Aug 15, 2008

ပြန်စီကြည့်မိသောခြေရာများ


















ဘာလိုလိုနဲ့ အောင်သာငယ် ဘလော့ရေးလာတာ တနှစ်တောင် ပြည့်တော့မယ်။ အဲ..အဲ... မဟုတ်သေးပါဘူး... ၈ လ ကျော်လာပြီ။ ရင်ဘတ်ချင်း ရင်ခုန်သံချင်း တူတဲ့ သူငယ်ချင်း မိတ်ဆွေတွေလည်း အတော့ကို များလာခဲ့ပြီ။ ဟိုးလွန်ခဲ့တဲ့ ၈ လကျော်တုန်းကလို မလည်မ၀ယ် Fresher လေး မဟုတ်တော့ဘူး။ ခုဆို ဆရာ တဆူလို ဘလော့က Template တွေကို ကလိလို ကလိ.. Widget တွေလည်း ထည့်လိုက် ဖြုတ်လိုက်နဲ့ လုပ်ချင်တာတွေ လျှောက်လုပ်နေတာ... တခါတလေဆို သူငယ်ချင်းတွေကိုတောင် ဆရာ လုပ်လိုက်သေးတယ်...ဟိုလို လုပ်ပါလား... သည်လို လုပ်ပါလားနဲ့...။ ဒါနဲ့ ကိုယောဟန်အောင် ပြောမှ ပဲ ရပ်သွားတော့တယ် (ခင်ဗျား အခု ဘလော့ပိုး တော်တော် ထနေပုံရတယ်-တဲ့...း).. ဟုတ်မှာပါ....။

တခုပြောရမှာက သူ့ကို လေးစားအားကျလို့ ကျနော် ဘလော့ စရေးဖြစ်တာပါ။ သူ တခုခုပြောရင် ကျနော်က အလေးအနက် ထားရမှာပေါ့။ စာတွေ ရေးအောင်လည်း သူပဲ ကျနော့်ကို အားပေးခဲ့တာ (အမှန်ကတော့ မြှောက်ပေးတာ ဖြစ်မှာ...)။ ကျနော့် ဘလော့လေး လူရိုသေ ရှင်ရိုသေ ဖြစ်အောင် ကြည့်လို့ ရှုလို့ ကောင်းအောင်လည်း သူပဲ ဟိုလူသည်လူကို စကားပြောပြီး အကူအညီ တောင်းပေးခဲ့တာ။ အမှန်ဆို သူက ကျနော့် ဘလော့ရဲ့ God Father ပေါ့။

ကျနော် ဘလော့ စလုပ်ကာစတုံးက ဇော်ဂျီလည်း မသိသေးဘူး။ ကဗျာတွေကို Adobe Photoshop မှာ စာနဲ့ရိုက်ပြီး jpg format နဲ့ save လုပ်ပြီး ပုံတွေအဖြစ်နဲ့ တင်ခဲ့တာ။ ဘာမှ မသိဘူး။ ပို့စ်တွေ တင်တော့ အင်္ဂလိပ်လို ရေးခဲ့တာ။ သူများ ဘလော့တွေကို သွား လေ့လာရကောင်းမှန်းလည်း မသိဘူး။ နောက်တော့ ကိုယောဟန်အောင်ပြောမှ ဇော်ဂျီကို သိတာ။ ဒါနဲ့ သူ အကူအညီ တောင်းပေးခဲ့လို့ မခင်မင်းဇော် က ကျနော့် ဘလော့အတွက် လိုအပ်တာတွေ လုပ်ပေးခဲ့တာ။ ခုဆို မခင်မင်းဇော်နဲ့ကျနော် မောင်နှမအရင်းတွေ ဖြစ်နေပြီ။ ပြောမနာ ဆိုမနာ။ ပွင့်ပွင့်လင်းလင်း။ အဲဒါက သူ့ကျေးဇူး။

ခုတော့ ဘလော်ဂါ သူငယ်ချင်းတွေလည်း အများကြီး ရနေပြီ။ အဲဒီ သူငယ်ချင်းတွေကပဲ ကျနော် ရေးတဲ့ စာတွေ လာဖတ်၊ ကျနော် စပ်တဲ့ ကဗျာတွေ လာခံစား၊ ထင်မြင်ချက်တွေပေး၊ ခွန်အားတွေပေး၊ ကျနော် ၀မ်းနည်းရင် လိုက် ၀မ်းနည်း၊ ကျနော် ၀မ်းသာရင် လိုက်ဝမ်းသာ၊ ကျနော် စိတ်ညစ်ရင် လိုက် စိတ်ညစ်၊ ကျနော် ပျော်ရင် လိုက်ပျော်...။ အဲလိုနဲ့အတူတူ ရင်ခုန်ရင်းနဲ့ ကျနော့် ဘလော့လေးကို အသက်ဆက် ပေးခဲ့တာ သူတို့တွေပါပဲ။ ကျနော့် ရင်ခုံသံတွေက သူတို့ ရင်ခုံသံတွေဖြစ်။ သူတို့ ရင်ခုံသံတွေကလည်း ကျနော့် ရင်ခုန်သံတွေဖြစ်။ အဲလိုနဲ့ ကျနော်က အဲဒီ သူငယ်ချင်းတွေနဲ့ အတူ ဆက်လက် စီးဆင်း ဖြစ်နေတော့တာကိုး...။

စီးဆင်းနိုင်ခဲ့သလောက် စီးဆင်းခဲ့တာ အခုတော့ နောက်ပြန်လှည့်ကြည့်မိတော့ ခြေရာတွေ ချန်မိခဲ့တာ မနည်းဘူးကိုး။ ကဗျာ (၃၆) ပုဒ်၊ ၀တ္ထုတို (၇) ပုဒ်၊ ပန်းချီ (၄) ကား၊ ခံစားမိသလိုရေးတဲ့စာ (၂၄) ပုဒ် အားလုံးပေါင်း ကိုယ်ပိုင်ခံစားမှု စစ်စစ် (၇၁)ခုတောင် စီးဆင်းဖြစ်ခဲ့ပါပေါ့။ ကိုယ့်ဘာသာကိုယ်တောင် မယုံဘူး။

ခုတော့ အဲဒီလို စီးဆင်းဖြစ်အောင် တိုက်တွန်း အားပေးခဲ့တဲ့ ဘလော်ဂါ သူငယ်ချင်းတွေကို ကျနော့် ခြေရာတွေနဲ့ အတူ မှတ်တမ်းလေး တင်ထားချင်လို့ပါ။ အစီအစဉ်အတိုင်း မဟုတ်ပေမယ့် စိတ်ထဲက ပေါ်လာသလိုလေး အဆင်ပြေသလိုလေး ဖော်ပြပါရစေ။

ယောဟန်အောင်ခင်မင်းဇော်၊ ကေသွယ်၊ မြန်မာပြည်ကိုလွမ်းသူကလူသစ်၊ မောင်ဖုန်းမြင့်၊ ငြိမ်းချမ်းအောင်၊ နှင်းခါးမိုး၊ ဂျစ်တူး၊ ပန်ဒိုရာ၊ နိုင်းနိုင်း၊ ကောင်းကင်ကို၊ သက်ဝေ၊ စိုးဇေယျ၊ မျိုးချစ်မြန်မာ၊ ဇာနီဝင်း၊ ကိုအောင်၊ ကိုမောင်ရင်၊ ငြိမ်းဝေ၊ ဆောင်းယွန်းလ၊ လင်းလက်ကြယ်စင်၊ ခေးအော့စ်၊ ဘကောင်း၊ ပီတိ၊ ၀င်းဇော်၊ မုတ်သုန်၊ မိုးချိုသင်း၊ စိုးထက်၊ မောင်မျိုး၊ ဝေလေး၊ လင်းထက်

မေ့ပြီး ကျန်ရစ်သွားတဲ့သူတွေ ရှိရင်လည်း ပြောကြပါဗျို့....

7 comments:

mgphonemyint said...

အကိုက သူငယ်ချင်းတွေလို့ပြောပြီး တန်းညှိ ဆက်ဆံတော့ ကျနော် က မနေတတ်ပါဘူး ဗျာ..
အကို့ရဲ့ ဖြတ်သန်းမှု အတွေ့ အကြုံ .ခံစားနိုင်မှု
နဲ့ ဖန်တီးနိုင်မှုစွမ်း အား စတာတွေကို ငေးမော အားကျ အတုယူခဲ့ရတာပါ ..။
အထူးသဖြင့် ..အကို့ရဲ့ ဖန်တီးနိုင် မှု စွားအားက ရင်သပ်ရှုမောပေါ့..။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင် တဲ့ စာရင်းထဲထည့်လို့ ..ကျေးဇူးတင်ပါတယ် ခင်ဗျာ....။

kay said...

အမ်- ဒီပို့စ် က.. တနှစ်ပြည့်လည်း မဟုတ်- ၁၀၀ ပြည့်လည်း မဟုတ်။ ဟစ်တသိန်း လည်း မဟုတ် ။ကင်မွန်းတပ် လည်း မဟုတ်- ပုခက် တင်လည်းမဟုတ်။ ဘာ အထိမ်း အမှတ် ပါ လိမ့် ။း)

ကျေးဇူးရှင် စာရင်း ထဲ ထဲ့ထားလို့.. ကျေးဇူးပြန်တင် လိုက်ပါတယ်။

Anonymous said...

ခြေရာတွေ နောက်ထပ် ကျန်နေဦးမှာပါ ကိုအောင်သာငယ်း)

Moe Cho Thinn said...

အခုမှ ဘလော့ဂ်လောကထဲကို မယောင်မလည် ရောက်လာတဲ့ ချိုသင်းကို အားပေးသူ စာရင်းထဲထည့်ထားလို့ အံ့သြ ၀မ်းသာမိပါတယ်။
ဘူမိမှာပါမက ဘလော့ဂ်လောကထဲမှာပါ အကိုတို့က စီနီယာတွေပါနော်။
စာတွေရေးဖြစ်နေတဲ့အတွက် ၀မ်းသာပါတယ်။
ခင်မင်စွာ
မိုးချိုသင်း

ကလူသစ် said...

ဘလော့ဂ်ဂါသူငယ်ချင်းအဖြစ် သတ်မှတ်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး။ ဟဲ

Anonymous said...

အန်ကယ့် ဘလော့ကို နောက်ကျမှ သိပေမယ့် စ၀င်ဖတ်မိထဲက စာတွေ ကြိုက်တယ် ကဗျာတွေလည်း နုနုလေးတွေး) ခံစားလို့ ရတယ်ဗျ နောက်လည်း ခြေရာတွေချန်နေအုံးမယ် ချီးယာစ် အန်ကယ် ဆက်လက် Blogging နိုင်ပါစေ ။

ATN said...

ကိုဖုန်း - ကျေဇူးတင်တဲ့အတွက် ပြန်ကျေးဇူးတင်တယ်း)

မကေ- ကျနော်လည်း သူများတွေကို အားကျလို့ပါ။ ဒါပေသည့် တနှစ်ပြည့်အောင် မစောင့်နိုင်တော့လို့ ၈ လ ပြည့်ပေါ့း)

ဂျစ်တူး - အားပေးတာ ကျေးဇူး။

ချိုသင်းရေ - အားပေးနေတဲ့အတွက် ၀မ်းသာပါတယ်။

အန်ကယ် ကလူသစ်ရေ- သူငယ်ချင်းမို့ သူငယ်ချင်း စာရင်းထဲ ထည့်တာပါး)

တူမောင်မျိုး - ပေးတဲ့ဆုနဲ့ ပြည့်ပါစေ