Jun 8, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ အယ်လ်အေတွင် ပြုလုပ်













နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက် သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့ တွင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြပွဲသို့ အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံးကာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တက်တက် ကြွကြွ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့ အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင် ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။
















6 comments:

Anonymous said...

ဓါတ်ပုံတွေကြည့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
FREE DAW AUNG SAN SUU KYI !
( mie nge )

Anonymous said...

Free.... Free.... Aung San Su Kyi..
Free,,, Free,,, Aung San Su Kyi,,,
Free___ Free ___ Aung San Su Kyi
Free ~ ~ Free ~ Aung San Su Kyi~~~

(mama)

ကိုလူထွေး said...

အားရတယ်...
အားကျတယ်ဗျို့...

အကို့ပုံရော... ဘယ်ပျောက်နေလဲး)

ဂျူနို said...

ကိုအောင်သာငယ်
...............
.................
.................
မအယ်

ကိုပေါ said...

ဓါတ်ပုံတွေကြည့်ရတာ အားရစရာပဲ။

ကိုလူထွေး said...

ဒုတိယတစ်ခေါက်လာကြည့်ဖြစ်ရင်ရော စာမူခက ပေးရဦးမှာလား...

discount တော့လုပ်ပေးဗျာ

းဝ)