Jun 4, 2009

နေရောင်နင်ရယ်

ကဲ...
လေးလေး နက်နက်တွေ... လေးလေးပင်ပင်တွေ ပြီးသွားတော့...
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးပေါ့ဗျာ...
သီချင်းလေး တပုဒ်လောက် နားထောင် လိုက်ကြပါဦး...
ကဗျာတပုဒ်လို လှပတဲ့ သီချင်း တပုဒ်ပါ...
ကျော်ဟိန်းရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့
မျက်ရည်ငှက်များ နားစေသတည်း-ဆိုတဲ့ အယ်လ်ဘမ်ထဲက
သီချင်း တပုဒ်ပါ...
တေးရေးကတော့ ပုသိမ်မောင်စိမ်းသူလို့ ထင်တာပဲ ...
မှားရင်လည်း မှားနိုင်ပါတယ်... အမှန် သိသူများက ပြင်သွားပေးကြပါ...။

Get this widget | Track details | eSnips Social DNA

နေရောင်နင်ရယ်

နေရောင်ခြည်ဟာ... နင့်ရဲ့ အလင်းတန်းများ... ယူဆောင်လာပါ...
လိမ္မော်ရောင်လို... လှသော... နင့်ဘ၀ဆီ... လာစမ်းပါရစေ...
မဟူရာ... ညများ... သော့ခတ်လို့... လုံခြုံနေပါစေ...
အိပ်မက်ဆိုတာ... အလကားဟာတွေ... မျက်စေ့ကို... ဖွင့်ထားပါ့မယ်...
(အို... ဟို... ... ၀ိုး... ၀ို့... ၀ို...)၂
(၀ိုး... ၀ို့... ၀ို... ) ၂
အား... ဟား... ဟား... ဟာ... ဟား...

အီကွေတာနေလမ်း... တဲလေးတလုံး... တည်ဆောက်ထားပြီး...
နင်ရယ်... ငါရယ်... နေမယ်... လှပတဲ့... စိတ်ကူး ပေါ့လေ...
စန္ဒာ ငွေရောင်... ကင်းမဲ့လည်း... ငါ မသေနိုင်ဘူး...
အချစ် နေရောင်ခြည်လေးတွေ... တောက်ပရင်... ပျော်လွန်းလို့ပါ...
(အို... ဟို... ... ၀ိုး... ၀ို့... ၀ို...)၂
(၀ိုး... ၀ို့... ၀ို... ) ၂
အား... ဟား... ဟား... ဟာ... ဟား...

နေရောင်ခြည်ဟာ... နင့်ရဲ့ အလင်းတန်းများ... ယူဆောင်လာပါ...
လိမ္မော်ရောင်လို... လှသော... နင့်ဘ၀ဆီ... လာစမ်းပါရစေ...
(အို... ဟို... ... ၀ိုး... ၀ို့... ၀ို...)၎

7 comments:

Anonymous said...

မနေ့က ကဗျာတပုဒ်မှာ
comment ရေးမိမှားလို့ စိတ်ညစ်နေတာ
သီချင်းလေး နားထောင်ရတော့
စိတ်ညစ်ညူးမှုတွေ ပြေမိပါတယ်.
ကျေးဇူးပါ .. ဒီစိတ်ကူးကောင်းလေးအတွက်

(mama)

:P said...

သီချင်းနားထောင်သွားတယ်.. ဒီတစ်ခါတော့ ကိုကျော့်အသံနဲ့ အာကိုဂျီးအသံ မမှားတော့ပါဘူး...။

လင်းဒီပ said...

ကိုကျော့် သီချင်းတွေ ဓာတ်ကျနေပုံရတယ်..။

Anonymous said...

ဒီသီချင်းကို နားမထောင်ဘူးတာလား , မေ့နေတာလား မမှတ်မိတော့ဘူး ...အခု ပေါ့ပေါ့ပါးပါးလေး နားထောင်သွားပါတယ်..........ကိုယ်တိုင်တီး , ကိုယ်တိုင်ဆိုလေးလဲ လုပ်ပါအုန်း အကိုကြီး.....

ကိုလူထွေး said...

လူငယ်ကျော်ဟိန်းကိုတော့ ကြိုက်ခဲ့တယ် ထင်တယ်...
အခု အသက်ကြီးလာမှ ဒီအဖိုးကြီးကို ဘယ်လိုမှ ခံစားလို့မရတော့ဘူး...

ဝမ်းနည်းပါတယ်

ကိုလူထွေး

အိုးဝေအောင် said...

ကျနော်ငယ်ငယ်က ကျော်ဟိန်း ခရေဇီ ဗျ...။
တကိုယ်တော်လေလွင့်ခြင်းခွေက စပြီးပဲ နားထောင်ခဲ့ဖူးသလို အဲဒီသီချင်းစာအုပ်ကြီးလည်း
အော့ဖ်ဆက် ကာလာပုံကောင်းကောင်းနဲ့ မို့ 
ငယ်ငယ်ထဲကသိမ်းထားခဲ့ဖူးတယ်..အခုရန်ကုန်အိမ်မှာ
ရှိမရှိ မသိတော့ဘူး...အခု အကို တင်ပေးတဲ့
မျက်ရည်ငှက်များ နားစေသတည်း စီးရီးကို အခုမှ နားထောင်ဖူးတာ..ကျေးဇူးပါ..အဲဒီစီးရီး အစုံ နားထောင်ဖူးချင်တယ်
လင့်ခ်ပေးခဲ့ရင်ပေါ့.

Anonymous said...

ဒီဘဲကြီးအရင်ကတော့ ကြိုက်ပါတယ် ခုတော့ ငကြောင်ဖြစ်သွားပြီ ဟိုလူ့ပုတ်ခတ် ဒီလူ့ပုတ်ခတ်နဲ့