Nov 19, 2008

ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး

ဒီနေ့ ကျနော် အလုပ်က စောစောပြန်လာတယ်။ သားတယောက်ကို နှစ်စဉ် medical check-up အတွက် ဆေးခန်း သွားပို့ပေးရမှာမို့။ ထမင်းစားနေရင်းနဲ့ အွန်လိုင်းခဏလေး တက်လိုက်တယ်။ ဂျီမေးလ်ထဲမှာ မခင်မင်းဇော် - အကောင့်မှာ message တခု တွေ့လိုက်ရတယ်။ ရင်ထဲမှာ -ဒုံး- ကနဲ ဖြစ်သွား....
ကျောင်းသားတပ်မတော်က ဘလော်ဂါ ကိုဖိုးဇေ တယောက် ဆုံးရှာပြီ..

ဘယ်လိုဖြစ်ကုန်တာလဲ။ ရုတ်တရက်ကြီး။ မခင်မင်းဇော်ကို အဖြစ်အပျက်တွေ လှမ်းမေးရင်း ကျနော့် ရင်ထဲမှာ ကြေကွဲနေမိတယ်။
----------
ကျောင်းသားတပ်မတော်မှာ ကျနော် ရှိနေခဲ့စဉ် အချိန်ကာလများမှာ ဒေါင်းအိုးဝေ စာမျက်နှာတွေပေါ်က စာရေးသူတွေ ကဗျာဆရာတွေကို ကျနော်က လူချင်း တော်တော့ကို တွေ့ချင်ခဲ့တာပါ။ ကျနော် လူချင်းတွေ့ချင်တဲ့သူတွေထဲမှာ နှင်းခါးမိုး၊ တိုက်မောင်း၊ ထက်မိုးနဲ့ ပွင့်သစ် (ကရိန်ကန်) လို့ ခေါ်ကြတဲ့ ကိုဖိုးဇေလည်း ပါတာပေါ့။ သူတို့ စာတွေကို ဖတ်ရတယ်။ သူတို့ ကဗျာတွေကို ဖတ်ရတယ်။ သူတို့ နှလုံးသားတွေကို ကျနော် ဆုပ်ကိုင်လို့ရတယ်။ သူတို့ အိပ်မက်တွေက ကျနော့် အိပ်မက်တွေနဲ့ ထပ်တူကျတယ်။ သူတို့ အားမာန်တွေက ကျနော့် သွေးကြောတွေထဲ စီးဆင်းတယ်။ သူတို့ ရှူတဲ့လေတွေက ကျနော့် အဆုပ်ထဲမှာ အပြည့်။ မှန်ထဲမှာ - သို့မဟုတ် - ရေပြင်တခုမှာ ကျနော့်ကိုယ် ကျနော် ပြန်ကြည့်ရင် သူတို့ မျက်နှာတွေကို ကျနော် မြင်နေရတယ်။ သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် အခြေအနေ၊ အချိန်ကာလနဲ့ နေရာဒေသတွေက လူတွေကို တွေ့ဆုံခွင့် မပေးခဲ့ဘူး။
----------
အဲသည်လူတွေထဲမှာ ကျနော် ပထမဆုံး တွေ့ချင်တာက
နှင်းခါးမိုး။ ဒေါင်းအိုးဝေ၊ အတွဲ-၂၊ အမှတ်-၂၊ နိုဝင်ဘာ၊ ၁၉၉၀-မှာ ပါခဲ့တဲ့

”အမှန်တရားအတွက် အသက်စွန့်ခဲ့တာမှာ
ကျနော်ဟာ အရင်ဆုံးလည်း မဟုတ်သလို
နောက်ဆုံးလည်း မဟုတ်ပါဘူး အဖေ”တဲ့...
အဲဒီ စာတစောင်ကို ဖတ်ရင်း
ဝိညာဉ်ရဲ့ တင်းနေတဲ့ကြိုးတွေအပေါ်
ငါ့ ဘ၀ကို တင်ခဲ့တာပေါ့..

-ဆိုတဲ့ သူ့ရဲ့ ကဗျာကို ဖတ်ပြီး သူ့ကို ကျနော် အရမ်းတွေ့ချင်ခဲ့တာပေါ့။ သူ့ဝိညာဉ်တင်းခဲ့တဲ့ ကြိုးတွေပေါ်ကို ကျနော့် ဘ၀ကိုလည်း အတူတူ တင်ခဲ့တာပေါ့။ ခုတော့ သူက နော်ဝေမှာ။
----------
နောက်တယောက်ကတော့ ကိုတိုက်မောင်း။ ဒေါင်းအိုးဝေတိုင်းမှာ သူ့ကဗျာတွေ ပါတယ်။ သူ့ကဗျာတွေက အားကောင်းမောင်းသန်။ ဆူဆူညံညံ၊ ထန်ထန်မာမာ၊ ပေါက်ပေါက်ကွဲကွဲ၊၊ ရဲရဲရင့်ရင့်။ သည်လိုနဲ့ တောအုပ်ခင်ညိုထဲမှာ ဒေါင်းအိုးဝေကတဆင့် ကိုတိုက်မောင်းရဲ့ မခင်သီကို ကျနော် ရင်းနှီးခဲ့ရတယ်။ အဲသလိုပဲ သူ့ရဲ့ - ပုရစ်တွေ-ဆိုရင် ကျနော် အတော် နှစ်ခြိုက် သဘောကျခဲ့တဲ့ ကဗျာပေါ့။ (သူက တိုက်မောင်း၊ ကေကေးဇံ၊ ရဲထိန် - စတဲ့ ကလောင်တွေနဲ့ ကဗျာတွေ ရေးတယ်)

ပုရစ်တွေ

အသံနဲ့ပျော်
ပုရစ်တွေ အော်ကာစဲ။

လူ့အကျိုး သူမဖြည့်နိုင်ဘု။
ဟိုရွှေ့ထိုင် ဒီခုန်ကူးနဲ့
ကြည်နူးကာ သံကုန်ဟဲတော့
နားညည်းတဲ့ပွဲ။ ။

(ကမ္ဘာတ၀ှန်းလုံးရှိ အာသမားများအတွက်
တိုက်ရိုက်ရည်ညွန်းသည်။)

ရဲထိန်

၂၈/၁၂/၈၈ တောင်ကုန်း အမှတ် ၃

သည်လိုနဲ့ ၁၉၉၅ ဧပြီလ-၂၆ ရက်နေ့မှာ တောအုပ်ခင်ညိုထဲမှာပဲ ကိုတိုက်မောင်း ကျဆုံးသွားခဲ့တယ်။ ကျနော် တွေ့ချင်ခဲ့တဲ့ ကျောင်းသားတပ်မတော်က တပ်ရင်းမှူးကောင်းတယောက်၊ ခေါင်းဆောင်ကောင်းတယောက်၊ ကဗျာဆရာကောင်းတယောက် ကျနော် မတွေ့လိုက်ရတော့ဘူး။
----------
နောက်တယောက်ကတော့ ကိုထက်မိုး။ သူ့ကိုတော့ ပတ်သက်ရာ ပတ်သက်ကြောင်းမို့လို့ လူချင်း မတွေ့ခဲ့ဖူးပေမင့် လူကို သိနေတယ်။ ပြီးတော့ နှင်းခါးမိုး နောက်ပြီး ပြောပြောနေတဲ့ - ဗမာပြည်က မိုးကြီး-၃ မိုး (ဆရာတင်မိုး၊ နှင်းခါးမိုး၊ ထက်မိုး) ဆိုတဲ့ အထဲက တတိယမြောက် မိုး - မို့လို့လည်း သူ့ကို လူချင်းတွေ့ချင်နေတာ။

ပြီးတော့ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး)နယ်မြေထဲမှာ သူရှိနေတုန်း ကျနော့်ဆီ စာတိုလေးတွေ ပို့ပြီး သူ ဆက်လာခဲ့တယ်။ အချိန်ရရင် အခွင့်အရေးရရင် လူချင်းတွေ့ချင်ကြောင်း။ သည့်တိုင်အောင် ကလလတနယ်ထဲ ကျနော် ရောက်သွားခဲ့တော့လည်း အခွင့်အရေး အခြေအနေမပေးလို့ လူချင်း မတွေ့ခဲ့လိုက်ရ။ သို့သော်လည်း သူ့ကဗျာတွေကိုတော့ မကြာခဏဆိုသလို ဖတ်နေရ။ တပုဒ် ဖတ်ရတိုင်းလည်း တပုဒ် ကြိုက်ခဲ့ရ။ နောက်တော့ ၂၀၀၄ အကျော်မှာ သူ့ သတင်းကို ကျနော်ကြားရ။ တောအုပ်ညိုမဲရဲ့ အနက်ရှိုင်းဆုံးထဲ သူ့ရဲ့ နောက်ဆုံးစာမျက်နှာကို ထည့်သွားခဲ့။ သူ့ကို လူချင်းတွေ့ဖို့ အခွင့်အရေး - ကျနော့်မှာ ရာသက်ပန် မဲ့သွားခဲ့။
----------
သည်လိုနဲ့ ကျနော် ဘလော့ စရေးတယ်။ ၂၀၀၇ ဒီဇင်ဘာမှာ။ ဘလော့ရေးရင်းနဲ့မှ ကျနော် တွေ့ချင်နေခဲ့တဲ့ ပွင့်သစ် (ကရိန်ကန်)ကို ဘလော့ စာမျက်နှာတွေမှာ ပြန်တွေ့ရတယ်။ ကိုဖိုးဇေ ဆိုပြီး။ ကဗျာတွေ ဖတ်ရတယ်၊ စာတွေ ဖတ်ရတယ်။ ကျနော် ၀မ်းသာခဲ့သပေါ့။ သို့သော်လည်း လူချင်းတွေ့ဖို့ကတော့ ဝေလာဝေးပါ့။ အိုး... ဘာပဲဖြစ်ဖြစ် တနေ့နေ့ပေါ့.. တွေ့ကို တွေ့ရမှာပဲ... စိတ်ထဲမှာ အဲလို ယုံကြည်နေတုန်း....

ဗြုန်း... ဆို သတင်းဆိုးကြီး ကျနော် ကြားလိုက်ရတယ်...

ပွင့်သစ်ရေ့...ကိုဖိုးဇေရေ့...ဂုရုရေ့... ခင်ဗျားကို ကျနော် မတွေ့ဖူးရပါပဲနဲ့ ကျနော့်မှာ လွမ်းဆွတ်နေရပါပေါ့။

အခုတော့ ကျနော် ဘယ်သူ့ကိုမှ မတွေ့ချင်တော့ပါဘူး။
အခုတော့ ကျနော်တွေ့ချင်ခဲ့တဲ့သူတွေအားလုံးကို
ဘယ်သူ့ကိုမှ ကျနော် မတွေ့ချင်တော့ဘူးဗျာ။

14 comments:

ဒူကဘာ said...

ခေတ်ကြီးကိုမှ မတရားတာပါ လူကောင်းတွေ ဇီဝိန်ချုပ် စောရတာ များနေ သလားပေါ့၊ ဘာမှ မလုပ်တတ်တော့ ထပ်တူ ကြေကွဲတာကလွဲလို့ ညံ့တယ်ဘဲပြောပြော အညတရ သူရဲကောင်းတွေ အတွက် အလေးတော့ တခုတ်တရ ပြုမိလိုက်တယ် ... ဒူကဘာ

pandora said...

ဝမ်းနည်းတယ်.. တခုခုကို စိတ်နာမိတယ်။

Ko Paw said...

ကိုအောင်သာငယ်လိုပါဘဲ။ ကျနော်လည်း သူ့စာတွေကတဆင့် ခင်မင်ခဲ့ရပြီး ကဖိုးဇေနဲ့ လူကိုယ်တိုင်တွေ့ဖူးချင်ခဲ့တာပါ။ ထိုင်းကို ရောက်ရင် သူနဲ့ တွေ့ဖို့ ရည်ရွယ်ချက်ရှိတယ်။ အခုတော့…. ကိုယ့်ဖက်က လူတွေကတော့ တဖြုတ်ဖြုတ်ဘဲကွာ….လို့ ပြောရလောက်အောင် ကျနော်တို့မှာ အဆုံးအရှုံးကြီးမားလှပါတယ်။

ကောင်းကင်ကို said...

ဝမ်းနည်းစရာဗျာ။း-(

A'karikz Yannaing said...

harr, what went wrong, ko Aung K?
i was going to write to him.
i didn't know Ko Pho Zay is Guru.

his very first short-story that i read is called
"MAY MAY YAY THARR HLA HLA PA PA PHAR POVT". beautiful homesick writing!

you can ask SONESEAYAR to publush his works, i think.

BTW, ko Hnin Khar Moe ka 207 ka larr bya?

aye byar ta york twarr pyan pe!

A HISTORIC SALUTE TO THEM

Guru yay,
REST IN PEACE!
REST IN FREEDOM!
REST IN THE HISTORY!!!

A'karikz Yannaing said...

ABSDF
As a co-founder of ABSDF( ALL BURMA STUDENTS' DEMOCRATIC FRONT) I'd like to post this old one on its 20th birthday, 01/11/2008 because i don't have latest poem. It's called THE REVOLUTION RIVER. A SALUTE To All My Comrades Who Has Died And Who Are Sitll Struggling On Our Mainvein!!! KEEP FIGHTING!

THE REVOLUTION RIVER

Under the moonlight
Wild wide river running slide
There's temporary guerrilla camp
On the bushy river bank
A medic's busy at the clinic
The student warrior's ready to give birth
BIRTH- the accidental art of two lovers
THE BABY- the original part of new-comer
Dear the great freedom fighter,
Tonight, you have become my father
Tonight, she has become my mother
I know you have died at the front fine
Now she looks at me with tearful eyes
She cheers me up with a painful smiles
She gives you historic respectful salute
She promises you to keep fight for the truth
She said to me "You must travel, You must struggle"
"You must complete this juorney, You must gain the exact victory"
Dear Dad,
No funeral for you yet
No birth-ceremony for me yet
Until we are completely liberated
The river must go ahead
I WILL!!!

A'karikz Yannaing
THE SECOND SECOND

this one is my salute to GURU. from ayannaing.blogspot.com

တောင်ပေါ်သား said...

အကိုရေ ထပ်တူဝမ်းနည်းမိပါတယ်ဗျာ

Moe Cho Thinn said...

မမြင်ဖူး မသိဖူးပေမဲ့ စိတ်ထိခိုက်မိပါတယ် အကို။

လင်းထက် said...

တိုင်းပြည် အတွက် သားကောင်းတစ်ဦး ကြွေလွင့် ခဲ့ရတဲ့ အတွက် ဝမ်းနည်း စွာ ဦးညွတ် အလေးပြု ပါတယ် ဗျာ....။

A'karikz Yannaing said...

ko aung K,
i dumped this poem at
your post about ko myo aung naing too!
sorry byar, if this is a mess on your page!


65 LIGHT-YEARS CHALLENGE

We don’t care of milky ways patrol
We don’t care of galaxy prison
We don’t care of sun-born troops
We don’t care of ironic abyss rules
We don’t care; we--just--don’t--care!!!

We are the truth-guiders of Burma
We are the patriotic burning stars
We are fighting to torch up the future
To build a new universe today & tomorrow
And to kick the Junta down into black holes!!!

FREE ALL THE POLITICAL PRISONERS RIGHT NOW!!!
A’karikz Yannaing
THE SECOND SECOND
ayannaing.blogspot.com

အိုင်လွယ်ပန် said...

ဖြစ်တာတော့ဖြစ်သွားခဲ့ပြီ အစ်ကိုရေ...
အစ်ကို့ခံစားချက်ကို ပြန်ခံစားကြည့်လိုက်တယ်....
္နှနှလုံးသား ကိုအညှစ်ခံထားရသလိုပဲ....
ဆိုးတယ်.....

ကိုအောင်(ပျူနိုင်ငံ) said...

အရမ်းကို စိတ်ထိခိုက်မိပါတယ် အကိုကြီးရေ။

တေးမွန် (ah nai) said...

ကိုအောင်သားငယ်..
ကျွန်တော်သူကို မသိဘူး။ ဒါပေမယ့် ကျွန်တော် ချစ်ခင်တဲ့လူတွေထဲကဆိုတော့ အသိတစ်ယောက် ကွယ်လွန်သွားသလိုခံစားရတယ်။ သူရေးတဲ့ တောထွက်တဲ့ဆောင်းပါတော့ဖတ်ပြီးကြိုက်ဖူးတယ်။ သူမှန်းမသိခဲ့ဘူး။


ပုရစ်တွေ ကဗျာကိုကြိုက်လို့  ပြန်ပြီးတင်ချင်တယ်။

အောင်သာငယ် said...

ကွန်မန့်ရေးသွားကြတဲ့ ဒူကဘာ၊ မပန်၊ ကိုပေါ၊ ညီငယ် ကောင်းကင်ကို၊ ဧကရာဇ်ရန်နိုင်၊ တောင်ပေါ်သား၊ ညီမ ချိုသင်း၊ ညီငယ် လင်းထက်၊ ညီငယ် အိုင်လွယ်ပန်၊ ညီငယ် ကိုအောင်၊ ညီငယ် တေးမွန် - အားလုံးကို ကျေးဇူးပါ။

A'karikz Yannaing - Don't be sorry. This is not a mess, but a compliment. And thanks a lot for your poem. It is very encouraging.