Sep 9, 2008

အမွေ



















တိမ်ကောခဲ့တယ်
သွေးကြော တချို့ .....

ကျောက်ဖြစ်ခဲ့တယ်
ဦးနှောက် တ၀က် .....

ကျိုးကျန်ခဲ့တယ်
တောင်ပံ တပိုင်း....

နံရံဟိုတဖက်မှာတော့
နဂိုရ်အတိုင်းရှိနေသေးတာ
သေဆုံးမသွားနိုင်တဲ့
နှလုံးသားတခု
မေတ္တာကို ပြုစုမလို့ဆိုပဲ ....

ATN

7 comments:

မောင်မျိုး said...

နံရံဟိုတဖက်u
သေဆုံးမသွားနိုင်တဲ့
နှလုံးသားတခု ပုံထဲမှာ သေသေချာချာ ရှာသွားတယ် အန်ကယ်း)

ကောင်းကင်ကို said...

နှလုံးသား တစ်ခုလုံးနဲ့ ကဗျာကို ခံစားသွားတယ်အစ်ကို။

thorn musem said...

သက်ပြင်းတော့ ချနိုင်ပါသေးရဲ့ ...
ကျောက်ဖြစ်ရုပ်ကြွင်း....မဖြစ်မှီ..။
......
.......
နက်တယ် ..ကိုအောင်သာရေ..။

ပန်းခရမ်းပြာ said...

>>နှလုံးသားတခု
>>မေတ္တာကို ပြုစုမလို့ဆိုပဲ ..
နှလုံးသားနဲ့ မေတ္တာ က အမြဲတွဲလျှက်ပါပဲ။

Moe Cho Thinn said...

အဲဒီ နှလုံးသားမှာ ဘာဒဏ်ရာ ဒဏ်ချက် မှ မတင်ကျန်ခဲ့ဘဲ မေတ္တာချည်းသက်သက် ပြုစုနိုင်ပါစေ..

ကောင်းကင်ကို said...

လာလည်တယ် အစ်ကိုး-)

အောင်သာငယ် said...

တူမောင်မျိုး - ကွန်မန့်အတွက် ကျေးဇူး။
ညီလေးကောင်းကင်ကို - နှလုံးချင်းတူနေကြပြီထင်ပါ့။
ကိုသစ်နက်ဆူး - ကျနော်ကတော့ သက်ပြင်းကို မချရဲသေးဘူး။
ပန်းခရမ်းပြာ - နှလုံးသားနဲ့မေတ္တာ တွဲလျက်ရှိနေပါသေးတယ်။
ညီမငယ်ချိုသင်း - ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။