May 10, 2009

လေးသလား၊ ပေါ့သလား

ကမ္ဘာပေါ်တွင် သက်ရှိသတ္တ၀ါ အမျိုးမျိုး ရှင်သန် နေထိုင်နေကြပေသည်။ သည်သတ္တ၀ါများ အနက် ဦးနှောက်၏ အလေးချိန်နှင့် ခန္ဓာကိုယ်၏ အလေးချိန်တို့ကို အချိုးချလိုက်လျှင် ရရှိလာသည့် ကိန်းဂဏန်းတခု ပမာဏအားဖြင့် ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တ၀ါများ၏ အသိဥာဏ် ရှိမှု မရှိမှု စွမ်းအားကို တိုင်းတာနိုင်ပါသည်ဟု လေ့လာတွေ့ရှိချက်တရပ်က ဆိုလေသည်။ ဥပမာ- ခန္ဓာကိုယ်အရ တန်ချိန် အချို့ ရှိသည်အထိ လေးလံနေသော ဆင်တကောင်တွင် ပေါင်ချိန် တချို့စာမျှသာ ရှိသော ဦးနှောက်ကို တွေ့ခဲ့ကြလေသည်။ သည်အခါ ဆင်တကောင် (သို့မဟုတ်) ဆင်အားလုံးသည် အသိဥာဏ်ဇယားတွင် အနိမ့်ဆုံးသို့ အလို အလျောက် ရောက်ရှိ သွားလေတော့သည်။ သို့သော်လည်း ဆင်ထက် ခန္ဓာကိုယ်အားဖြင့် ငယ်ရွယ် ပေါ့ပါးပြီး ဆင့် ဦးနှောက်ထက် အလေးချိန်အားဖြင့် ကြီးမားလေးလံသော ဦးနှောက်ကို ပိုင်ဆိုင်သည့် လူသား ဆိုသော သတ္တ၀ါက မြေပြင်ရှိ သက်ရှိ အားလုံးတွင် အကြီးဆုံးသော ဆင်ကို သူ့လိုအပ်ချက်များအတွက် ခိုင်းစေ အသုံးချနိုင်နေသည့် အချက်ကို ကြည့်ခြင်းအားဖြင့် သည် အဆိုက မှန်သည်-ဟု ယူဆ လက်ခံရမည် မဟုတ်လော။ သည် အချက်အလက်ကို အကြောင်းပြုပြီး လူသားများက သတ္တလောက (သို့မဟုတ်) သက်ရှိ လောကတွင် စွမ်းအား အကြီးဆုံး ဥာဏ်ပညာ အမြင့်မားဆုံး သတ္တ၀ါများ ဖြစ်သည် ဟု၎င်း၊ လူသားသည် သည်ကမ္ဘာကို အစိုးရသည် ဟူ၍၄င်း အဆိုအမိန့်များစွာ ရှိနေလေတော့သည်။
-------------------------------------------------------------------

အပေါ်က စာတွေက ကျနော် ပြောတာ မဟုတ်ပါ။ ပညာရှင်တွေ ပြောခဲ့သမျှ စကားတွေကို ဖတ်ထားခဲ့ဖူးသမျှတွေထဲက ကိုယ်နားလည် သလောက် အနှစ်ချုပ်ကြည့်တာပါ။ ဒါတောင် ဘာသာရေးအရတွေ ဘာမှ မပါသေးပါဘူး။ ကျနော် ပြောချင်တာကတော့ အဲသည်လို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တဲ့ အချက် အလက်တွေက တကယ်ရော မှန်ကန်ရဲ့လား။ ကျနော်ကတော့ အဲသည် အချက်အလက်ဆိုတာတွေကို မယုံပါဘူး။

တကယ့် ဘ၀မှာ လူတယောက် ထက် သစ္စာပိုရှိတဲ့ ခွေး။ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ။ ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ မယုံစရာ၊ နားမလည်စရာ အဖြစ်အပျက်တွေကိုပဲ စဉ်းစားမိတယ်။ အဲဒါတွေကလည်း ကိုယ်တွေ့တွေပေါ့။ ပြန်စဉ်းစားမိတိုင်း တချို့ အဖြစ်အပျက်တွေ ဆိုတာက ကိုယ်တွေ့ ကြုံမှပဲ သိမယ်လို့ ခံစားမိတာပါ။

အထက်က အဆိုအမိန့်တွေ၊ တွေ့ရှိချက်တွေအရဆိုရင် ဦးနှောက်ချင်း အလေးချိန် တူရင် ကိုယ်ခန္ဓာအရ လေးလံတဲ့သူတွေက ဆင်တွေ ဖြစ်နေလေမလား။
ဆင်တွေကို ကျနော် သနားတယ်...း)

16 comments:

mama said...

တွေးသွားပါတယ်..
ဆင်တွေကို သနားပေမဲ့
ကိုယ့်ကိုကိုယ် ပိုသနားမိတယ်..

ကိုလူထွေး said...

ကိုအောင်သာငယ်ပြောမှပဲ ကိုယ့်ကိုကိုယ် ဆင်ဖြစ်နေမှန်း ကိုယ့်ဖာသာ အမှန်အတိုင်း သဘောပေါက်မိတော့တယ်..

တွေးတတ်ရေးတတ်ပါပေ့ဗျာ

ဂျူနို said...

ဟေဟေဟေ ၀ိတ်ချမယ်။ ၀ိတ်ချမယ်။

ပါဝါတွေ ၀ိတ်တွေ ပြတော့ဘူး။ ယုံထင် ဆင်ထင်မှာစိုးလို့ ။

မှန်လောက်တယ် ဒီအဆိုက ဒါ့ကြောင့် တချို့ ဆင်လိုလူတွေကို အကောင်ကြီးကြီးတို့ ဘာတို့ ပြောတာပေါ့။

ဖြူတ်ဦးနှောက်တို့ ပုဇွန်ဦးနှောက်တို့  ဟီးဟီး။

ဟိုမလွတ်ဒီမလွတ် စောင်းမြောင်းပြောတာ မဟုတ်ပါဘူး။ ဟဲဟဲ။ အကျင့်ပါနေလို့ ပါ။

ဘာပဲဖြစ်ဖြစ် သခင်အလိုကျ ဟောင်တတ်တဲ့ ခွေးတွေ။ အစာကျွေးတဲ့ လက်ကို ကိုက်တဲ့ခွေးတွေ။
အရိုးလို အရိုးရ အမြီးနှန့် ပြတတ်တဲ့ ခွေးတွေ။
ဟီးဟီး။ ခုနေများ လူတွေက ခွေးတွေကို အ၀တ်တွေ ၀တ်ပေးတတ်ကြသေး။
အကျီ င်္ဝတ်တဲ့ ခွေးတွေ။ ဟဲဟဲ။ ဘောင်ဘီ ၀တ်တော့ ဘောင်ဘီ ၀တ်တဲ့ ခွေးတွေ။
ခွေးဟောင်တိုင်း ထမကြည့်နဲ့ အိပ်ရေးပျက်တယ် ကိုအောင်သာငယ်။

လျှောက်ရေးမိတယ်။ ဆော်ဒီး ငှက်ပျော်သီး။

အယ်ဇီ

mgphonemyint said...

ဆင်သွားရင် လမ်းဖြစ်တယ်တဲ့
အမြင်မတော် ဆင်တော်နဲ့ခလောက်
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပါလိမ့်မယ်
ဘာပဲ ပြောပြော ဆင်ပိန်ရင်တောင် ကျွဲလောက်တော့ ကျန်ပါသေးတယ် ..
ဆင်ဖြူတော် မှီပြီး ကြံစုပ်ကြဘို့ ဆင်အချဉ် တကောင်လောက် ဖမ်းပို့လိုက်ပါ .....။

ကိုလူထွေး said...

ရေးတဲ့သူကလဲတော် မင့်တဲ့သူတွေကလဲ တော်ကြပါပေ့ဗျာ

Anonymous said...

ကျမက ဗုဒ္ဓဟူးနေ့ဖွားဆင်ဗျို့  ...ဒါပေမယ့် ဆင်လိုတော့မ၀ဘူးကိုအောင်သာငယ်ေ၇......

mysterysnow said...

အကိုရေ
အသိဥာဏ် ရယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရယ် မှာ
လူတွေက အရာရာမှာသာပါတယ်....
ဒါပေမယ့်... တခါတရံ အချို့အချို့သော သူတွေရဲ့ ခြွင်းချက်လေးတွေကြောင့်....
တိရိစ္ဆာန်နဲ့ ခိုင်းနှိုင်းတာ ခံရပါတယ်....

အိန္ဒြာ said...

အကို..

ဖတ်ဖူးတာလေးတစ်ခုရှိတယ်..မှတ်မိနေတာ..
ဆင်တွေရဲ့ IQ က တိရစ္ဆန်တွေထဲမှာ တော်တော်မြင့်တယ်တဲ့..။
မွေးဖွားချိန်ကနေ သေဆုံးချိန်အထိပေါ့
ဆင်တွေ သချိင်္ုင်းကိုရောက်အောင်သွားသေကြတယ်..ဆိုတာမျိုးပေါ့

ဘယ်စာအုပ်လဲဆိုတော့ မြိုင်ရာဇာတွတ်ပီထဲမှာ အကိုရေ....

Anonymous said...

တားတားလည်း တနားဒယ်.. :P

သစ်နက်ဆူး said...

ကိုအောင်...
ဆင်တစ်ကာ့ဆင်ထဲမှာ...
ကျောက်ဆည်ဆင်က စဉ်းစားဆင်ခြင်မှု
ပိုနည်းတယ်ဗျ...
မြန်မာပြည်ကြီးတောင်...ဆင်ကြံ..ကြံခံနေရတာ။

Nge Naing said...

ကျွန်မက သိပ္ပံ နောက်ခံကလာတဲ့သူမို့ သိပ္ပံနဲ့ ယှဉ်ပြီး နည်းနည်းဆွေးနွေး ချင်ပါတယ်။ သိပ္ပံဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအရ ဒီကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံက စခဲ့တယ်လို့ သိရတယ်။ သက်ရှိတသတ္တ၀ါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ကမှ ပေါ်လာပါတယ်။ ဒီအထဲမှာမှ လူ၊ မျောက်အပါအ၀င် Homo Sapiens လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းလောက်က Cainozoic ခေတ်မှာမှ စပြီးလွမ်းမိုးခဲ့တယ်။ လူနဲ့ လူတူသတ္တ၀ါတွေ မတိုင်ခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။ ဒီမတိုင်ခင် Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ (600 Million years ago)။ မေးရိုးပါတဲ့ ငါးမျိုးတွေ (၄၄၀ Millions year ago)။ အင်းဆက်ပိုးကောင်တွေ (နှစ်သန်းပေါင်း ၄၀၀ခန့်က)၊ ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ (နှစ်သန်းပေါင်း ၃၀၀ ခန့်က)။ ဒိုင်နိုဆော တွားသွား နို့တိုက်သတ္တ၀ါတွေ (သန်းပေါင်း ၂၅၀ က) ထွန်းကားခဲ့ပါတယ်။ ခုနက ပြောတဲ့ Cainozoic တို့ Palaeozoic တို့ ဆိုတဲ့ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး ကမ္ဘာမှာ သတ္တ၀ါဆိုတာကို အသစ်ကနေပြန်စတာ ဖြစ်တယ်။ သာသနာ အနှစ် ၅၀၀၀ ပြည်ြ့ပီး သာသနာကွယ်ပြီးလို့ အခုလောလောဆယ် တည်ရှိနေတဲ့ လူသားထွန်းကားတဲ့ကမ္ဘာ ဘယ်လောက် အသက်ရှည်ဦးမယ် သတ္တ၀ါတွေ ဘယ်လောက်တရားပျက်ပြီးမှ အခုခေတ်ပျက်စီးမယ်ဆိုတာ မသိသေးဘူး။ အခုခေတ်ပျက်စီးလို့ သတ္တ၀ါဆိုတာကို အသစ်ကပြန်စရင် လူသားလွမ်းမိုးမလား၊ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော ဒါမှမဟုတ် တွားသွားတဲ့ ဒိုင်နိုဆော၊ ငါး လွမ်းမိုးမလားဆိုတာ မသိသေးဘူး။ အဲဒီတော့ ကမ္ဘာကြီးကို အသိဥာဏ် ပိုရှိသူကသာ လွမ်းမိုးနိုင်တယ် ဆိုတာကို လက်ခံမယ် ဆိုရင်တော့ တခါတုန်းက လွမ်းမို့ခဲ့တဲ့ ဒိုင်နိုဆော (ပျံသန်း၊ တွားသွား) တွေ၊ ငါးတွေ၊ အင်းဆက်ပိုးကောင်တွေက လူတွေထက် ပိုပြီး အသိဥာဏ်ရှိရာ ရောက်သွားလိမ့်မယ်။ ဘာသာရေး ဘလော့ဂ် တခုရဲ့ ကမ္ဘာသက်တမ်းနဲ့ ပတ်သက်တဲ့ ပို့စ်တခုမှာ မှတ်ချက်ရေးဖူးတာကို အသိဥာဏ်နဲ့ ပတ်သက်တာ ပါနေလို့ ပြန်လည် ကောက်နှုတ်တင်ပြတာ ဖြစ်တယ်။

Anonymous said...

ကမ္ဘာကြီးကို အသိဉာဏ်၇ှိသူတွေကသာ လွှမ်းမိုးနိုင်မယ်ဆို၇င်တော့ အကောင်းဆုံးပေါ့ ညီမလေးnge naingေ၇..ညီမပြောတဲ့ ဘာသာေ၇း ဘလော့ဂ်ဆိုတာကို ညွှန်းပေးလို့ ၇မလား? အမ၇ဲ့ သမီးလေးကို ၇ှင်းပြချင်လို့ပါ။ကျေးဇူးတင်ပါတယ်...

တောင်ပေါ်သား said...

ရေးသားသူကော မှတ်ချက်လေးတွေကော အရမ်းကျေနပ်မိပါတယ်ဗျာ.. အားလုံး ကျေးဇူး တင်ပါတယ်။ ကျနော် စဉ်းစားတာက ကိုအောင်သာငယ် ပြောသွားတာလေပါ။ ”တကယ့် ဘ၀မှာ လူတယောက် ထက် သစ္စာပိုရှိတဲ့ ခွေး။ ခွေးလောက်တောင် သစ္စာမရှိတဲ့လူ။ ကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ မယုံစရာ၊ နားမလည်စရာ အဖြစ်အပျက်တွေကိုပဲ စဉ်းစားမိတယ်။” ဒီစကားလေးက အဓိပ္ပါယ်အများကြီး သက်ရောက်ပါတယ်။ သက်ရှိတိရစ္ဆာန်တိုင်းဟာ မကောင်းတာမဟုတ်သလို လူတိုင်းကလဲ လူကောင်း မဟုတ်ပါဘူး။ အဆင့်မြင့်တယ်လို့ မယူဆမိပါဘူး။ အချို့လူသားတွေမှာလဲ တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ အကျင့်တွေ တွေ့ရတတ်ပါတယ်။ ဘာပဲ ပြောပြော ဒါဟာ လူတိုင်း ကြုံတွေ့နေမှာပါ။ Ma Nge Naing ကို ကျေးဇူးတင်ပါတယ် ဗဟုသုတ
မျှဝေပေးတဲ့အတွက်

လေးစားလျက်
တောင်ပေါ်သား

ATN said...

mama - ကိုယ့်ကိုယ်ကိုမှ မသနားရင် ဘယ်သူက လာသနားမလဲ...
ကိုလူထွေး - စဉ်းစဉ်းစားစား ပြောပါလေ...း)
မအယ် - ခွေးဟောင်တိုင်း ကျနော် ထမကြည့်ပါဘူး။ စိတ်ချ။ BTW ကျနော် ရေးတဲ့ စာကြောင့်တော့ ၀ိတ်ချစရာ မလိုပါဘူးဗျ။
ဖုန်းမြင့် - ကိုယ့် ညီကတော့ ဆင်အကြောင်း အတော် ကျွမ်းကျင်နေပုံရတယ်။ ဒါပေမယ့် ဆင်တွေထဲမှာ အချဉ်တော့ တကောင်မှ ပါပုံ မရဘူး မောင်။
Anonymous - ကျနော့် သားအငယ်ဆုံးကလည်း ဆင်ကလေးပေါ့။ စိတ်ကြီးသလား မမေးနဲ့။
နှင်း - ငါ့ညီမကလည်း မှန်တာတွေ ပြောနေရော...း)
အိန္ဒြာ - ညီမရေ့ တချို့ဆင်တွေက ကိုယ့်သင်္ချိုင်း ဘယ်မှာ ရှိမှန်းကို မသိကြဘူး...း)
Craton - တားတားကိုလည်း ဆင်တွေက သနား နေကြမလား မသိ...း)
ကိုသစ် - ဆင်ချင်း တူရင်တောင် ဒေသကိုလိုက်ပြီး ကွဲလွဲသေးသလား... အင်း... ကျောက်ဆည် ဆင်ကတော့ ဆင် စစ်စစ်ကြီးကိုးလေဗျာ...း)
Nge Naing - အသေးစိတ် ၀င်ဆွေးနွေးသွားတာ ကျေးဇူးပါ။ အခု ကျနော့် ပို့စ်က အချက်အလက်လေး တခုကိုပဲ ပြောရတာဖြစ်လို့ အားလုံးကို မခြုံငုံပါဘူး။ ဒါပေသည့် အသိဉာဏ်တခုတည်းနဲ့ ပြသနာအားလုံးရဲ့ အဖြေကို ရှာမတွေ့နိုင်သေးတာ တကယ့်ကို အသေအချာပါပဲ။ အဲဒါကိုကလည်း အချက်အလက် တခု ဖြစ်လာနေလေသလား...း)
Anonymous - လက်ရှိကမ္ဘာကြီးကိုတော့ အသိဉာဏ်ရှိတဲ့ လူ့ အန္ဓတွေက လွှမ်းမိုးထားတာပါပဲ...း)
တောင်ပေါ်သား - ခင်ဗျားပြောတာလည်း မှန်ပါတယ်..

Nge Naing said...

Anonymous- ကျွန်မပြောတဲ့ ဘာသာရေးဘလော့ဂ်က http://aung-myay.blogspot.com/ ပါ။ ဒါပေမယ့် ဒီဘလော့ဂ်က ခလေးတွေရေးတဲ့ ဘလော့ဂ်ဆိုတော့ သူတို့ ဖတ်ထားတဲ့ ဘာသာရေးအကြောင်းတွေကို မူရင်းအတိုင်း ပြန်တင်ပြတာပဲ များပါတယ်။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ အဲဒီဘလော့ဂ်က ပို့စ်တခုမှာ ကျွန်မ ရေးခဲ့တဲ့မှတ်ချက်ကို ဒီမှာတိုက်ဆိုင်လို့ ကျွန်မက ကူးလာပြီး ပြန်ဖေါ်ပြတာသာ ဖြစ်တယ်။ ကျွန်မ ဆိုလိုချင်တဲ့ သဘောက အသိဥာဏ် ဒီလောက်မရှိပေမယ့် ခွန်အား ဒါမှမဟုတ် အင်အား(ဒိုင်နိုဆောတို့ အင်းဆက်ပိုးကောင်တို့ လွှမ်းမိုးခဲ့တဲ့ခေတ်) ဒါမှမဟုတ် အခုလက်ရှိမှာလည်း လက်နက်အားကိုးနဲ့ ပြည်သူတွေကို လွှမ်းမိုးနေတာမျိုး လည်း ရှိပါတယ် ဆိုတာကို ကျွန်မထောက်ပြချင်တာသာ ဖြစ်တယ်။

:P said...

ဆင်ဆင် အားငယ် တွားဘီ....:(


ပုံ /
ဆင်ဆင်