Nov 30, 2009
အက်စ်တိုးရီးယား (၇)
အက်စ်တိုးရီးယားရဲ့
သည်ညနေမှာ
မင့်မျက်နှာ တခုလုံးကလည်း
မြူတွေဖုံးလို့ပါလား…
လူလုံးတောင် မသဲကွဲတော့ပြီ…
သည်ညနေမှာ
မင့်ဆိပ်ကမ်းကို မတော်တဆ ရောက်လာခဲ့တဲ့
ငါကလည်း မပြုံးနိုင်…
ငါ့နှလုံးသားကလည်း လေးလံလို့…
ကယ်လီဖိုးနီးယားကို မနက်ဖန် ခဏ
ငါ ပြန်သွားရဦးမှာကိုး…
အက်စ်တိုးရီးယားရဲ့…
မြူတွေ ကြားထဲမှာ ချမ်းနေတဲ့
မင့်ဆိပ်ကမ်းကနေ…
ပင်လယ်ဝကို
မသွားချင်သလို သွားချင်သလို
မျက်နှာ အိုအိုကြီးတွေနဲ့
ထွက်သွားနေကြတဲ့…
လေးတွဲ့တွဲ့ သင်္ဘောကြီးတွေကို ကြည့်မိတိုင်း
ငါ့ရင်ထဲမှာ လှိုင်းထ
အထီးကျန်ဆန်လှချည်ရဲ့လို့ တွေးနေမိ…
သူတို့တွေ လာတုန်းကလည်း တစီးထဲ…
ပြန်ထွက်သွားတော့လည်း တစီးထဲ…
ငါ့ဘ၀ကြီးလိုပါပဲလား
အက်စ်တိုးရီးယားရဲ့…
မင့်ဆိပ်ကမ်းအနားကို
ငါ့ခြေလှမ်များး ချမိတုန်းက ငါ တယောက်ထဲ…
ခု မင်းဆိပ်ကမ်းမှာ
ခြေလှမ်း ခွာတော့လည်း
ငါ တယောက်ထဲကိုး…
အက်စ်တိုးရီးယားရဲ့…
သည်သင်္ဘောကြီးတွေဟာ
ပင်လယ်ထဲမှာ
ဘယ်လို ၀န်တွေကိုများ သယ်ဆောင်ပြီး
ဘယ်လို အထီးကျန်စွာ
သွားလာနေခဲ့ကြရပါသလဲ…
ငါ့ အတွေးတွေကပဲ
နက်နေမိခဲ့လေသလား…
အက်စ်တိုးရီးယားရဲ့…
ငါ့ သယ်ဆောင်ထားရဲ့…
ဝန်တွေ…. ၀န်တွေ…
သက်တမ်းလွန်သွားလေတဲ့
အမှောင်ထဲ ကျွံကျနေခဲ့သော နေ့ရက်များ...
တကယ်တော့
ငါဟာ…
အမှောင်ဝန်တွေ
အလွန်အမင်း သယ်ဆောင်နေမိခဲ့သော
သင်္ဘောအိုကြီး တစီးပါ့…
ငါ့ ခရီးအဆုံး တဖက်ကမ်းကို
ရောက်စမ်းချင်လှပါပြီ…
အက်စ်တိုးရီးယားရေ့…
ဘယ်နေ့ ငါ ရောက်သွားမယ်
မင်း သိလေမလား…
ခုတော့
မင့်ဆိပ်ကမ်းကနေ
ငါ့ခြေလှမ်းတွေကို
ခဏလောက်တော့ ဆုတ်ခွာရပေဦးမယ်…
ကယ်လီဖိုးနီးယားကနေ
ငါ ပြန်ရောက်လာလေတဲ့အခါ
မင်းနဲ့ ငါ
စကား ပြောကြပါဦးစို့…
ATN
Subscribe to:
Post Comments (Atom)
2 comments:
ကိုကြီးရေ....
ဦးဦးဖျားဖျား ကဗျာအသစ်လေး လာဖတ်သွားတယ်...
အက်စ်တိုးရီးယားနဲ့ စကားပြောပြီးရင်
ရေးမဲ့ ကဗျာလေးကို မျှော်နေမယ်...
BDW...
ခင်လေးပြန်ရောက်နေပြီနော်...
(ခင်လေး)
အက်စတိုးရီးယားကိုလွမ်းတဲ့ ကဗျာလာမလား.။ ကယ်လဖိုးနီးယားရင်ခွင်ကိုပဲ တ နေမလား။ အဲဒါလေးကို သိချင်စမ်းပါဘိ။
Post a Comment