Nov 29, 2008

အလွမ်း


ဒုက္ခနဲ့... တခါကြုံရတိုင်း...
အချစ်ရဲ့ လက်ကို ...
တခါ... ဆုပ်ကိုင်ပါရစေ...တဲ့...

ငါ့နေ့တွေ... ထွန်းလင်းခဲ့တာ...
မင့်... ချစ်ခြင်းတွေနဲ့ပါကွယ်...
မင့်... လက်ကို... ထာဝရ...
ဆုပ်ကိုင်ထားပါရစေ...
ညတွေကို ...
ပို... မမှောင်ပါစေနဲ့တော့...

(ဗမာပြည်တ၀ှမ်းလုံးမှ
အကြောင်းကြောင်းကြောင့်
ဝေးကွာနေကြရသော
ချစ်သူများ အားလုံးကိုယ်စား
ခံစားရေးဖွဲ့ပါသည်)

ATN

(ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ကူးထားပါသည်)

12 comments:

ခေါင်ခေါင် said...

ကျေးဇူးတင်ပါတယ် .. အစ်ကို..
ဒီလိုအချိန်မှာ ဒီလိုစာလေးကို ဖတ်လိုက်ရတော့..
ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။

ဓါတ်ပုံလေးလဲ မိုက်တယ်

မိုးပျံငှက် said...

ကြိုက်တယ်ဗျာ

pandora said...

ကဗျာက ရိုးရိုးလေးပါ။ ဒါပေမယ့် လက်ဖျားတွေ နွေးထွေးသွားစေတဲ့ ခံစားမှုကို ပေးသွားနိုင်ခဲ့တယ်။

mama said...

ချစ်စရာလေး....။

မင်းမွန်သစ် said...

အစ်ကိုရေ...ကျွန်တော်ကတော့ ချစ်သူလက်ကို ကိုင်ဖို့  အတွက် ဒုက္ခနဲ့ ခဏခဏကြုံဖို့ ဆုတောင်းခဲ့ဖူးတယ်။

ဆောင်းယွန်းလ said...

ကဗျာလေးကြိုက်တယ်အကိုရေ..

Welcome said...

တစ်ရက်မှာ ၂၄ နာရီ ဒုက္ခကြုံနေရတာမို့ ...... ထာဝရပဲ ဖြစ်မှာပါ .. ..
ကျေးဇူး..

http://winzaw-mdy.blogspot.com/

Anonymous said...

ကဗျာလဲ ကြိုက်တယ်.. Ibenez နဲ့ Fender ကိုပိုကြိုက်မိနေတယ်..ဟီးးး

ကိုအောင် said...

တိုတိုနဲ့ ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ
အားပေးလျက်ပါ အကိုကြီးရေ။

Unknown said...

တွဲစရာလက် ကမ်းမဲ့သူ မရှိရင်ကောဗျ...ဟီးးးးးးးး

Anonymous said...

ကဗျာလေးဖတ်လို့ ကောင်းတယ် အနောက်က ဝေးကွာဖို့ မရှိဘူး အန်ကယ်ရ စိတ်ပျက်း)

ATN said...

ခေါင်ခေါင် - အားလုံးအတွက် ရေးတာလေ ...

မိုးပျံငှက်၊ မပန်၊ မမ၊ ဂျိုင်းရင့်၊ ညီ ဆောင်းယွန်းလ၊ ကိုဝင်းဇော်၊ မိုးမောင်၊ ညီ ကိုအောင်၊ တူမောင်မျိုး - ဖန်တီးရကျိုး နပ်အောင် နှစ်သက်ကြောင်း ပြောသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်...

ပြတိုက်ကြီး - လက်ကမ်းမယ့်သူမရှိရင် ကိုယ့်လက်နှစ်ဖက်ကိုပဲ ပြန်ဆုပ်ထားဗျာ ...း)

မိုးမောင် - အပြာက Jackson ဗျ... Ibanez ဟုတ်ဘူး