Nov 21, 2008

စိမ်းလဲ့ရီဝေ

ယိမ်းနွဲ့ညီ...
အရှေ့တောအုပ်... အပျိုမ ပါးဆီ...
အနမ်းငှက်တို့... ဂုဏ်ပြုမိုးနဲ့အတူ...
စည်းချက်... လေနုအေး... ကျီစယ်ချိန်...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံးဖွင့်...
ပစ္စုပ္ပန်... လွင်ပြင်ထဲမှာ... ကံတရား... အိပ်မက်နေစဉ်...
စိတ်ဓါတ်စေ... ရွက်လွှင့်မယ်မေ...

ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

တိမ်းခဲ့ပြီ...
မုသားစကား... အနောက် မြှားတပ်ညီ...
တမ်းတမြစ်... တောင်လို... နက်ရှိုင်းနေ...
ကြိုးလျော့တေး... ခြောက်သွေ့... အနိုင်ယူချိန်...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံး... ဖွင့်ကာလေ...
အနာဂတ်... တိမ်လွှာထဲမှာ... ကံတရား... ချုပ်ငြိမ်းရင်လေ...
အတိတ်ကနေ... သတိရမယ်မေ...

စိုပြေခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
စိုပြေခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

စိမ်းလဲ့ရည်...
နှုတ်ခွန်းထက်... ပုံရိပ်...နွမ်းပြီ...
လွမ်းချက်က... ရင်မှာ... အုပ်ဖွဲ့... ပျံ...
မမုန်းခင်က... အချစ်တော့... ပြန်ချေ... မေ...

အလင်း... တံခါးဟာ...
ဘ၀ထဲမှာ... အသာယာဆုံး... ဖွင့်ကာလေ...
အတွေးများ... ရင်ခွင်ထဲမှာ... နိမိတ်ဟောင်း... ချို... ခဲ့ရင်လေ...
အရိပ်မဲ့လမ်းမှာ... တို့... ရှိမယ်... မေ...

ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...
စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...

စိတ်ကြည်လင်တဲ့ တနေ့မှာ
ရှုံးနိမ့်ခြင်းကို အောင်မြင်ခြင်းနဲ့ ထေလိုက်တယ် - လို့ ခင်ဝမ်းက သူ့ သီချင်း တပုဒ်ထဲမှာ ဆိုခဲ့ဖူးရဲ့...

ကျနော်ကတော့ စိတ်မကြည်လင်တဲ့ နေ့တွေမှာ သီချင်းတွေ နားထောင်တယ်။ (အော်ဟစ်ပြီး) သီချင်းတွေ ဆိုတယ် ။ ကဗျာတွေ ဖတ်တယ်။ ကဗျာတွေ စပ်တယ်။ သို့သော်လည်း ကျနော် နားထောင်တဲ့ သီချင်းတွေ ထဲမှာ တချို့သီချင်းတွေက ကဗျာတွေနဲ့ တူတယ်။ အဲလို သီချင်းတွေ ထဲမှာ မင်းဒသ-ရေးခဲ့ပြီး ဖိုးချို-ဆိုခဲ့တဲ့- စိမ်းလဲ့ရီဝေ- လည်း တပုဒ် အပါအ၀င်ပေါ့။

အဲ သီချင်းကို ကဗျာတပုဒ်လို ကျနော် ဖတ်တယ်။ နားထောင်တယ်။
အားလုံးကို တိုက်တွန်းချင်တာကတော့ စာသားတွေကို ၂ ခေါက် ၃ ခေါက်လောက် ဖတ်ကြည့်ပါ။
ပြီးရင် သီချင်းကို အခေါက်ခေါက် အခါခါ နားထောင် ကြည့်ပါ။
ရင်ထဲကို တခုခု မရောက်လာရင် ... ကျနော့်ကို ပြော ...

(သီချင်းကို တင်ပေးဖို့ ခက်ခဲနေတာနဲ့ Ulead Video Studio နဲ့ MPEG File တခု လုပ်ပြီး တင်ပေးလိုက်ပါတယ်။ Video ကတော့ Vista က video file တခုကို လျှောက်ကလိထားတာပါ။
video ကို မကြည့်ကြပါနဲ့ - သီချင်းပဲ နားထောင်ကြပေါ့။)

6 comments:

Anonymous said...

သေခြာကို အကြည်ဓါတ်သွင်းပြီး လုပ်ဆောင်တာဆိုတော့ ရင်ဘတ်နဲ့ ထပ်တူပြုခံစားသွားပါတယ်။

mama said...

၃ ခေါက် ဖတ်လိုက်ပါတယ်...
အရိပ်မဲ့ လမ်းရောက်နေတယ် လို့ ထင်တိုင်းလဲ လာဖတ်ပါ့မယ်.....း)

ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...
ညီညွတ်ခြင်း ရာသီနဲ့အတူ... မြင်ရပြီ... စိမ်းလဲ့ရီဝေ...

စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...
စိုပြေခြင်း ရာသီနဲ့အတူ... ရင်ထဲမှာ... စိမ်းလဲ့ရီဝေ...

tututha said...

ပန်းချီဆိုတာ တိတ်ဆိတ်တဲ့ကဗျာ ... ကဗျာဆိုတာ စကားပြောတဲ့ ရုပ်ပုံ တဲ့ ဘယ်သူပြောခဲ့မှန်းမသိဘဲ မှတ်သားခဲ့ဖူးတာပါ ... အစ်ကိုကြီးရေ ... သေချာလည်း ဖတ်တယ် နားလည်ထောင်တယ် ... နှလုံးသားညွတ်နူးအောင် စကားပြောနေသလို ခံစားရပါတယ် ...။

M.Y. said...

ကိုအောင်သာငယ်
်အရမ်းကြိုက်ခဲ့တဲ့ စိမ်းလဲ့ရည်ဝေ ကိုလွမ်းလွမ်းဆွတ်ဆွတ်ပြန်နားထောင်သွားတယ်။
အမ်ပီသရီးနဲ့ များရှိရင်လိုချင်သား။

M.Y. said...

အဲဒါညို့ မျက်ဝန်း စီးရီးထဲကနော်..
ပိုင်စိုးမှုဧကရီ၊ အခွေ နဲ့ ငြိမ်းချမ်းရေးသံစဉ်အခွေတွေ ပြီးတော့ထွက်လာတာမှတ်မိနေတယ်။
ဖိုးချို အသံက ကျွန်တော်တို့ ရင်ခုန်သံတွေကို ကြည်လင်ပီသစွာကိုယ်စားပြုခဲ့တာမှတ်မိနေတယ်။

ATN said...

ဒူကဘာ - ရင်ဘတ်နဲ့ ထပ်တူပြု ခံစားသွားတာ ကျေးဇူးပါဗျာ။
မမ - ဖတ်တာ ကျေးဇူးပါ။
မတူး - ကဗျာဆန်တဲ့ သီချင်းတပုဒ်ကတော့
ပန်းချီတကား၊ စကားလုံးတထောင်...လို့ ပြောရမလား...
ကိုမောင်ရင် - မေးလ်ထဲ ပို့ပေးမယ်။ ခံစားချက်တွေကတော့ အတူတူပဲလေဗျာ... တခေတ်ထဲ ဖြတ်လျှောက်လာကြတာဆိုတော့ ....