Aug 21, 2008

တွန့်လိမ်နေတဲ့အိမ်



















အဲဒီနေရာပဲ
လ...တလုံးကို
ငါ...ထားခဲ့တယ်...။

လွှတ်ချသွားတာ...မဟုတ်သလို...
လွတ်ကျသွားတာလည်း...မဟုတ်လေဘူး...။

ထားကို...ထားပစ်ခဲ့ရတာ...။

သယ်ဆောင်စရာ
နေလုံးတွေက
များနေလွန်းလို့ပါ....။

ATN
(ပုံကိုတော့ Corel PhotoPaint 12 နဲ့ ဆွဲထားပါတယ်)

7 comments:

Kaung Kin Ko said...

ကဗျာခံစားသွားတယ် အစ်ကို

M.Y. said...

ပုံ ရော ကဗျာ ကိုပါ ခံစားသွားတယ်..

Anonymous said...

ပုံနဲ့  ကဗျာ အရမ်းလိုက်ဖက်တဲ့ အဖွဲ့ လေးပဲ

ATN said...

ကောင်းကင်ကို၊ ကိုမောင်ရင် နဲ့ တူမောင်မျိုး လာခံစားပေးကြတာကို ကျေးဇူးပါ။

Moe Cho Thinn said...

ပုံရော ကဗျာရော ကြိုက်တယ် အကိုရေ..

ATN said...

ချိုသင်းရေ နှစ်သက်တဲ့အတွက် ကျေးဇူးပါ။

mama said...

နှစ်သက်မိပါတယ်..။
ဖွဲ့စည်းပုံ ရိုးရိုးလေးနဲ့..။

ချန်ထားခံရတဲ့ လမင်းလေးရဲ့ ကိုယ်စားတော့
လွမ်းမိသလိုလို....။