Aug 4, 2009

ကျနော့်အကြွေးများ

တယောက်ယောက်က ကိုယ့်ကိုယ် တဂ်လာတော့မှပဲ ကိုယ့်မှာ အကြွေးတွေ ဘယ်လောက် များနေမှန်း ပြန်စဉ်းစားမိတော့တယ်။ ခုတလောဆိုပြီး ညီမငယ် မနော်ဟရီက တဂ်လာတော့။ ရေးဖြစ်လိုက်ပါတယ်။ တဂ်ပို့စ် ကလည်း အမေးအဖြေတွေ ဆိုတော့ ပေါ့ပေါ့ပါးပါး ရေးဖြစ်လိုက်တာပါပဲ။ ရေးပြီးမှ ကိုယ်တဂ်ချင်တဲ့ သူငယ်ချင်းတွေကို ဒုက္ခပေးရတာပေါ့လေ။ အတော်များများကိုလည်း ချစ်ခင်ရင်းနှီးစွာ ဒုက္ခပေးလိုက်ပါတယ်...း)

နောက်တော့ အဲသည် တဂ်ပို့စ်တွေပဲ လိုက်ဖတ်ရင်းနဲ့ သိလိုက်ရတာက အတော်များများက အကြွေးတွေနဲ့ မကင်းကြဘူးကိုး။ အဲသည်တော့မှ ကျနော့် အကြွေးတွေကို ကျနော် ပြန်ကြည့်မိတော့တယ်။ မနည်းပါ့လား.... ဘယ်လိုလုပ် အကြွေးတွေ အဲလောက်များများ တင်နေမိမှန်းတောင် မသိ။

မအယ်ကို “သူငယ်ချင်းမောင်ဘဦး” အကြွေးတင်နေတယ်။ သစ်ကောင်းအိမ်နဲ့ မောင်ဖုန်းမြင့်ကို “သုံးရာသီ” အကြွေး တင်နေတယ်။ သစ်ကောင်းကတော့ စကားနာ ထိုးပါတယ်။ သုံးရာသီဆိုတော့ နားထောင်ရဖို့ သုံးသံသရာလောက် စောင့်ရမယ်ထင်ရဲ့တဲ့။ (အေးပါ ညီလေးရေ့ သည်သံသရာ မဆုံးခင် နားထောင်ရမှာပါ...း) နောက် မီးငယ် တောင်းထားတဲ့ “ဘယ်သူမှ မကောင်းဘူး”။ ဒါကတော့ လောဆယ် တင်နေတဲ့ သီချင်း အကြွေးတွေပါ။

နောက်စာကြွေးတွေက ပြန်ကြည့်မိတော့ အများကြီး။
တိတ္ထိတဦး၏ မှတ်တမ်း - အဲဒါလည်း ဆက်ရေးရဦးမယ်။
ကိုယ့်တွေ့ (၂ မှာ ရပ်သွားတယ်)။
လမ်းဆုံးရောက်သွားသူများ (အဲဒါကလည်း ၂ မှာ ရပ်သွားတယ်)။
နောက် (၁၃) မှာ ရပ်သွားခဲ့တဲ့ သူပုန်တယောက်ရဲ့ ဒိုင်ယာရီ။
ဘော့ဘ်မာလေ (သို့မဟုတ်) ပန်းပွင့်နှလုံးသား-ဆိုပြီး ရေးခဲ့ဖူးတယ်။ အဲဒါလည်း ဆက်မရေးဖြစ်ဘူး။

ခုတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေလို့ပါ။ အချိန်ရရင် ဆက်ရေးပါမယ် ဆိုတဲ့ စာမျက်နှာကိုပဲ ပြန်လှန်လိုက်ရ ပါတယ်။ သီချင်းတွေကိုလည်း အချိန်ရမှ တီးပေးပါ့မယ် အချိန်ရမှ နားထောင်ကြပါပေါ့...း)

3 comments:

pandora said...

အခုတော့ မေ့သွားပြီပေါ့နော် ကြာပြီလေ.. ကျနော်နဲ့ ညီမလေးအတွက် ဆိုပြီးတော့.....

Anonymous said...

အကို... အေးဆေးနော် အေးဆေး ...
အကို့ခေါင်းထဲမှာ ရှိရင်ပြီးရော...
ဖြေးဖြေးချင်းဆပ်ပါ...
ဒီမှာက အကြွေးရှိမှ လူရာဝင်တာ...

မောင်ဖုန်းမြင့်ကြီးတော့ မေ့ရင်မေ့ထားလိုက် ကိစ္စမရှိဘူး
သူက နားလည်မှုရှိပြီးသား...ခွိ..ခွိ
သုံးသံသရာထိတော့ သူရှိမနေနိုင်ပါဘူး....

mie nge

kay said...

မနိုင်ဝန်တွေ..တော်တော်ထမ်းတာပဲ။း)