အောင်သာငယ် တယောက် ဆားချက်ပြန်ပြီလို့ တချို့ကလည်း ပြောကောင်း ပြောကြ ပေလိမ့်မယ်၊ အဲသလိုတော့လည်း မဟုတ်ရပါဘူး။ ခုတလော သူငယ်ချင်း တယောက်ရဲ့ ဘလော့ပေါ်မှာ ငြင်းကြ ခုန်ကြ ဆွေးကြ နွေးကြရာကနေ တယောက်နဲ့ တယောက် ပုဂ္ဂိုလ်ရေးအရ တွယ်ကြ ခတ်ကြတဲ့အထိ ဖြစ်လာတာတွေကို တွေ့နေရလို့ စိတ်ညစ်ငြူးမိတာနဲ့ ဒီ စာလေးကို ရေးမိတာပါ။
ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ-တဲ့
ဆုံးသွားရှာပြီဖြစ်တဲ့ ကျနော့် မိခင်က ကျနော့်ကို ဆုံးမခဲ့ဖူးတယ်၊ ဟိုလူ သည်လူနဲ့ ကျနော် ငြင်းခုန် ရန်ဖြစ်တဲ့အခါတိုင်း အမေ ပြောလေ့ရှိတယ်။ တကယ်ကတော့ ကျနော်က ငြင်းခုန်ရတာကို ၀ါသနာ မပါပါဘူး။ ငြင်းကြခုန်ကြတဲ့ ၀ိုင်းတွေမှာလည်း ဘယ်တော့ မှ မပါခဲ့ဘူး၊ ရပ်လည်း မကြည့်ဘူး။ သူငယ်ချင်းတွေ စုဆုံကြလို့ လဘက်ရည်ဆိုင် ထိုင်ရင်တောင် အကြောင်းအရာ တခုခုကို ရောက်သွားပြီး အငြင်းအခုန်တွေ စပြီဆိုတာနဲ့ ကျနော်ကတော့ လဘက်ရည်ဝိုင်းမှာတောင် ဆက်ပြီး ထိုင်မနေတော့ပဲ ထထွက်လာတတ်တယ်။ အငြင်းအခုန်တွေကနေတဆင့် ပေါ်လာမယ့် ပြသနာတွေကို ရှောင်ချင်လို့ပါ။
ဒါပေမယ့် ဘ၀မှာ တခါတခါကျတော့လည်း မငြင်းချင် မခုန်ချင်တဲ့ ကြားထဲကကို ငြင်းခုန်ဖို့ရာ မလွှဲမရှောင်သာ ဖြစ်လာရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒီအခါ ငြင်းခုန်ရင်းနဲ့ ကျနော်ကိုယ်တိုင် ဒေါသတွေ ပါလာ မာန်မာနတွေ ပါလာတဲ့ အခါတိုင်း မပြောသင့်တာတွေ ပြောမိ မဖြစ်သင့်တာတွေ ဖြစ်ရနဲ့ စိတ်မကောင်း ဖြစ်စရာတွေ ခဏခဏ ကြုံခဲ့ရတယ်။ အဲသည်မှာ ကျနော် အပါအ၀င် ငြင်းခုန်ပွဲမှာ ပါဝင်နေတဲ့သူတိုင်းက မှန်မှန်ကန်ကန် မငြင်းခုန်ကြရင်တော့ ဘာမှ အကျိုးအမြတ် မရှိတဲ့ အချိန်ဖြုန်းတီးမှု တခုပဲ ဖြစ်သွားတာပါ။ အားလုံးက မှန်မှန်ကန်ကန် ပြောကြဆိုကြ ပုဂ္ဂိုလ်ရေးတွေ မပါဘူးဆိုရင်တော့ အကျိုးရှိတဲ့ ရလာဒ်တခုကို ရမှာပါပဲ။
ဒီမှာ ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ဒီစာရေးရင်းနဲ့ ကိုငှက်ကြီး (ထူးအိမ်သင်) သီချင်းလေးတပုဒ်ကို သွားသတိရမိတာနဲ့ ဒီသီချင်းလေးကိုပါ စာသားတွေဖော်ပြပြီး ဝေမျှလိုက်ပါတယ်။ နှလုံးသားလေးတွေနဲ့ ခံစားကြပါလို့း)
စာသားလေးတွေကို အရင်ဖတ်၊
ပြီးရင် သီချင်းလေးနားထောင်၊
နောက်ပြီး-
သီချင်းကို နောက်တခေါက် ထပ်ဖွင့်၊
ပြီးရင်လိုက်ဆိုကြပေါ့။
နှလုံးသားတိုင်း ချမ်းမြေ့ကြပါစေဗျား---
ချစ်သောကမ္ဘာမြေ
တောင်တန်းတွေနဲ့ ပင်လယ်ဖြတ်ပြီး မိုးတိမ်တွေကို မော့ကြည့်လိုက်
ကိုယ့်ရဲ့နေ့တွေ ဘယ်လောက်များများ
တခုသောကောင်းကင် ကောင်းကင်ပြာကြီး ရွေ့လျားနေတဲ့ တိမ်တိုက်တွေလို ခရီးနှင်ကြ-----
မိုးတိမ်များ မျောလွင့်ဆဲ ဘယ်လို ပုံသဏ္ဍာန်တွေကွဲလည်း
တကယ့်တကယ်တမ်းတော့ ကောင်းကင် တမိုးအောက် ခရီးသွားများပါပဲ-----
တို့လူသား ဘ၀တွေလည်း ဘယ်လို အခြေအနေတွေခြားလည်း
ငြင်းဆန်မရတဲ့ လောကဓံတရားရဲ့ ရုပ်သေးရုပ်များပါပဲ----
အားလုံးပဲ ဆန္ဒများ နောက်လိုက် မောဟနဲ့လောင်မြိုက်ရင်း
တကယ်ဆိုရင် ဘာမှ မကွဲပြားမှန်း သိလျက်နဲ့ ဘာကြောင့်များ မာနတံတိုင်း ခြားနေချင်လဲ----
အကျည်းတန်တဲ့ ရန်ပွဲတွေက ဘယ်လို အချိန်မှာ ရပ်သွားမလဲ
အညှိုးတွေနဲ့ မာနတွေဖွဲ့ အမုန်း ဒီမီးတောက်များပါပဲ-----
အိုး--- လဲကျတဲ့လူ ထူဖေးမလို့ အားနည်းတဲ့သူ ကူရင်း ဒဏ်ရာတွေ အပြန်အလှန် မပေးကြနဲ့
လောကထဲ ဒီခဏလေး ဆုံလာတဲ့ ဧည့်သည်တွေပဲ-----
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို
ဘယ်လောက် ကြီးငယ်လည်း ဘယ်လိုနိမ့်ကျမလည်း လူဟာ မြူမှုန်ငယ်တခုပဲ
သမုဒ္ဒရာထက် ရေပွက်ငယ်လေး ခုမြင် ခုပျောက် ခဏတာပဲ -----
တို့အချစ်ရဲ့ ခြေသံများနောက်လိုက် မိမိကအစ ကမ္ဘာမြေအဆုံး လူပီစွာ အတူလက်တွဲကြစို့ တယောက်နဲ့တယောက် -----
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားကြပါစို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် နှလုံးသားတိုင်း
ဒီကမ္ဘာကို အချစ်များနဲ့ ရေးခြယ် ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့
အပြာရောင် မိုးသားများရဲ့အောက် ချိုသော သီချင်းတွေကို ဆိုငြည်းလို့
အတူသွားကြမယ် လာသွားစို့
ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို
ကျေးဇူးတရားများနဲ့ ချစ်သော ကမ္ဘာမြေကို
|
7 comments:
သီချင်းကို လာလာ နားထောင်ဖြစ်နေတယ်။
အဲဒီ့ သီချင်းလေး ကြိုက်တယ် အစ်ကို။ ထူးအိမ်သင်တို့ Big 5 ဆိုပြီး ၅ယောက်စု ဆိုထားတာ ။
မှန်လိုက်တာ အကိုရာ..
တကယ်ပဲ ဘ၀ဆိုတာ တိုတို လေးပါ..အတ္တတွေ ကိုခဏ
ဘေးချိုပ်ထားရင်တော့ အရမ်းကောင်းမှာပဲပေါ့လေ..
ပြောသာပြောရတာပါအကိုရာ..လောကမှ အတ္တ အကြီး
ဆုံးဟာ လူဆိုတဲ့ သတ္တ၀ါပဲဆိုတော့ ခက်ရချည်ရဲ့ ။
သီချင်းကိုကော စာသားလေးကိုပါ သေချာခံစားသွားပါတယ် အန်ကယ်ရေ့ ကျေးဇူးဗျ ဟုတ်တယ် ဘ၀ ဆိုတာတိုတိုလေးပဲ ။
မပန်ရေ့ ခဏခဏ နားထောင် ကျနော်လည်း ခဏခဏ နားထောင်တယ်။
ညီလေး ကောင်းကင်ကိုရေ့ အကြိုက်ချင်းတူတာလည်း ရင်ဘတ်ချင်းတူလို့ပေါ့။
ရန်နိုင်ရေ့ တတ်နိုင်သမျှတော့ အတ္တတွေနည်းဖို့ ကြိုးစား။
တူမောင်မျိုး အဲဒီ သီချင်းကို ခဏခဏနားထောင် ခဏခဏ ဆိုပေး ဟေ့။
ပို့စ်လေးရေးတဲ့ စေတနာလဲ ကောင်းတယ်။ သီချင်းလေးလဲ ကောင်းတယ်။ ကျေးဇူးတင်ပါတယ် အကိုရေ။ ဘူမိချင်းဆိုတာ သိရလို့ ၀မ်းသာမိပါတယ်။ ချိုသင်းက ၉၄က ကျောင်းပြီးတာပါ။
အကြိုက်ဆုံးသီချင်းထဲက တပုဒ်ပါခင်ဗျ .. ကျနော်ကတော့ အင်ဂျင်နီယာပါ .. ၉၃ မှာ ကျောင်းပြီးပါတယ်၊
ပန်းချီကို နားမလည်ပေမယ့် ကြိုက်တော့ကြိုက်ပါတယ် ခင်ဗျာ
Post a Comment