နေ တွေဟာ
ကွယ်ရိုး ထုံးစံဆိုတာ မရှိ
စကြာဝဠာ ပကတိထဲ
အမြဲ လင်းလက်နေမှာ
လ ဆိုတာလဲ
လင်းမြဲ.. နေရှိတဲ့ စက်ဝန်းထဲ မှာလေ
တကယ်တော့
မေမေ က နေ
မေမေ က လ
ကောင်းကင်ဘုံ ဘ၀မှာ
စောင့်နေပါ မေမေ
မလွတ်လပ်ခြင်းတွေ ရှိနေသမျှတော့
အမျှဝေခွင့် က မရသေး..
အမျှဝေခွင့်ရရေး
အမေ့ရဲ့သားလေ..
အဲဒီ.. အမေ ထားခဲ့တဲ့ လမ်းမ ထက်မှာပဲ
ဆက်လျှောက်နေရင်း..
ဆက်စောင့်နေဆဲ ပါ အမေ...
မမသီရိ (၆.၄.၂၀၀၉)
ကြီးကြီး ရဲ့ တနှစ်ပြည့် အောက်မေ့ခြင်း အခမ်းအနား အတွက်
အကို့ ကိုယ်စား ရေးဖွဲ့ ပါရစေ..
8 comments:
nice poem
ကဗျာလေးအရမ်းကောင်းတယ်
အစ်ကိုရေ..
အစ်ကို့မေမေ ကောင်းရာ မွန်ရာမှာ ငြိမ်းချမ်းနေပါပြီ..
တနှစ်ပြည့် အောက်မေ့ခြင်းမှာ ထပ်တူဝမ်းနည်းရင်း..
အမေ့အတွက် နှစ်ပတ်လည် ဂုဏ်ပြုကဗျာလေး ထပ်လာဖတ်ပါတယ်
ကဗျာလေးအရမ်းကောင်းတယ်။ အကို့အမေ မြင့်မြတ်တဲ့နေရာမှာ ငြိမ်းချမ်းနေမှာပါ။
ထပ်တူထပ်မြတ်ပါပဲ အကို...။
း)
လွတ်လပ်မှ အမျှဝေမယ်ဆိုလို့ သာဓုခေါ်ချင်လှပါပြီ။
ထပ်တူတောင်ဆုပြုပါတယ် အကို ကောင်းသောနေ့ပါ ..
Post a Comment