ကာရံမှားကဗျာတပုဒ် -
အသက်ရှူဖို့ အားမထုတ်တော့ဘူး
ပုံလျက်သား မူးလဲနေပေါ့
ဟော့ဒီ အခန်း ထောင့်ထဲမှာ ....
မျက်တွင်း ဟောက်ပက်
ညည်းဆိုခက်သီချင်းတပုဒ်လည်း -
အရုပ်ကြိုးပြတ် ဖြစ်နေခဲ့...
မိုးတိမ်
သက်တန့်နဲ့
လွပ်လပ်စွာ ပျံသန်းသောငှက်
ပွေ့ဖက်ခြင်း ဟင်းလင်းပြင်
အိပ်မက်ထဲက သစ်တပင်
အိပ်ယာဝင်ခက်ခဲလွန်းသော ဦးထုပ်တလုံး
အားလုံး အားလုံး
တုံးလုံးပက်လက်
အသက်မဲ့နေ...။
ခန္ဓာကိုယ်ရဲ့
လှုပ်ခုန်နေတဲ့ တနေရာ
ငါ့ဘာသာငါ
လှီးဖြတ်ထုတ်ယူခဲ့ရ...
နာ...
ကျင်...
လိုက်တာလေ....
ဒီလိုနဲ့
ဝိဥာဉ်မဲ့အခန်းတခုဟာ
ဂစ်တာတလက်ထဲ
မရဲတရဲ တိုးဝင်သွားလေရဲ့။
(ဆောင်းလွမ်းနေ)
No comments:
Post a Comment