Aug 15, 2008

ကောင်းကင်


ဝေါ့လ်ထ် ဒစ္စနေ အပြာ
ပွင့်ချပ်ဖြူ တလွှာ
ပန်းသီး တမွှာ
ကန္တာရထဲ မြုပ်နှံပြီးတဲ့အခါ
ပင်လယ်ဟာ
လွတ်လပ်စွာ ပျံသန်းနေတော့တယ်။

ATN

3 comments:

pandora said...

ကန္တာရထဲမှာလည်း ကောင်းကင်ရှိတယ်
ကောင်းကင်ရှိရင် ရေငွေ့တွေရှိတယ်
ရေငွေ့တွေရှိရင်
ပင်လယ်ကရှိနေဦးမှာပဲ။

ငြိမ်းဝေ said...

ဟေ့..!
ဘယ်သူတွေ ဈာန်ရနေကြတာလဲ
ပန်ဒိုရာနဲ့ အောင်သာငယ်တဲ့လား...
မနာလိုဘူး။

ATN said...

မပန် - ဘာသာတွေ သိပ်မပြန်နဲ့လေး)
ကိုငြိမ်း - ကျနော်က ခုမှ ဈာန်ရကာစရှိသေးတယ် မနာလို မဖြစ်နဲ့