Jun 12, 2009

တမ်းတချိန်


















အမြင့်ပျံမဲ့ငှက်တွေက
လေဆန်ကို ကြုံခဲ့ရ။

ရေဆန်ကူးမဲ့ ငါးတွေက
သမုဒ္ဒရာကို ပုံခဲ့ရ။

မြေလှန်မဲ့ ကြွက်တွေက
တွင်းနက်နဲ့  ဆုံခဲ့ရ။

မိုးကိုပျံ
ရေကိုဆန်
မြေကိုလှန်မဲ့
ခြောက်လှန့် အိပ်မက်၊ မောင့် နံနက်ခင်း
ဂီတ တင်း တောင်း၊ မောင်းလျှံ အပြည့်
တွေ့ မှ ကောက်လင့်၊ ခရေပွင့်လား
တေးသွားဖြေကြား ပေးပါနော်။ ။

မောင်လွမ်းဏီ
၁၂-၆-၀၉

6 comments:

mgphonemyint said...

တမ်းတချိန်ကို တမ်းတမ်းတတ လွမ်းဆွတ် တမ်းတ ခဲ့ပါသည် ....။

khin oo may said...

စာသားလေးတွေ လှတယ်။

khin oo may said...

အဓီပါယ်လား မမေးပါနဲ့။

Anonymous said...

"ဂီတ တင်း တောင်း၊ မောင်းလျှံ အပြည့်
တွေ့ မှ ကောက်လင့်၊ ခရေပွင့်လား"
ဒီစာသာလေနဲ့စာရေးသူရဲ့ ဆန္ဒကို
မြင်မိပါတယ် ကိုလွမ်းရေ

Anonymous said...

ငါကတော့ ဘိတ်သား။ မြိတ်မြို့က ပိုင် ဆိုတဲ့ ကောင်ကို ကဗျာဆရာ ဖြစ်အောင်မွေးထုပ်ပေးခဲ့တယ်။ မငြင်းနဲ့။ (မငြင်းနဲ့)ဆိုတာ မောင်လွဏ်းနီ ရဲ့...............

ကိုလူထွေး said...

အညာသားရဲ့
စာသားတွေက
တာသွားလှချည်လားးးး

းဝ)