Mar 23, 2008

ခဏနားဦးမယ်

လာလည်သူ အားလုံး မင်္ဂလာပါ။ လာလည်တဲ့အတွက် ကျေးဇူး အများကြီးပါ။ ပြီးခဲ့တဲ့ ၁၅ ရက် ကတည်းက ဆီပုံးမှာ အော်ထားပါတယ် - ခဏ နားမယ်- လို့။

အလုပ်-၂-ခုလုပ်ရလို့ အချိန်အားက နည်းပါတယ်။ တပတ်မှာ တရက်ပဲ နားချိန် ရပါတယ်။ မိသားစုအတွက်လည်း အချိန်ပေးရသေးတယ်။ ဒီကြားထဲက ပို့စ်တွေ တင်ခဲ့တာပါ၊

အခုတော့ လူကိုယ်တိုင်လည်း နည်းနည်း ညောင်းညာနေတယ်။ စိတ်ရော ကိုယ်ရောပေါ့။ ဒါကြောင့်မို့ ခဏ နားခွင့်ပေးကြပါ။

ကိုယ်တိုင် မရေးနိုင်သေးတဲ့ အချိန်မှာ ဘလော့ဂါ မောင်နှမတွေအတွက် အပန်းပြေနိုင်တာလေးတွေ တင်ပေးပါ့မယ်။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

(အောင်သာငယ်)

1 comment:

စိုးထက် - Soe Htet ! said...

အစ်ကိုကြီးရေ ...

အဆင်ပြေတဲ့နေ့ ပြန်လာရေးပေါ့ ... စောင့်နေမယ် ... လာခေါ်လိုက်နော် ...

ကြားထဲလည်း ရောက်ဖြစ်နေမှာပါ ... :D