May 6, 2009

Garfield

ခုရက်ထဲ ဘာစာမှလည်း မရေးဖြစ်။ ကဗျာဟောင်းတချို့ပဲ တင်ဖြစ်ပါတယ်။ စာရေးချင်စိတ် ကလည်း မပေါ်လာဘူး ဖြစ်နေတယ်။ သည်နေ့တော့ အိမ်မှာ ရှုပ်ပွနေတဲ့ စာရွက် စာတမ်းတွေ ပြန်ရှင်းရင်းနဲ့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သိမ်းထားမိခဲ့တဲ့ ကာတွန်းဖြတ်ပိုင်းလေးတွေ ပြန်တွေ့တာနဲ့ ထိုင်ဖတ်ရင်း ရီနေရသေးတယ်။ အဲသည်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်တုန်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ကာတွန်းတွေထဲမှာ Garfield, Beetle, the Wizard of Id, B.C. စတဲ့ ကာတွန်းတွေ ဆိုရင် ကိုယ် သဘောကျ တာလေးတွေ တွေ့ရင် ဖြတ်ဖြတ်ပြီး သိမ်းထားမိတယ်။ နောက်ပိုင်း ကျတော့လည်း မသိမ်းဖြစ်တော့ပါဘူး။ အခု စာရွက်တွေ စာအုပ်တွေ ရှင်းရင်း ပြန်တွေ့ရတဲ့ ကာတွန်း ဖြတ်ပိုင်းလေးတွေ ကတော့ စာအုပ်ကြီး တအုပ် ကြားထဲ ညှပ်ထားမိလို့ သည်အထိ ပါလာတာပါ။ သည်ဖြတ်ပိုင်းတွေထဲက လောလောဆယ် ကိုယ့် အဖြစ်နဲ့ လာတိုက်ဆိုင်နေတဲ့ Garfield ကာတွန်းကို တွေ့တော့ ပြုံးမိလို့ သူငယ်ချင်း တွေကို ပြန်မျှဝေပေးလိုက်ပါတယ်။ ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ကာတွန်းပါ။ ဆားချက်တာ လို့လည်း ပြောလို့ရပါတယ်...း)

9 comments:

P.Ti said...

ဆားချက်ရင် ရေထိုးတယ် ဆိုပါတော့...

ဟုတ်ပါ့... ဒီမှာတော့ ပျင်းရမှာတောင် ပျင်းနေတယ်ဗျာ...

:P said...

ကာတွန်းက မိုက်တယ်....

Zephyr said...

အော်နားမလည်လို့ မရယ်နိုင်တဲ့ ငါ့ဘ၀ပါလားနော် ..
...
ဆိုးပါ့ ...။

yehtutnaung said...

ဟီဟီ.. ဟုတ်လိုက်လေ

မေ့သမီး said...

အဲဒီလိုပဲဖြစ်နေတယ်။ အခုလည်း။

Nu Thwe said...

ဟားဟားဟားလို့ အကျယ်ကြီး အော်ရယ်သွားတယ်။ ကျေးဇူးပါ။
Garfield ကို သိပ်ကြိုက်တာပဲ။ သူ့အတွေးတွေက ခပ်ငေါ့ငေါ့နဲ့ ရယ်ရတယ်။ သူ့ဆရာကို နိုင်စားလိုက်တာလည်း လွန်ရော။ တကယ့် ဆိုးတေလေး။ ပုံတွေကလည်း သရုပ်ပါလို့။ ကာတွန်းဆရာ တော်တာပေါ့လေ။

မင်းမွန်သစ် said...

အစ်ကိုရေ....
လာဖတ်သွားပါတယ်။ ကာတွန်းအတွက် ကျေးဇူးပါ။ အတွေးအများကြီးပေးပါတယ်။ ကျွန်တော်လည်း လုပ်စရာရှိတာတောင် အကြောင်း အမျိုးမျိုးပြပြီး ပျင်းတတ်နေတယ်ဗျာ။
ခင်မင်စွာဖြင့်...

ဂျူနို said...

မတွေးနိုင်တာပဲကောင်းပါတယ်။ တွေးလေတွေးလေ အတွေးနက်လေမို့ ။
ကာတွန်းက တစ်ကယ့်ကို ပီပြင်တာပဲ။

ကိုလူထွေး said...

မှတ်မှတ်ရရ ကျွန်တော်လဲ ဘန်ကောက်ပိုစ့်က ကာတွန်းတစ်ခုကို ဖြတ်ပြီး သိမ်းထားဖူးတယ်...

ကားတွန်းထဲမှာ ဘားမားလို့ ရေးထားတဲ့ ဂျပုကလေးက ထိုင်းလို့ ရေးထားတဲ့ အရက်မြင့်မြင့် ထောင်ကောင်းကောင်းနဲ့  လူကြီးကို လည်ပင်းမှာ ကြိုးကွင်းစွပ်ပြီး ရှေ့ ကနေဆွဲသွားတဲ့ ပုံကလေး...


အတွေးလေးကို ကြိုက်လို့ ...

ဟိုး သက္ကရာဇ် ၂၀၀၀ လောက်က...