversary of the 8-8-88)

Thank you all.

------------------------------

A Tear In Black Water


My world is dark, my light is lost, in this forsaken realm.
My exist is just.
I do not remember laughter nor happiness.
Water drips slowly away.
I forgot to smile.
All alone with nothing.
I hear not a whisper, I feel nothing, not the wind of a storm, nor the spray of the sea, nor the fury of mother nature.
I'm nothing compare to her, like a human soul to a god.
A tear in black water is a lone soul in a storm of oblivion.
Why, why has she forsaken me?

Min Aung

May 24, 2010

ATN's A to Z


Angel
She is my savior. She is my everything. I thought she is mine but she is just an angel for everybody... maybe for somebody else ... or... someone special who is not me ... I have no idea anymore. The more I try to close to her, the more I can't reach her. Good bye, Angel... I know you are not mine... :(





















Body
It is where I reside right now for a while. It is not mine. My body is owned by the Earth ... or... maybe...  someone else... called You-Know-Who... or... nobody. One day I have to leave it... or...  it will leave me forever. I don't care about my body anymore. But I need it to do whatever I want to on this earth before I die.




















Curse
I really used to it. Someone cursed on me. And I cursed back. And sometimes I curse God, the so-called Creator. But I am sure God never curse me. He just gives me more trouble... hah... hah.. You are pathetic, God, you don't curse.
















Death
This is what I am looking for right now and I can't still find it ... or.... may be... it can't still find me yet. But what I am sure is I need a gun loaded with a live-round that can help me to see it.




















Enemy
This is the word I never thought I would have to use it in my whole life. But I know now I am wrong on this. I have lots of enemies in my life... such as... me myself... my wife... my girl friends... my so-called friends... the Guy that You-Know-Who... etc...





















Friends
This is everybody has in their whole life. Just have to put some adjectives before it to make different who is who... ... like... best... close... boy... girl... etc.... Like everybody, I need friends. But I don't need many.
iN MY CASE, i  JUST WANT A YOUNG PRETTY GIRL FRIEND... that's all...
I am not a greedy person... I know who I am....





















God
He is my Creator. I know he is there somewhere else, not on this earth. He knows everything about me. And I don't know anything about him. That's not fair at all for me. And he thinks I am Job. I actually am just his creation. He is playing me for his own sake. I hate that. And I hate him too. The more I hate him, the more I get into trouble. But I can't give up hating him. I still hate him a lot. Kill me God ... or... give me more trouble... I hate you... with all my heart... Hah... Hah... Give me more trouble. Ridiculously, whenever I ask for trouble I got a lot... and whenever I ask for mercy I got none... Hah... Hah... you are funny and crazy, God.





















Hell
Not much to say. This is where I love to go after my death ... or... right now. I love to see Saturn and his fellows. When I see him I will say... Hail ... Saturn...





















I nsignificance
This is the word that can be applied on me. I am not worthy for anybody, to anything and in anywhere.







 








Jack Daniel's
It is the name of my you-know-what. It is American. Tennessee Sour Mash Whiskey Old No. 7. It tucks me into the bed almost every stupid f---ing single night.
















Kindness
I hate this f----ing noun in English. I don't want to talk about it anymore at all.
 

















Love
This is my thirst. The more I am thirsty, the more I feel lonely. The more I am trying to reach it, the more I am far, far away from it. Now I give up. But I still am thirsty for it.















Mother
She is my hope. She's gone already 2 years ago. And she is no more on this earth. And my hope does the same.




















Nothingness
It is just a noun. And it is what I have. But I know it can kill anybody without a blood shed. It starts to do so on me now. But I don't blame on God for that.



















Ocean
That's what I am drinking now... I don't know yet when I can finish it up. Believe me I am drinking it seriously and diligently.



















People
I don't need to say anything about these and those. All of them are people. You will see everywhere are them. And you know they are everywhere. I just have to say ... hey... they are everywhere...  Damn!!!















Questions
There are tons of them for me and almost all of them involve with God. Such as, why God create this stupid funny crazy messy Earth? Can he do better than this, or not? C'mon.... God... you better answer me, my Boy....










Rules & Regulations
These are those I hate the most. I don't need them at all. 'Cos I am a JAMMING specialist... Hah... Hah...












Saturn
He is amazing. Almost everybody loves him. That's why almost everybody does the bad and wrong things. Small or big, everybody does. For me, I love him too. So I did lots of, lots of bad things. I still am doing bad... small and big... I will do more until I die.














Truth
This is the word stained with tears, pain, blood, etc... And this is the word that comes out only when nothing is left. So sad.




















U
U is the pronoun that I refer to my savior, Angel.  Like... I love U so much... Angel, with all of my heart... ...
By the way, Angel, when I say ... U... It is U... Angel... not somebody else... ( Just wake up.... Angel...)


















V
This is the alphabet which starts a word that I really, really need now.
(Hey....  don't think too much... I mean ... VACATION....  not V......  - you know....
I mean neither VICTORY... nor... VIRGIN... Hah ... Hah... )












Wife
As a husband, I don't want to talk about this. I seal my lips very tightly...
 















Xanax
I think I need this. Otherwise a gun loaded with a live-round.




















Yesterday
This is the first word of a song's title. This is my most favorite song and, as a kid, it is my very first English song I play with my guitar. Whenever I feel blue I hum that tune. If you are interested in it check out these links:
1 www.youtube.com/watch?v=YwxsWIYJI2A&feature=related
2 www.youtube.com/watch?v=G5NZI8NmBLA
3 www.youtube.com/watch?v=Lz266s634N8&feature=related

















Zero
No need to say what is that... Huh... I have that... and lots of lots of them.

ATN

(If this post is annoying and it disturbs you, just blame on God... not on me... please!!!)

May 14, 2010

အနက်ရောင်ထဲမှ အမှောင်ကို ရှာဖွေတွေ့ရှိခြင်း (သို့မဟုတ်) အမှောင်ထဲမှ အနက်ရောင်ကို ရှာဖွေ တွေ့ရှိခြင်း(၁)

သူ့ မျက်လုံး ၂ လုံး ပွင့်လာသည်... ။ အမှောင်ထုထဲမှာ... ပွင့်လာသော သူ့ မျက်လုံး အစုံသည်... အလင်းကို ... အငမ်းမရ... လိုက်ရှာလေသည်... ။ အလင်းရောင်ကို.... သူမတွေ့ပါ...။ သူတွေ့ရသည်က... သူ့ အခန်းထဲမှ... ပိန်းပိတ်နေသော ... အမှောင်ထုသာ...။ အမှောင်ထုထဲကို... အတန်ကြာ စူးစိုက်ကြည့်လိုက်မိသည့်အခါ... တချို့အရာတွေကို... ၀ိုးတ၀ါး... သူတွေ့လိုက်ရသည်...။ သို့သော်လည်း... မည်သည့်အရာများ... ဆိုသည်ကို...သူ... သေချာ မသိနိုင်ပါ...။ သူတွေ့နေရသည်က... အရိပ်များသာ... ဖြစ်မည်...။ အရိပ်ဆိုသည်က... အလင်း ရှိမှသာ... ဖြစ်ပေါ်လာသည် မဟုတ်လား...။ အမှောင်ထဲမှာရော... အလင်းရှိလေသည်လား...။ သူ မတွေးအားပါ...။

အိပ်ပျော်နေသော သူ့မျက်လုံးများကို... မည်သူက ဖွင့်လိုက်သည်လဲ...။ သူ ... မသိပါ... ။ သူ့မျက်လုံးများကို... သူကိုယ်တိုင်လည်း... မဖွင့်ပါ...။ သူက... အိပ်ပျော်နေခဲ့သူသာ... ဖြစ်သည်... ။ တကယ်တော့... သူသည်... အိပ်ပျော်နေချင်သူသာ... ဖြစ်သည်... ။ အဘယ့်ကြောင့် ဆိုသော်... အိပ်ပျော်နေသည့်အခါ... သူ... ဘာမျှ... မသိတော့သောကြောင့်... ဖြစ်ပါသည်...။ အိပ်ပျော်နေသော... သို့မဟုတ်... အိပ်ပျော်နေချင်သော... သူ့ကို... အိပ်ယာမှ နှိုးထလိုက်သူသည်... သူကိုယ်တိုင် မဟုတ်ပါ...။ သည်အချက်ကတော့ ... သိပ်ကို သေချာသည်လေ... ။

သူ့ကို... အိပ်စက်ခြင်းမှ ... မည်သူက... နိုးထလိုက်စေသည်လဲ...။ ဘုရားသခင် ပေလား...။ မဟုတ်သည်ကတော့... သိပ်ကို သေချာသည်...။ ဘာကြောင့်ဆို... အပျင်းပြေ... သူ... ဖန်ဆင်းထားခဲ့သော... လူသားပေါင်း... သန်း ၆၀၀၀ ကျော်ကို... တနှစ်လျှင် ၃၆၅ ရက်... တရက်လျှင်... ၂၄ နာရီ... တနာရီလျှင် မိနစ် ၆၀... တမိနစ်လျှင် စက္ကန့် ၆၀ နှုန်းဖြင့်... take care လုပ်နေရသော... ဘုရားသခင်သည်... အလွန်တရာ (တကယ်တော့ ... အလွန် တထောင်... အလွန်တသောင်း... အလွန်တသိန်း... အလွန်တသန်း... အလွန်တကုဋေ... တိတိကျကျ ဆိုရလျှင်... အလွန် သန်း ၆၀၀၀ ကျော် ဖြစ်မည်...) အလုပ်များနေသည် မဟုတ်လား...။ သူ့ကို နှိုးထစေဖို့... ဘုရားသခင်မှာ အချိန် မရှိပါ...။ ဒါက... သိပ်ကို... သေချာသည်လေ... (သို့မဟုတ်...) ဒါကို... သူက... သိပ်... သေချာနေသည်လေ...။ I am so so sorry for you... GOD... You take care yourself. ... အမှောင်ထဲမှာ... သူ... တိုးတိုးလေး... ပြောလိုက်မိသေးသည်... ။

သူ့ကိုယ်သူလည်း... မနှိုး...။ ဘုရားသခင်ကလည်း... သူ့ကို မနှိုးလျှင်... သူ့ကို... အိပ်ယာမှ ... မည်သူက... နိုးထစေသည်လဲ...။ သူ့ကို... နှိုးထစေသူမှာ... အမေရိကန် အစိုးရ မဟုတ်တာလည်း... သိပ်ကိုသေချာသည်လေ...။ ဒါဆို... သူ့ တာဝန် ၀တ္တရားတွေက ... သူ့ကို နိုးထခဲ့စေသည်လား...။ သူ့ ... တာဝန် ၀တ္တရားတွေကရော... ဘာတွေတဲ့လဲ...။ သည် တာဝန် ၀တ္တရားတွေကြားမှာပဲ... နိစ္စဓူဝ... သူ... နိုးထ... အိပ်စက်... အသက် ရှင်သန်နေရမည်လား...။

မွေးဖွားလာကြပြီးသည့်နောက်... သေဆုံးခြင်း-ဟူသော... အရပ်ဆီသို့... မသွားချင် သွားချင်ဖြင့်... ပေကပ်ကပ်... လုပ်ကာ... သွားနေရသော... လူတို့၏... ဘ၀ခရီးမှာ... အိပ်ချင်သည့်အခါ... အိပ်... နိုးချင်သည့်အခါ... နိုး... သည်လိုမျိုး... နေထိုင်၍ကော... မရဘူးလား... - ဟု... အိပ်ယာမှ ထထိုင်ရင်းက... ညစ်ကျယ်ကျယ်... သူတွေးနေမိသေးသည်... ။

ခေါင်းရင်းမှာ... ထားထားသော... သူ့အိုင်ဖုန်းကို... အမှောင်ထဲမှာ... လိုက်စမ်းရင်းက... သူ့လက်နှင့် ထိမိသည့်အခါ... ဆွဲယူရင်း... ဖွင့်ကြည့်လိုက်သည်... ။ နုပျိုချောမော... လှပသော... ချစ်မက်မြတ်နိုးစရာ မျက်နှာလေး... တခုက... အိုင်ဖုန်း၏... မျက်နှာပြင် ချောချောမွတ်မွတ်လေးပေါ်မှာ... လှလှပပလေး... ပေါ်လာလေသည်။ အိုင်ဖုန်းပေါ်မှ နာရီက... မနက် ၅ နာရီ ၃၂ မိနစ်...ဟု... ပြနေသည်။ အိုင်ဖုန်းမျက်နှာပြင်ပေါ်မှ... မျက်လုံးလှလှလေး... တစုံကတော့... အမှောင်ထဲမှာ... ငူငေါင်ငေးငိုင်... စိတ်မပါတပါ ထိုင်နေသော... သူ့ကို... စိုက်ကြည့်နေသည်... ဟု... သူ ထင်လိုက်မိသည်... ။ ပန်းနုရောင် နှုတ်ခမ်းကလေး တစုံကတော့... ပြုံးနေသလိုလို... .မပြုံးသလိုလို.. ။ ခုတော့... သည်မျက်နှာပိုင်ရှင်ကလေးက... ဘယ်နေရာကို... ရောက်နေ...သည်တဲ့လဲ...။ ဘယ်နေရာမှာ... ဘာတွေ လုပ်နေမည်... တဲ့လဲ... ။ သည်မျက်လုံးလှလှလေးတွေက.. မည်သည့်အရာကို... (သို့မဟုတ်...) မည်သူ့ကို... စိုက်ကြည့်နေလိ့မ်မည်... တဲ့လဲ... ။ သည် နှုတ်ခမ်းလှလှလေး တစုံကရော... မည်သူ့ကို စကားပြောနေလိမ့်မည်လဲ... (သို့မဟုတ်...) မည်သူက... သည်နှုတ်ခမ်းလှလှလေးကို... နမ်းနေလိမ့်မည်... တဲ့လဲ...။ သည်လို စဉ်းစားရင်း... မနက်ခင်း၏ အမှောင်ထုထဲမှာ... သူ့ အလွမ်းတွေ... သူ့ တမ်းတမှုတွေ... ဟာရီကိန်း မုန်တိုင်းတခု... တိုက်ခတ်လိုက်သလို... ဗြောင်းဆန်သွားလေပြီ... ။ သည် မျက်နှာလေးကို... သူ... အလွန်အမင်း... လွမ်းဆွတ်လာမိသည်...။ အိုင်ဖုန်း၏... slide to unlock ဆိုသည့် ခလုပ်ကလေးကို... သူ့လက်ညှိုးနှင့်... ဆက်ဖိထားမိသည်... ။ သို့ မဟုတ်လျှင်... သည်မျက်နှာကလေးက... ပြန်ပျောက်သွားလိမ့်မည်...။ ခဏတဖြုတ်တော့... slider... ခလုပ်လေးကို ဖိထားကာ... ဘယ်ညာရွှေ့ကစားရင်း... သူ့ကို... ပြုစားနိုင်သော... မျက်လုံးကလေး တစုံနှင့်.. အကြည့်ချင်းဆိုင်နေမိသေးသည်... ။ ခလုပ်လေးကို... အတော်ကြာ... ဖိထားမိပြီးနောက်... သူ... ပြန်လွှတ်လိုက်သည်...။ သူ... မြတ်နိုးတွယ်တာရသော... မျက်နှာလေးက... မနက်ခင်း အမှောင်ထဲသို့... ပြန်လည်တိုးဝင်... ပျောက်ကွယ်သွားသည်... ။ အမှောင်ထဲမှာ... အိုင်ဖုန်းကို... သူ့လက်ထဲ ကျစ်ကျစ်ပါအောင်... ဆုပ်ထားမိသေးသည်... ။ သည်အိုင်ဖုန်း ရှိနေသေးသရွေ့... သည်မျက်နှာလေးလည်း... ရှိနေဦးမည်လေ... ။ မဟုတ်လား... ။ အမှောင်ထဲမှာ... အလွမ်းတွေကို... ချခင်းထားရတော့မှာလား... သူ... စဉ်းစားနေမိသေးသည်... ။

သူ့ပေါင်ပေါ်မှ စောင်ကို... အသာ ခွာချလိုက်ရင်း... အိပ်ယာမှ... သူ... ထဖြစ်လိုက်သည်... ။ အလုပ်မသွားခင်... ရေချိုးရဦးမည်... ။ သူ့ အခန်းတံခါးကို ဖွင့်ပြီး... အမှောင်ထဲမှာပင်... ရေချိုးခန်းဆီသို့... သူလှမ်းလာခဲ့သည်... ။ ပိန်းပိတ်အောင် မှောင်နေသည်မျိုး မဟုတ်သော်လည်း... ဘာတခုကိုမျှ သေချာ မမြင်ရ... ။ သို့သော်လည်း... မည့်သည့်နေရာမှာ... မည်သည့်အရာ ရှိသည်ကို... သူက... သိနေပြီးသား မဟုတ်လား... ။ မျက်စေ့ မှိတ်ပြီးပင်... သူ လိုချင်ရာကို သူ ယူနိုင်သည်... မဟုတ်လား... ။ ဘေစင်ရှေ့မှာ... ရပ်လိုက်ရင်းက... အမှောင်ထဲမှာပင်... လက်ကို ဆန့်တန်းကာ... သူ့ သွားပွတ်တံကို... ယူလိုက်သည်...။ ဘယ်လက်က... သွားတိုက်ဆေးဗူးကို... လှမ်းယူလိုက်ပြီး... အဖုံးဖွင့်ကာ... သွားပွတ်တံအပေါ်... အမှောင်ထဲမှာပင် ညှစ်ချလိုက်သည်...။ သည့်နောက်... ရေအနည်းငယ် ဖွင့်ချရင်း... သွားပွတ်တံကို... စီးကျလာသည့် ရေပန်းအောက်မှာ... ခေတ္တ ခံထားပြီးနောက်... ရေကို ပြန်ပိတ်လိုက်သည်...။ အမှောင်ထဲမှာပဲ... သူ သွားတိုက်နေမိသည်။ မျက်လုံးစုံမှိတ်ကာ... သွားတိုက်နေရင်းက... အိုင်ဖုန်းပေါ်မှ... မျက်လုံးလေး တစုံကို... အမှောင်ထဲမှာ ... သူ မြင်နေမိသေးသည်... ။

သွားတိုက်ပြီးနောက်... ရေချိုးဖို့... အမှောင်ထဲမှာပင်... သူ ပြင်ဆင်လိုက်သည်...။ ဘာ့သ်တာ့ဘ်ထဲမှ ... ရေပန်းကို အပူအအေး... ချိန်ရင်း... ခေါင်းလျှော်ရည်ဗူးကို... အမှောင်ထဲမှာ စမ်းယူလိုက်သည်...။ ရေပန်းအောက်မှာ... ခေတ္တခဏ ခေါင်းထိုးခံလိုက်ပြီးနောက်... ခေါင်းလျှော်ရည် အချို့ကို... သူ့ ဆံပင် ရှည်တွေပေါ်... ညှစ်ချလိုက်သည်...။ ပြီး... အမှောင်ထဲမှာ... လျှောက်စမ်းပြီး... ယူထားသော... ဘီး တချောင်းဖြင့်... တခေါင်းလုံးကို... ဖီးသင်လိုက်သည်...။ ဒါက... သူ့ ခေါင်းလျှော်နည်း... ဖြစ်လေသည်...။ သည့်နောက်တော့... body wash ကို... ရေမြှုပ်အပေါ်... ညှစ်ချရင်း... သူ့ကိုယ်ကို... ဆပ်ပြာတိုက်သည်...။ ထိုအတောအတွင်းမှာ... (သည်လောက်... အကုသိုလ်... များတဲ့... ခန္ဓာကိုယ်ကြီးကို... ဆပ်ပြာတွေ... တိုက်နေတော့ရော... ဘာတွေများ... သန့်ရှင်း... စင်ကြယ်... လာမတဲ့လဲ...) ... ဟု... သူ့ဘာသာ ... အမှောင်ထဲမှာ... တွေးနေမိသေးသည်...။

ရေချိုးပြီးသွားတော့... သူ့ဆံပင်ရှည်တွေကို... ခြောက်အောင်... လုပ်ရဦးမည်... ။ သူ့မှာက... hair dryer... မရှိပါ... ။ သည်တော့... ဧည့်ခန်းထဲမှာ ရှိသော... Heaterကို... အမှောင်ထဲမှာ... သူ... ဖွင့်ပါသည်... ။ ထို Heater ၏ လေထွက်ပေါက်မှာ... သူ့ ခေါင်းကို ထိုးခံရင်း... သူ့ ဆံပင်ရှည်တွေကို... ဘီးတချောင်းဖြင့် ... အမှောင်ထဲမှာ... ဖီးသင်ရင်း... ခြောက်သွေ့စေလိုက်သည်...။ အားလုံးကို... အမှောင်ထဲမှာ... သူ လုပ်နေခြင်း... ဖြစ်ပါသည်...။ ထိုသို့ လုပ်ရင်း... သူ့ ဆံပင်ရှည်တွေကို... ဖီးသင်ပေးလိုသည်ဆိုသော... ကောင်မလေး တယောက်... ပြောခဲ့သည့်... “အကို့ ဆံပင်တွေကို... သပ်သပ် ရပ်ရပ်လေး ဖြစ်အောင် ဖီးပေးချင်တယ်...” ဆိုသော စကားကို... သတိရမိလိုက်သည်...။ ထို့အတူ... သူ့ဆံပင်ရှည်တွေကို... စိတ်ရှည်လက်ရှည်... ဖီးသင်ခဲ့ဖူးလေသော... သူ့... မဟေသီကို... သတိရမိလိုက်သည်...။ ခုတော့... မည်သူမျှ... သူ့အနားမှာ မရှိပါ... ။ သူက... တယောက်ထဲသမားသာ... ဖြစ်ပါသည်...။ သူသည်... အထီးကျန်နေသူသာ... ဖြစ်ပါသည်...။ ခုတော့... သူ့ဆံပင်ရှည်တွေကို... ဖီးသင်ပေးမည့်သူဆိုလို့... တယောက်မျှကို... မရှိတော့ပါ... ။

သူ့ဆံပင်တွေ ခြောက်ပြီးသွားတော့... အ၀တ်အစား.. သူ... လဲလိုက်သည်... ။ ကားသော့ကို... ချိတ်ထားရာ နံရံပေါ်မှ ဆွဲယူရင်း... မနက်ခင်းက တက်နင်းထားသော... သူ့ အိမ်တံခါးကို ဖွင့်လိုက်သည်...။ အလင်းများ... ပွင့်မလာပါ... ။ နေရာတကာ... အမှောင်ထုသာ... ။ မှောင်မဲနေသော... သူ့ အိမ်ခန်းထဲမှ... မှောင်မဲနေသော မနက်ခင်းထဲသို့... စိတ် မပါ့တပါ... သူ တိုးဝင်လိုက်သည်....။

သူ့ကားတံခါးကို... သူ... ဖွင့်ပါသည်... ။ သည်ကားက... သူ့ကို... နိဗ္ဗာန်ဘုံသို့ သယ်ဆောင်သွားမည် မဟုတ်ပါ..။ သူ့ကို အလုပ်ဆီသို့... သယ်ဆောင်သွားမည်သာ... ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... သည်ကား... သယ်ဆောင်ရာမှန်သမျှကို... သူ... လိုက်ပါရပါဦးမည်...။

ယခုတော့ အမှောင်ထဲမှာ... သည်ကား သယ်ဆောင်ရာကို... သူ လိုက်ပါနေသည် မဟုတ်လား...

May 10, 2010

ဆားချက်ခြင်း (၂)

ထုံးစံအတိုင်း ဆားချက်ပါတယ်...
ဆားချက်နည်းတွေထဲက အလွယ်ဆုံး တနည်းနဲ့ ချက်လိုက်ပါတယ်...
မဖတ်ဖူးသေးသူများ ဖတ်ရအောင်... ဖတ်ပြီးသူများ ငြည်းငွေ့အောင်... လုပ်ကြည့်တာပါ...

တခြား “နစ်” တခုနဲ့ ရေးခဲ့တဲ့ ATN ရဲ့ ကဗျာ တပုဒ်ပါ...

“ကြိုးပြတ်ဂစ်တာ”











ကာရံမှားကဗျာတပုဒ် -
အသက်ရှူဖို့ အားမထုတ်တော့ဘူး
ပုံလျက်သား မူးလဲနေပေါ့
ဟော့ဒီ အခန်း ထောင့်ထဲမှာ ....

မျက်တွင်း ဟောက်ပက်
ညည်းဆိုခက်သီချင်းတပုဒ်လည်း -
အရုပ်ကြိုးပြတ် ဖြစ်နေခဲ့...

မိုးတိမ်
သက်တန့်နဲ့
လွပ်လပ်စွာ ပျံသန်းသောငှက်
ပွေ့ဖက်ခြင်း ဟင်းလင်းပြင်
အိပ်မက်ထဲက သစ်တပင်
အိပ်ယာဝင်ခက်ခဲလွန်းသော ဦးထုပ်တလုံး
အားလုံး အားလုံး
တုံးလုံးပက်လက်
အသက်မဲ့နေ...။

ခန္ဓာကိုယ်ရဲ့
လှုပ်ခုန်နေတဲ့ တနေရာ
ငါ့ဘာသာငါ
လှီးဖြတ်ထုတ်ယူခဲ့ရ...

နာ...
ကျင်...
လိုက်တာလေ....

ဒီလိုနဲ့
ဝိဥာဉ်မဲ့အခန်းတခုဟာ
ဂစ်တာတလက်ထဲ
မရဲတရဲ တိုးဝင်သွားလေရဲ့။

(ဆောင်းလွမ်းနေ)

May 6, 2010

ဆားချက်ခြင်း

ဘလော့မှာ ရေးစရာ မရှိတဲ့အခါ - ဒါမှမဟုတ် ရေးဖို့ အချိန် မရှိတဲ့အခါ ဆားချက်တတ်ကြပါတယ်။ ဆားချက်နည်းကလည်း အမျိုးမျိုး ရှိသပေါ့လေ။ အဲသည် အထဲမှာ ပို့စ်အဟောင်းတွေကို ပြန်တင်တဲ့တနည်းကတော့ အလွယ်ဆုံးနည်းဖြစ်ပါတယ်...း)

ကျနော်လည်း အဲသည်နည်းကိုသုံးပြီး ဆားချက်လိုက်ပါတယ်။

ဖတ်ပြီးသူများ သည်းခံခွင့်လွှတ် ဖတ်ရှုနားဆင်သွားကြပါရန်...း)

ATN


ဘော့ဘ်မာလေရဲ့Jamming

ဒီနေ့တော့ ဘာရယ်လို့ မဟုတ် ကျနော် ကြိုက်တဲ့ ဘော့ဘ်မာလေရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Jammin' ကို တင်ပေးလိုက်ပါတယ်။

ဒီမှာ တချို့ မသိသေးတဲ့သူတွေကို ရှင်းပြချင်တာက သီချင်းခေါင်းစဉ်ဖြစ်တဲ့ jammning (jam or jam session) ဆိုတာက informal or freestyle performance by a group of rock or jazz musicians ပါ။ ဆိုလိုတာကတော့ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း မဟုတ်ပဲ Rock သို့မဟုတ် Jazz ဂီတသမားတွေ ကိုယ့်စိတ်ကြိုက် တီးခတ်ကြတာကို ပြောတာပါ။ ကြိုတင် ဘောင်ခတ်ထားတဲ့ သတ်မှတ်ချက်တွေ မရှိပဲ စိတ်လွတ်ကိုယ်လွတ် တီးခတ်ကြတာမျိုးပါ။ ကိုယ့် အစွမ်းရှိသမျှကိုလည်း ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ jam ဆိုတာက Rock နဲ့ Jazz အ၀န်းအ၀ိုင်းမှာတင် မကတော့ပါဘူး။ ဂီတပုံစံအားလုံးမှာ အကျုံးဝင်နေပါပြီ။

အဲဒီ jam ဆိုတဲ့ စကားလုံးက Jazz လောက-က လာတာပါ။ Jazz After Midnight ရဲ့ ရှေ့ဆုံးစကားလုံး ၃ ခုကို ပေါင်းထားတာပါ။ ဟိုးတုန်းက Jazz bar တွေမှာ ပုံမှန် သီချင်းတွေ ဆိုကြတီးကြပြီး ညသန်းခေါင် ကျော်လာပြီဆိုရင် မူးတဲ့လူတွေလည်း မူးကုန်ပြီ။ ပြန်တဲ့လူတွေလည်း ပြန်ကုန်ပြီ။ အတီးသမားတွေကတော့ နောက်ဆုံးပိတ်အနေနဲ့ရော practice လုပ်တဲ့အနေနဲ့ရော အပျော်အနေနဲ့ရော အစီအစဉ်မှာ မပါတဲ့ တီးခတ်မှုတခုနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။ အဲဒီမှာ အတီးသမားတွေ အားလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ကြီး တီးမှုတ်ကြလေရဲ့။ အဲဒါကို Jazz After Midnight လို့ ပြောကြပါတယ်။ အတိုကောက် ပြောတော့ Jam ပေါ့။

(ဒီသီချင်းမှာတွေ့ရတဲ့ Jah ကတော့ ယေဟိုဗာ-Jehovah ဆိုတဲ့ ဘုရားရဲ့အမည် အတိုကောက်ပါ။ ဟာလေလုယ- Hallelujah
ရဲ့ အဆုံးက Jah ပါ။ Mount Zion ကတော့ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့ဘေးက ကျမ်းစာမှာ ပါတဲ့ ဇိအုန်တောင်ပေါ့။)

ကျနော့်တဦးတည်းအနေနဲ့ ပြောရရင်တော့ ဘော့ဘ်မာလေရဲ့ ဂျဲင်မင်းက လွတ်လပ်မှု (သို့မဟုတ်) လွတ်မြောက်မှုကို သင်္ကေတပြု (Symbolize) ထားတယ်လို့ ယူဆပါတယ်။ စာသား (Lyrics)တွေကို ဖတ်ကြည့်ကြပေါ့ဗျာ။

ပြောရရင် ကျနော်လည်း jamming ချစ်သူတယောက်ပါ။ ဒါပေမယ့် တကယ့် ဘ၀ထဲမှာတော့ jam session တွေ သိပ်မရှိပါဘူးလေ။



Ooh, yeah! All right!
We're jammin':
I wanna jam it wid you.
We're jammin', jammin',
And I hope you like jammin', too.

Ain't no rules, ain't no vow, we can do it anyhow:
I'n 'I will see you through,
'Cos everyday we pay the price with a little sacrifice,
Jammin' till the jam is through.

We're jammin' -
To think that jammin' was a thing of the past;
We're jammin',
And I hope this jam is gonna last.

No bullet can stop us now, we neither beg nor we won't bow;
Neither can be bought nor sold.
We all defend the right; Jah - Jah children must unite:
Your life is worth much more than gold.

We're jammin' (jammin', jammin', jammin')
And we're jammin' in the name of the Lord;
We're jammin' (jammin', jammin', jammin'),
We're jammin' right straight from Yah.

Yeh! Holy Mount Zion;
Holy Mount Zion:
Jah sitteth in Mount Zion
And rules all creation.

Yeah, we're - we're jammin' (wotcha-wa),
Wotcha-wa-wa-wa, we're jammin' (wotcha-wa),
See, I wanna jam it wid you
We're jammin' (jammin', jammin', jammin')
I'm jammed: I hope you're jammin', too.

Jam's about my pride and truth I cannot hide
To keep you satisfied.
True love that now exist is the love I can't resist,
So jam by my side.

We're Jammin' (jammin', jammin', jammin'), yeah-eah-eah!
I wanna jam it wid you.
We're jammin', we're jammin', we're jammin', we're jammin',
We're jammin', we're jammin', we're jammin', we're jammin';
Hope you like jammin', too.
We're jammin', we're jammin' (jammin'),
We're jammin', we're jammin' (jammin').
I wanna (I wanna jam it wid you) - I wanna -
I wanna jam wid you now.
Jammin', jammin' (hope you like jammin' too).
Eh-eh! I hope you like jammin', I hope you like jammin',
'Cause (I wanna jam it wid you). I wanna ... wid you.
I like - I hope you - I hope you like jammin', too.
I wanna jam it;
I wanna jam it.