Apr 29, 2009

စလောင်းရွဲ့နေတဲ့ကဗျာ





















ဘုရားက အောက်
မျောက်က အထက်...
ဖြစ်ချင်တာတွေ ဖြစ်ပျက်နေတဲ့ ခေတ်ကြီးမှာ
ညည်းငြူမနေနဲ့တော့ ညီမလေးရေ့...

ဘ၀ကို ဘ၀လို မြင်ကွယ့်...
လူကို လူလို မြင်ကွယ့်...

သို့သော်လည်း
လူကို လူလို မမြင်နိုင်တဲ့
တိရိစ္ဆာန်တွေလည်း ရှိသတဲ့...
အမှတ်တရတွေက အမှတ်တမဲ့ ဖြစ်နေသတဲ့...
အမှတ်တမဲ့တွေက အမှတ်တရ ဖြစ်နေသတဲ့...
သမိုင်းမရှိတဲ့သူတွေက သမိုင်းအသစ်ကို ရေးနေသတဲ့..
သမိုင်းရေးနေသူတွေက သမိုင်းမရှိသူတွေ သတ်တာခံရသတဲ့...
နှပ်ချေးတွဲလောင်းနဲ့လူတွေက
စင်မြင့်တွေပေါ်မှာ လူတကာကို တရားချနေသတဲ့...
ငါ... တရားကျနေပါပြီ ညီမလေးရေ့...

အရေးမပါတွေက အရေးပါ
အရေးပါတာတွေက အရေးမပါ...
မေတ္တာသမားတွေက သစ္စာမဲ့သူဖြစ်
သစ္စာမသိသူတွေက မေတ္တာသမားတွေဖြစ်...
ငါလည်း... စိတ်ညစ်လှပါပြီကွယ်...

ခရီးသွားတွေထဲမလည်း
စဉ်းလဲသူတွေ ပါသပေါ့လေ...
လူတွေ လစ်ပြီဆိုရင် ခါးပိုက်နှိုက်ဖို့...
လူတွေ မစစ်ဆေးဖူးဆိုရင် လှေကြုံလိုက်ဖို့...
လွယ်ကူတယ်ဆိုရင် အရင်းမစိုက်ဖို့...
လွယ်ကူတယ်ဆိုရင် အချောင်နှိုက်ဖို့...
တတ်နိုင်ရင်
ကိုယ့်အလံတိုင်ကို ထင်သာမြင်သာနေရာမှာ အမြင့်ဆုံးလွှင့်ထူဖို့
မြင်မြင်ကရာ လူတကာကို တိုက်ခိုက်နေ...

ကောင်းပါလေရဲ့...
ကောင်းပါလေရဲ့...
အားလုံးကောင်းကြပါသည်ခင်ဗျား...
သည်အော်သံအဆုံးမှာ
အင်းစိန်ထောင်ရဲ့
နိဗ္ဗာန်တံခါးကြီး ပိတ်ခဲ့ပါပြီ...

ခုတော့
စိတ်ပျက်နေတဲ့ ငါ
ဘယ်ကိုသွားရပါ့မလဲ...

ATN

20 comments:

:P said...

ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ...။
စိတ်မပျက်ပါနဲ့လေ...စိတ်ဆိုးချင်ဆိုးလိုက်ပါ။
အားလုံး ချမ်းမြေ့ ပြေလည်ကြပါစေ....။

အဟိ...သေချာ မှာတဲ့ ကြားက ကဗျာကိုကဗျာလို
မဖတ်ပဲ လျှာရှည်မိပြန်ပြီ...။

Bino said...

I think that poem give me little negative effect.
In the our society, some are upside down. Not all.
As a poem, It's very nice any clear.
Thank you for your post.

Bino

ဆောင်းယွန်းလ said...

ကျနော်ကတော့ ဒီကဗျာကိုအရမ်းကြိုက်တယ်ဗျာ

လင်းနီကို said...

မိုက်တယ်..အကိုရေ...
လင်းနီကို

Moe Cho Thinn said...

အကို မီးဟပ်သွားတာလား။ ပူလိုက်တာ။ ငြှိမ်းလိုက်ပါအုံး အကို။

Kaung Kin Ko said...

ကဗျာလေးကြိုက်တယ် အစ်ကိုရာ

ကိုပေါ said...

စိတ်မပျက်ပါနဲ့ဗျာ။ ယုံကြည်ချက်မခိုင်မာသူဟာ တော်ရုံတန်ရုံ အခက်အခဲကိုလည်း စိတ်ပျက်တတ်သတဲ့။

“ယုံကြည်ချက်ခိုင်မာသူအဖို့ သူလိုသောအရာဟာ စကြ၀ဠာဟိုဖက်ကမ်းမှာရှိပြီး မီးကျီးခဲ ခင်းသောလမ်းကို နင်းလျှောက်ပြီး သွားရစေဦးတော့…. ထိုသူဟာ မငြီးမငြူ သွားလိမ့်မယ်တဲ့။ ပန်းတိုင်ကို ရောက်တဲ့အခါ ထိုလူရဲ့ ခြေဖ၀ါးကို မီးမကူးသည်ကို တွေ့ရမယ်တဲ့။”

(ဒုတိယစာပိုဒ်ဟာ နန္ဒသိန်းဇံစာအုပ်တအုပ်မှာ ဆရာပေါ်ဦးသက်က အဖုံးသရုပ်ဖော်ရင်း ဗုဒ္ဓရဲ ဆုံးမစကားကို ပြန်ရေးပေးတာပါ။ အတိအကျတော့ မမှတ်မိပါဘူး။ အဲဒီသဘောပါပဲ။)

ယုံကြည်ချက်မခိုင်မာသူအဖို့ ဘယ်အရာကိုမှလည်း ဖြစ်ဖြစ်မြောက်မြောက် ခရီးဆုံးတိုင်အောင် မလုပ်နိုင်ဘူးတဲ့။ အများအကျိုးဆောင်မယ်ဆိုတဲ့သူတွေ၊ တောင်ကြီးတွေကို ရွှေ့မယ်ဆိုတဲ့လူတွေဟာ ယုံကြည်ချက်မခိုင်မာတဲ့အခါ ခြတောင်ပို့ကိုပင် ရွှေ့ခြင်းငှာ မစွမ်းသာပါဘူး။

ကဗျာဖတ်ပြီး ၀င်လာတဲ့အတွေးတွေကို ချရေးလိုက်တာပါ။

နောက်တခုက သူငယ်နှပ်စား (နှပ်ချေးတွဲလောင်း)ပေမယ့် မဟောသဓာကို ကလေးသူငယ်မျိုးကို ခန့်ညားကြရပါတယ်။ ပညာရဲရင့် ပွဲလယ်တင့် ဆိုသလိုပေါ့။ အသက်အရွယ်ကိုသက်သက် ကြည့်ပြီး ဉာဏ်ပညာ၊ အရည်အချင်းကို ဆုံးဖြတ်တာဟာ မမှန်ကန်ရုံမက ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးလို့ ယူဆမိပါတယ်။ တချို့လူငယ်တွေဟာ ကျနော်တို့ထက် အရည်အချင်းများစွာ သာလွန်နေတာကို ကြိုက်ကြိုက်မကြိုက်ကြိုက် လက်ခံကြရမှာပါ။

ATN said...

ကိုယ်က ကဗျာတပုဒ် ရေးတယ်။ ကိုယ်ခံစားရသလို ရေးတာပါပဲ။ ခက်နေတာက အောင်သာငယ် ဘာရေးရေး ကိုပေါ ကွန်မန့်ပေးစရာ ဖြစ်နေတာက တိုက်ဆိုင်မှုလေလား။
ကဲ...
ကိုပေါရေ့... ညီလေးရေ့... အကို ဘာရေးရေး မင့်ကို ထိခိုက်နေတယ်လို့ မင်းထင်နေရင်တော့ သည်နေရာကပဲ တရားဝင် အကို တောင်းပန်လိုက်ပါရဲ့... အကို့ကို ခွင့်လွှတ်ပါ...
မင့်နဲ့ အကို့ကြား ကွဲလွဲတာတွေလည်း ရှိမပေါ့
အရာရာတိုင်းတော့ မတူညီနိုင်ပါဘူး
သို့သော်လည်း ကိုယ်ရေးတာကတော့ အကို့ ခံစားချက်တွေကိုပဲ ရေးနေတာပါ
မင့်အပါအ၀င် ဘယ်သူတစုံတဦးမှကို မရည်ရွယ်ပါဘူး
သည်တော့ အကို ပြောချင်တာကတော့ မင့်စကားတွေ မင့်ဘာသာ ခဏလောက် ပြန်သိမ်းထားပါညီလေး.. ဒါပဲ အကို ပြောချင်တယ်ကွာ... ။

Nyein Chan Aung said...

ဒီကဗျာတော့ တော်တော်ကို ကြိုက်တယ်ဗျာ။

Zephyr said...

အားလုံးကောင်းကြပါသည်ခင်များ ဆိုတာ ... ထောင်ထဲမှာ အော်ရတဲ့ .. All's well ထင်တယ် ...။
အဲဒါလေးကို ရန်အောင်မောင်မောင်ရေးတာဖတ်လိုက်ရတော့ ... စိတ်မကောင်းဖြစ်မိတယ် ...။
မတရားအချုပ်အနှောင်ခံနေရတဲ့လူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ ...။

ကိုပေါ said...

ကိုအောင်သာငယ်ရေ….

ကျနော်ကလည်း ကဗျာဖတ်သူတယောက်အနေနဲ့ ကဗျာအပေါ် ခံစားမိတဲ့အတိုင်း ယေဘူယျ ရေးလိုက်မိတာပါ။ ဒါတောင် ကျနော့်အာဘော်လုံးလုံး မဟုတ်သေးပါဘူး။ အကြောင်းအရာ တိုက်ဆိုင်လို့ သူများရေးတာလေးကို ပြန်မျှဝေတဲ့သဘောပဲ ရှိပါသေးတယ်။း-) ကျနော့်စကားကို ပြန်သိမ်းခိုင်းတာထက် ကျနော်ပြောတဲ့အထဲမှာ ဘယ်နေရာမှာ ဘယ်လို အမှားပါနေသလဲဆိုတာ ထောက်ပြပေးပါလားခင်ဗျာ။

ကျနော့်ကို ရည်ရွယ်ရေးတယ်လို့လည်း မယူဆပါဘူး။ ကျနော်ကလည်း အဲသည်လို ခံစားရတယ်လို့ မပြောမိသေးပါဘူး။

စိတ်မပူပါနဲ့ဗျိုး။ စာရေးသူဆိုတာ ကိုယ့်ခံစားချက်အလျောက် ဒီလိုပဲ လူတန်းစားတရပ်ရပ်ကို၊ အခြေအနေတရပ်ရပ်ကို ယေဘူယျ ရည်ညွှန်းရေးတတ်တယ် ဆိုတဲ့သဘောကို ကျနော်ကောင်းကောင်းကြီး သဘောပေါက်ပါတယ်ခင်ဗျာ။ ကျနော်ကိုယ်တိုင်လည်း အဲသည်လိုပဲ ရေးလေ့ရှိပါတယ်။

ဝင်ပြီး ကွန်မင့်ရေးမိတာကတော့ သိဘူးလေဗျာ။ “ဘယ်သူဘယ်ဝါ ကွန်မင့်မရေးရ” လို့ အကိုက အပေါ်မှာ စာတမ်း မထိုးထားတော့ ကျနော်ကလည်း အကို့ဘလော့ဂ်ကို ပုံမှန်လာဖတ်မိတဲ့အလျောက် စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်မိတော့တာပေါ့။ ဒါတောင်မှ အကိုကိုယ်တိုင်ရေးတဲ့ ကဗျာကို ကျနော်ကွန်မင့်ရေးတာဟာ (ကျနော် အမှတ်မမှားဘူးဆိုရင်) ဒီတခါ ပထမဆုံးအကြိမ်ပဲ ရှိသေးတယ်ထင်တယ်။ (အရင်က အကိုရေးတဲ့ ဆောင်းပါး တချို့မှာ ရေးခဲ့မိတာတော့ ရှိပါတယ်။) ဒါပေမယ့် “အောင်သာငယ် ဘာရေးရေး ကိုပေါ ကွန်မင့်ပေးစရာ ဖြစ်နေတာက…..” လို့ ပြောလောက်တဲ့အထိတော့ အကြိမ်အရေအတွက် မများသေးဘူးလို့ ထင်ပါတယ်။ ဆယ်ကြိမ်ထက် မပိုနိုင်သေးပါဘူး။

နောက်တချက်က အကို့တစ်ယောက်တည်းဆီမှာမှ ကျနော်ကွန်မင့်ရေးတာမဟုတ်ဘူးလေ။ အခြားဘလော့ဂ်တော်တော်များများမှာလည်း ကျနော်ကွန်မင့်တွေ ရေးနေတာပါ။

ဒီကဗျာမှာရေးခဲ့တဲ့ ကျနော်မှတ်ချက်ထဲမှာလည်း တဦးတယောက်ကို သီးသန့်ဆွဲထုတ် ရည်ညွှန်းပြီး ရေးမထားပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘော၊ ဒါမှမဟုတ် Class (လူတန်းစားတရပ်) တခုအနေနဲ့ပဲ ရည်ညွှန်းရေးပါတယ်။ အဲသည်လောက် ရေးတာတော့ ဘလော့ဂါတယောက်အနေနဲ့ အကိုလည်း ဘယ်လိုမှ စိတ်မရှိလောက်ဘူးလို့ပဲ ထင်မိပါတယ်။

အပေါ်က အကိုပြောတဲ့အထဲမှာ ကျနော်သဘောအကျဆုံး (ကျနော်လည်း မကြမကြာသုံးနေကျ) စကားလေးတခုပါတယ်။

“မင့်နဲ့ အကို့ကြား ကွဲလွဲတာတွေလည်း ရှိမပေါ့
အရာရာတိုင်းတော့ မတူညီနိုင်ပါဘူး”

မှန်တာပေါ့။ အရာရာတိုင်းမှာ ဘယ်တူညီနိုင်ကြပါ့မလဲ။ ကွဲလွဲတာတွေ ရှိမှာပေါ့။
အဲဒီကွဲလွဲချက်တွေ၊ မတူညီတဲ့အမြင်တွေကို တဖက်သက် ဖိနှိပ်ချုပ်ချယ်ဖို့ မကြိုးစားကြရင်ပဲ လုံလောက်ပါပြီ။ အဲဒါဆိုရင် ကမ္ဘာလောကကြီးက တော်တော်သာယာလာပါလိမ့်မယ်။

တခါတလေကျတော့ ကိုယ်နဲ့ မတူတဲ့အမြင်ကလေးတွေ၊ ကွန်မင့်ကလေးတွေကြောင့် ဘလော့ဂါရဲ့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူသားပီပီ အဲသည်လို ဖြစ်တာလည်း သဘာဝ ကျပါတယ်။ လူဆန်ပါတယ်။ ဒါပေမယ့် အကြာကြီး ပွေ့ဖက်မထားဘို့ပဲ လိုတာပါ။ အကိုတခါက ပြောဘူးသလိုပဲ….“ဘယ်လိုမှ နာကျင်စေမှာ မဟုတ်ဘူး” ဆိုတာလို မေ့မေ့ပျောက်ပျောက် ထားလိုက်ရင် ပြီးသွားပါလိမ့်မယ်။

ဒီတော့ ကျနော့်ကို တောင်းပန်စရာမလိုပါဘူးအကို…..။း-)

တဦးနဲ့တဦး အာဃာတ ထားနေစရာ အကြောင်းမရှိဘူးမဟုတ်လား။ လုပ်ရပ်ကို၊ အတွေးအခေါ်ကို ဝေဖန်တာမျိုးကတော့ မိတ်ဆွေတွေကြားထဲမှာလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်တာမျိုးတွေရှိပါတယ်။ အဲဒါမျိုးကို ပုဂ္ဂိုလ်ရေးမုန်းတီးလို့ပြောတာလို့ ဘေးလူတွေ ဘေးတီးပေးလည်း ဂရုမစိုက်မိဖို့ဘဲ လိုပါတယ်။

ဒူကဘာ said...

ကဗျာဖတ်ပြီး ထီးဆိုင်ရဲ့ ဟိုသီချင်းတောင် သွား သတိရသွားသေး ( ဆိုင်မလားပဲ )"အနည်ထိုင် ချိန်မှာ မင်းရောက်လာတာ" ပွဲဆူချိန်မှာ အသည်းခတ်မဲ့ ကဗျာကို ထုတ်သုံး လိုက်တာကိုးးးးးးးးး အဟေ ဟေ
လေရှည်မိပြန်ပြီ၊ ဒီကဗျာတော့ ကြိုက်တယ်ဗျာ။

မေ့သမီး said...

ကဗျာကို ကဗျာလိုလည်းဖတ်ပါတယ်။ ကိုယ်တိုင်မတွေ့ကြုံလိုက်ရတဲ့ အကြောင်းအရာတွေ အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲပြောပြော ဒီကဗျာလည်း ကြိုက်တာပဲ။

Anonymous said...

အဲ့ဒီ့ ကိုပေါဆိုတဲ့ လူကြီးကို နေရာတကာ တွေ့နေရတာ တော်တော်မျက်စိနောက်လာပြီး ပါလေရာငါးပိကောင်ကြီးပဲ

Anonymous said...

လေကုန်ရင်၊ကိုးကားစရာစာအုပ်တွေကုန်သွားရင်သူ့အလိုလို
ရပ်သွားပါလိမ့်မယ်။နဲနဲတော့အချိန်လေးပေးပြီးစောင့်ကြတာပေါ့..။

Anonymous said...

ကိုအောင်သာငယ်
လိုက်ဖွနေတဲ့လူတွေကို သတိထားပါ။
ကဗျာတွေဖတ်ပြီး ကဗျာတွေရေးပါ။
စာတွေဖတ်ပြီး စာတွေရေးပါ။
ဘ၀တွေကိုဖတ်ပြီး ဘ၀တွေကိုရေးပါ။
ခင်ဗျားမှာ မြင်တတ်တဲ့မျက်လုံး၊ စာနာတတ်တဲ့ နှလုံးသား၊ ဖန်တီးနိုင်တဲ့ ရသစွမ်းအားတွေ ရှိတယ်။
အဲဒါကိုသာ ပွားများနေပါဗျာ။
ခင်ဗျားရဲ့ ...
စာဖတ်သူ။

yehtutnaung said...

အကိုရေ ကဗျာကို လာဖတ်သွားပါတယ်ဗျာ။ ကျွန်တော်ကတော့ လူရွှင်တော်တွေ ပြက်လုံးထုတ်သလို "အဓိက က အဓိက ပါပဲ.."လို့  တောင်းဆိုချင်ပါတယ်ဗျာ။

Nge Naing said...

ကိုအောင်သာငယ်
လာဖတ်သွားပါတယ် စကားပြေပဲ ဖတ်လို့ နားလည်ပြီး ကဗျာဆိုတာ သိပ်နားမလည်ပေမယ့် အခု ဒီကဗျာကို နားလည်းလည်တယ်၊ သိပ်ကြိုက်တယ်။ ထပ်တူထပ်မျှခံစားသူတွေ အများကြီးရှိလိမ့်မယ်လို့လည်း ထင်တယ်။

မဆုမွန် said...

ဦးအောင်သာငယ်ရေ ကဗျာလေးကို ဖတ်သွားပါတယ်

အခု ကျွန်တော် စခုံဝစ်နားက Paoloဆေးရုံပြနေတယ် ဦး
ဈေးလဲ မဆိုးဘူး အင်္ဂလိပ်လိုလဲ ရတယ် အခု လက်ကို ပိုးကိုက်တာလို့ပြောပုံရတယ် ပိုးသတ်ဆေးတွေ ပေးလိုက်တယ် သွေးစစ်ရမယ် နောက်တစ်ပတ်ကျရင်လေ..အဆင်ပြေမှာပါ ဦးရေ စကားမပေါက်ရင် ငိုချင်တယ် တစ်ခါတစ်လေ.
.ရောဂါဆိုတော့လည်း လက်ညိုးထိုးရုံနဲ့လဲ မရဘူးလေ.
အကြံပေးတာ ကျေးဇူးတင်ပါတယ် ဦးရေ

mgngal said...

အိုးရော စလောင်းရော ရွဲ့ နေသလားလို့  ။ :)