၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့ပြီး လူပေါင်း တသိန်းခွဲကျော် အသက် ဆုံးရှုံးစေရုံမျှမက လူဦးရေတသန်းနီးပါးကို အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ခဲ့ကြရသော မြန်မာပြည်သူပြည်သားများနှင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် တနှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆုတောင်း မေတ္တာပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွင် ၂၀၀၉ ခုနှစ် မေလ ၂-ရက် စနေနေ့က ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီးတ၀ိုက်ရှိမြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက်စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့ခဲ့ကြသည်။
ဆုတောင်းပွဲသို့တက်ရောက်လာကြသော မြန်မာမိသားစုဝင်အချို့
ဆုတောင်းမေတ္တာပို့နေစဉ်
တရားနာယူနေကြသော မြန်မာမိသားစုဝင်အချို့
Photo Credit: Maung Myo Naing
4 comments:
ဆာထု ... ဆာထု ... ဆာထု... အချို့ဆို သေတာတောင် သိပါ့မလား မသိဘူးဗျာ၊ ကြေကွဲပြီး ပြန်သွားပါတယ်။
ကြေကွဲခြှုင်း များစွာဖြှုင့် အမျှဝေပါတယ် ko atn
အခုလို အများသိအောင် တင်ပေးတာ ကျေးဇူးတင်တယ်ဗျို့ ။
ပြန်တွေးတိုင်း စိတ်မကောင်းကြီးစွာ ခံစားရပါတယ်။
Post a Comment