Aug 7, 2008

စာမေးပွဲ



ခွင့်လွှတ်ကွယ်
မုန်တိုင်းတွေ ငါမိခဲ့တယ်။

အိမ်ပြန်နောက်ကျသူတယောက်မှာ
အကြောင်းတစုံတရာ
ရှိခဲ့တယ်ဆိုတာ
နင်သိလာရင်
တော်ပါပြီ။

ATN

(အနှစ် ၂၀ အိမ်ပြန်နောက်ကျနေခဲ့သူများ အားလုံးကိုယ်စား)

4 comments:

pandora said...

မုန်တိုင်းတွေစဲတဲ့တနေ့မှာ အိမ်ကိုပြန်ရောက် နားခိုရာ။

Anonymous said...

အနှစ် ၂၀ အိမ်ပြန်နောက်ကျနေခဲ့သူတွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်းနဲ့ ၀င်ရောက် ခံစားသွားတယ် အန်ကယ်...........ခွင့်လွှတ်ကြမှာပါ သူတို့ က အမှန်တရားအတွက် တိုက်ပွဲဝင်သွားကြတဲ့ သာဓကတွေပဲ ။

yannaing said...

တချို့တွေက အိမ်ပြန်နောက်ကျ တချို့တွေက အိမ်ပြန်
လမ်းပျောက် တချို့တွေက အိမ်ကိုပြန်လမ်းမေ့ တချို့တွေကတော့ ထွက်ပေါက် မရှိတဲ့ အိမ်ထဲမှာ လှောင်ပိက်နဲ့ .......အားလုံးဟာအိမ်အတွက်နဲ့ ဒုက္ခတွေ
ရောက်နေကျတယ်လေ

ATN said...

မပန်ဒိုရာ၊ တူမောင်မျိုး၊ ညီရန်နိုင် စာမေးပွဲကျခဲ့သူ တယောက်အတွက် ကွန်မန့်တွေပေးသွားတာ ကျေးဇူး။