နေမထွက်ခင်ကနေ
လမထွက်ခင်ထိ
ပေါင်းပင်ခုတ်ထစ်၊ သစ်ပင်မီးရှို့
ချွေးစို့ ပျိုးကျဲ၊ အမြဲရွှေ့ပြောင်း
ဓါးတချောင်း စောင်တထည်
အိုးငယ်တလုံးနဲ့
မီးခိုးကျပ်စွဲ တဲကလေးလေ
တောင်ကုံးတလုံးကို အရေခွံခွာပြီးမှ
ရွှေ့ပြောင်းသွားပြန်ရ
အခြေမကျနိုင်တာကိုက
ဘ၀ပေလား။
နှစ် ၂၀ ကျော်ကြာ
တောင်ယာစိုက်ခဲ့ရ။
ဒီနေ့ကျတော့လည်း
ငါ
တောင်ယာ ထပ်စိုက်နေပါပေါ့။
ATN
1 comment:
အိမ်ပြောင်းရင်းနဲ့ ပေါ်လာတဲ့ စိတ်ကူးထင်ပ။ ချစ်စရာကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ။
Post a Comment