Jan 1, 2009

တက်ဂ်လို့ရေးတဲ့စာ-၅

ရေးချင်တာတွေက... များလွန်းလို့... ဘာရေးရမှန်း... မသိရတဲ့... ကြားထဲမှာ... ခရစ်စမတ်ရယ်... နှစ်သစ်ကူးရယ်... ကလည်း... ဆက်တိုက်ဖြစ်နေတော့... စာရေးတဲ့ ဆီတောင်... သိပ် မရောက်နိုင်ဘူး...။ ဟိုအိမ် ပြေး... နှုတ်ဆက် လိုက်... သည်အိမ် ပြေး... နှုတ်ဆက် လိုက်နဲ့... တမျိုး...၊ ဟို သူငယ်ချင်း... ဖုန်းခေါ်... သည် သူငယ်ချင်း... ဖုန်းခေါ်... နှုတ်ဆက် ရတာက... တမျိုး...၊ ဂျီချက်ကနေ... နှုတ်ဆက်ရတာက... တမျိုးနဲ့... ခရစ်စမတ် ရက်ထဲမလည်း... စာ သိပ် မရေးဖြစ်ပါဘူး...။

သည်ကြားထဲ... လက်ရှိလုပ်နေတဲ့... အလုပ်ကလည်း... ၇ ရက်လည်း... လုပ်နေရ သေးတယ်...။ ခရစ်စမတ် တောင်... နားရက် မပေးနိုင်ဘူး... ဆိုတော့... အလုပ်က... ထွက်ပစ်လိုက်တယ်... အေးရော...။ ခုတော့... အိမ်မှာ... ဗကေးရှင်း... ရနေတုန်း... နှစ်သစ် မကူးခင်... စာရေးမလား... စဉ်းစားမိတာလည်း... ဟိုလုပ်... သည်လုပ်နဲ့... ဘာမှ မရေး ဖြစ်ဘူး...။ သည်ကြားထဲ... mirror က Tag လာလို့... သူ့အတွက်... တပုဒ်... ရေးပေး လိုက်သေးတယ်...။ ကိုယ့်ဘာသာကိုယ်ကတော့... ကဗျာ ၂ ပုဒ်လားပဲ... ရေးဖြစ်တယ်...။ ဒါလည်း... စိတ်ထဲ... ရောက်လာတဲ့... တိမ်တွေ...ဟိုတငွေ့... သည်တစ... ဆွဲချမိ တာပါပဲ...။

ခုတခါ... လာပြန်ပါပြီ... တူမောင်မျိုးက...Tag ထားတယ်... ရေးပေးပါဦး... အန်ကယ် အောင်... တဲ့... မနှစ်ရဲ့ နောက်ဆုံးညက... ဘာလုပ်ခဲ့သလဲ... ဆိုပဲ...။ လတ်တလော ကတော့... အိပ်ရေး မ၀သေးလို့... ရေးပေးမယ်... အရင် အိပ်လိုက်ဦးမယ်... ဆိုပြီး... ပြန်အိပ်လိုက်တာ... နိုးလာတော့...နေ့လည် တနာရီ ကျော်နေပြီ...။ ဟိုလှည့်... သည်လှည့်နဲ့ပဲ... ညနေက စောင်းသွားတော့တယ်...။ ခုတော့... ကမန်းကတမ်း... ရေးပေး လိုက်ပါပြီ...။

ဒီဇင်ဘာ ၃၁ ရက်ဆို... လူအားလုံး... လှုပ်လှုပ်ရွရွ... ဖြစ်နေကြပြီ... ။ မနက်ကတည်းက... စားဖို့ သောက်ဖို့တွေ... ပြင်ဆင်ချက်ပြုတ်... ညဖက်မှာ... နှစ်သစ်ကို... စောင့်ကြိုဖို့... Happy New Year... ၀ိုင်းပြီး အော်ကြဖို့... ။ နေ့လည်ဖက်ကတော့...သူငယ်ချင်းတွေက... ဖုန်းနဲ့လှမ်းခေါ်ပြီး... celebrate... စုလုပ်ကြမယ်... ပြောပါတယ်...။ ခုရက်ထဲ တော့... အိမ်ကနေ... ဘယ်မှ... မသွားချင်တာနဲ့... မလာတော့ဘူး လို့ပဲ... ပြောလိုက် မိတယ်...။ သူတို့ကလည်း... အခြေအနေကို... သိနေလို့လား... မသိ... ဘာမှ ထပ်ပြောမနေကြ တော့ပါ ဘူးလေ...။ အိမ်မှာကလည်း... ဘာမှ အထူးအထွေ... ချက်ပြုတ် ထားတာ...မဟုတ်တော့... ဘယ် သူငယ်ချင်း ကိုမှလည်း...အိမ်ကို လာဖို့... မခေါ်မိတော့ပါဘူး...။

သည်လိုနဲ့... ညနေရောက်တော့... အပြင်ထွက်ပြီး... ၀ိုင်ဖြူတလုံး... သွားဝယ် လာခဲ့တယ်...။ ရှမ်ပိန်တော့... အစက... ၀ယ်ဦးမလို့ပါပဲ...။ ဈေးတွေ ကြည့်ပြီး... မ၀ယ်ဖြစ်တော့ဘူး...။ ကြိုက်တဲ့... ၀ိုင်ဖြူတလုံးပဲ... ဆွဲချ လာခဲ့တယ်...။ အိမ်ရောက်တော့... fridge ထဲထည့်ရင်း... လက်ကျန် Budwiser ၃-၄ လုံးထဲက တလုံး ဆွဲပြီး... ကွန်ပြူတာစားပွဲမှာ... သွားထိုင်တော့...ည ၇ နာရီ ကျော်နေပြီ...။ ဘီယာမော့ရင်း... ဂျီတော့ ဖွင့်လိုက်တော့.... ကမ္ဘာ့ အရှေ့ခြမ်းက... သူငယ်ချင်းတွေကတော့...Happy New Year... အော်ပြီး နေကြပြီ...။ အားလုံး လိုလိုပဲ... စိမ်းလို့... ကိုယ့်များ... ၀ိုင်းပြီး... ပြုံးပြနေကြသလားတောင်... ထင်ရတယ်...။ သူငယ်ချင်းတွေ အများကြီး... အဲလောက် တခါမှ... တပြိုင်နက်ထဲ... စိမ်းနေကြတာ... မမြင်ဖူးသေးဘူး...။ သိပ်မကြာပါဘူး... ပလုံ... ပလုံ... ပလုံ... အသံတွေ...နဲ့... ပြတင်းပေါက်လေးတွေ... ပွင့်လာလိုက်ကြတာ... နှုတ်ဆက်ရတာတောင်... လက် မလည် တော့ဘူး... ။ သူငယ်ချင်း တယောက် ပြောဖူးတဲ့... လက်မှာ... မော်တာ တပ်ထားတယ်-ဆိုတဲ့... စကားလေး... ပြန်ကြားယောင်မိပြီး... တယောက်တည်း... ပြုံးမိသေးတယ်...။ ပြတင်းပေါက်... ၄-၅-၆ ခုကို... လှည့်ပတ်ပြီး... စာရိုက်နေရတာ... တမိနစ်ကို... စာလုံး ၁၂၀ လောက် ရှိမလား... စဉ်းစားမိသေးတယ်...။ 120 wpm... ပေါ့လေ...။

ကီးဘုတ်ကို... တဂျောက်ဂျောက်... ရိုက်လိုက်... ဘီယာသောက်လိုက်...။ ကုန်သွားရင်... နောက်တလုံး... ထပ်ဆွဲလိုက်နဲ့... လက်ကျန် ဘီယာတွေလည်း... ကုန်...။ fridge ထဲက... ၀ိုင်ပုလင်းလည်း... အေးလောက်ပြီ ဆိုတော့... စဖွင့်လိုက်တယ်... ။ ၀ိုင်ပုလင်းဖွင့်မိတော့... ၁၁ နာရီ ကျော်နေပြီ...။ ကြည့်ဦး... ၄ နာရီလောက်... ချက်နေတာ...။ ဒါနဲ့... အွန်လိုင်းပေါ်... ရှိနေသေးတဲ့... သူငယ်ချင်းတွေနဲ့... ဆက်ချက်လိုက်...၊ ကိုယ့် ဘလော့မှာ... လာ နှုတ်ဆက်တဲ့သူတွေကို... ပြန်နှုတ်ဆက်လိုက်...၊ ၀ိုင်သောက်လိုက်နဲ့... ည ၁၂ နာရီ ထိုးသွား မှန်းတောင်... မသိလိုက်တော့ဘူး...။ သတိရလို့... နာရီကြည့်မိတော့... ၁၂း၄၅ ဖြစ်နေပြီ...။ အဲ... ဟ... Happy New Year တောင်... မအော်လိုက်ရပါလား...။ ဒါနဲ့... ၀ိုင်ပုလင်းကို... ဆွဲမိတော့... ၀ိုင်လည်း... ကုန်နေပြီ...။ အဲ... လူလည်း... မူးပြီ...။ အိုကေ... အိပ်ပြီ...။ Happy New Year... ဟေ့... လို့... အိပ်မက်ထဲမှာတော့... အော်မိသေးတယ်... ထင်ရဲ့...။

အတိုချုပ်ကတော့... မနှစ်ရဲ့ နောက်ဆုံးညမှာ...
... ... ....
ကဲ... အဲဒါပဲ... ငါ့တူကြီးရေ့.... ။ ကျန်တဲ့... သူငယ်ချင်းတွေလည်း... အဲလိုပဲ... ထင်ပါရဲ့...း)

12 comments:

Anonymous said...

အန်ကယ်ရေ့ တူနေပါလား မော့တာချင်းတော့ ကွန်ပျူရှေ့မှာထိုင် ပြီးတော့မော့ အိပ်ငိုက်လို့ အိပ် ရိုးရှင်းပေမယ့် ကျေနပ်စရာကောင်းတဲ့ မနှစ်ရဲ့ နောက်ဆုံးည ပဲ ရေးပေးတာ ကျေးဇူးဗျ =)

:P said...

အလုပ်က ထွက်ပစ်လိုက်တယ်.. အေးရောတဲ့...
စိတ်ကြီးလိုက်တာကွယ်.....အွန်လိုင်းမှာ Happy new Year လုပ်လိုက်တာပေါ့။ ကောင်းတယ်။ လူပင်ပန်းသက်သာတယ်။

mama said...

၂၀၀၈ မမီ တော့လဲ..
၂၀၀၉ ကျမှ အော်တော့......
အဲဒီချိန်ကျ ထပ် မမူး ဘို့ တော့ သတိထားပေါ့...

Anonymous said...

So Boring Life.....!!!!!!

Kaung Kin Ko said...

အစ်ကိုရေ။ လာဖတ်သွားတယ်ဗျ။ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေအစ်ကို။

Welcome said...

နှစ်သစ်အကြို တဂ့်ပို့စ်လေးကို လာအားပေး ပါတယ်။ (ဂလု)
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ (ဂလု)
လှပတဲ့ နေ့သစ်တွေ ပိုင်ဆိုင်နိုင်ပါစေ (ဂလု)
လေးစားလျက် (ဂလု)

http://winzaw-mdy.blogspot.com (ဂလု)

pandora said...

သုည အချိန်လေးကို လွတ်သွားတာပေါ့။

Anonymous said...

သောက်လှချည်လားဦးငယ်။း(

ဇင်ယော် said...

Budwiser နဲ့  ၀ိုင်ဖြူကို အားပေးရင်း 120 wpm ရအောင် အပီအပြင် ရိုက်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်တယ်ပေါ့။ ပျော်ရွှင်စရာ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ ကိုကြီးအောင်ရေ။ ( ဖတ်နေရင်းက ပါးစပ်ထဲ လည်ချောင်းထဲ တမျိုးကြီး ဖြစ်လာတယ် ahhhhhh.....Budwiser ရေခဲစိမ် သောက်ချင်တယ်ဗျ။ ) ခုတော့ ဂလု ဂလု တံတွေးမျိုချပြီး ပြန်သွားပြီ ဂလု အေ့။

ညီအကိုများ said...

ပျော်ရွှင်စရာနှစ်သစ်ပါအစ်ကိုရေ...

ကျွန်တော်လင့်သွားတယ်...

မိုးကြယ်

Anonymous said...

2 Jan 09, 14:37
tututha: ဝိုင်ဖြူ ဘယ်လိုနေလဲ အစ်ကိုကြီး .. ကြည့်ရတာတော့ ကောင်းမှန်း မကောင်းမှန်းတောင် မသိဘူးထင်တယ် :P

ATN said...

တူမောင်မျိုး - ထိုင်၊ မော့၊ ငိုက်၊ နောက်နေ့ ခေါင်းကိုက်ပေါ့ကွယ် ...း)
sin dan lar - ဟုတ်ပါ့ဗျာ...း)
ma ma - ၂၀၀၉ မှာတော့ မသောက်တော့ဘူးး)
anonymous - Yeah, it is!!!
ကောင်းကင်ကို - Same to you!!! ညီရေ့...
ကိုဝင်းဇော် - မော့နေတာလား... တံတွေးမျိုချနေတာလား
မပန် - ဟုတ်ပါ့ဗျား...
Craton - တနှစ်မှ တခါပါ ငါ့တူရယ်.. ဒါတောင် ပွားများရင်းနဲ့မို့ သောက်မှန်းမသိ သောက်မိတာ...း)
ကိုမိုးကြယ် - Same to you!!! ပါ ညီလေးရေ့... ကျေးဇူး...
တူးတူးသာ - ငါ့ညီမကလည်း သိရဲ့သားနဲ့...း)